နေ့တိုင်း မိတ်ကပ်(၂)နာရီကြာအောင် လိမ်းနေရတာမို့ ချစ်သူမထားရဲတဲ့မိန်းကလေး

အသက် ၁၉ နှစ်အရွယ် ကျောင်းသူလေး Abigail Collins ဟာ အသက် ၁၀ နှစ်ပတ်ဝန်းကျင်လောက်ကတည်းက ဝက်ခြံပြဿနာနဲ့ နပမ်းလုံးခဲ့ရပါတယ်။ ဒါဟာ အမျိုးသားရော အမျိုးသမီးတွေရောမှာပါ လူပျို၊အပျိုဖော်ဝင်ခါစအခြေအနေမျိုးမှာ ဖြစ်ပျက်တတ်ကြတဲ့ ဟော်မုန်းပြဿနာတစ်ခုပါ။ တချို့တွေကတော့ သိပ်ကိုကံကောင်းစွာနဲ့ပဲ ဝက်ခြံဆိုတာ ဘာမှန်းမသိခဲ့တာတွေရှိသလို၊ ခဏပဲဝက်ခြံထွက်ပြီး ပြန်ပျောက်သွားတာမျိုးတွေလည်း ရှိတတ်ပေမယ့်လည်း တချို့ကျပြန်တော့လည်း လုံးဝအရှင်းမပျောက်ဘဲဆိုးဆိုးရွားရွားဖြစ်သွားတတ်ကြပါတယ်။

Abigail ကတော့ တတိယအမျိုးအစားထဲမှာ ပါဝင်နေပြီး ကျောင်းမှာတုန်းကလည်း သူ့ရဲ့နီရဲပြီး ဝက်ခြံတွေအပြည့်နဲ့ ပျက်နှာလေးကြောင့် ကဲ့ရဲ့တာတွေ၊ အနိုင်ကျင့်ပြီး လိုက်စတာမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

Facebook

အခုအချိန်မှာတော့ မှုခင်းဘာသာရပ်ကို Glasgow မှာသင်ယူနေပြီး ကျောင်းတစ်ခါခါသွားတိုင်း၊ အပြင်ထွက်မယ်ဆိုတိုင်း လူရှေ့သူရှေ့ထုတ်မပြရဲတဲ့ ပင်ကိုယ်မျက်နှာကိုဖုံးဖိဖို့အတွက် မိတ်ကပ်ကို အချိန် ၂ နာရီလောက် အနည်းဆုံးကြာအောင် လိမ်းနေရတယ်လို့ဆိုပါတယ်။

ဒီလိုအချက်တွေကြောင့်ပဲ အခုအချိန်အထိ Abigail ခင်ဗျာ ချစ်သူရည်းစားရယ်လို့ မယ်မယ်ရရမထားဖူးသေးကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။ Abigail ဟာ သူမရဲ့မျက်နှာကို အကယ်၍ရည်းစားထားမယ်ဆိုရင်တောင် ပြရဲတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ လုံခြုံမှုမရှိတာကြောင့် မိတ်ကပ်အမြဲတမ်းလိုလို လိမ်းဖြစ်နေဦးမယ်ဆိုတာ သူမကိုယ်သူမလည်းသိပါတယ်။ ဒီအပြင် ယုံကြည်မှုမရှိတာကြောင့်ပဲ ပင်ကိုမျက်နှာကိုလည်း ပြဖြစ်မှာ မဟုတ်တဲ့အတွက် အမျိုးသားတစ်ယောက်ကို ဟန်ဆောင်ပြီး ဆွဲဆောင်တယ်လို့ အဖြစ်မခံနိုင်ဘူးလို့ဆိုပါတယ်။

READ
ဘောလုံးပွဲအတွင်း ဂိုးတိုင်နားမှာ ရှုးပေါက်ခဲ့လို့ အနီကတ်ပြခံခဲ့ရတဲ့ ဂိုးသမား
Facebook

ဝက်ခြံတွေပျောက်ကင်းဖို့ကို နည်းပေါင်းစုံနဲ့ စမ်းကြည့်ဖူးခဲ့ပေမယ့်လည်း မနက်မိုးလင်းလာတာနဲ့ နောက်ထပ်ဝက်ခြံဖုအသစ်အသစ်တွေကိုသာ မြင်ခဲ့ရပါတယ်။

Facebook
Facebook

သို့ပေမယ့် တက္ကသိုလ်ရောက်သွားတဲ့အချိန်မှာတော့ ကလေးတုန်းကလိုမျိး စိတ်အားငယ်နေမယ့်အစား ကျောင်းကို မိတ်ကပ်မလိမ်းဘဲ စမ်းကာ သွားတက်ကြည့်ခဲ့ပါတယ်။ သူမစိတ်ထဲမှာ ထင်နေတာက ဘယ်သူမှသူမအနားတောင် မကပ်ချင်းဘဲ မျက်နှာကြီးကိုကြည့်ပြီး တီးတိုးပြောကြလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့်လည်း တကယ်တမ်းတော့ သူမရဲ့မျက်နှာကို အရေးတယူလုပ်မယ့်အစား သာမန်လိုသာ ဆက်ဆံခဲ့ကြတာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး လောကြီးဟာ အသက်အရွယ်ကြီးလာတဲ့ ပတ်ဝန်းကျင်ရောက်ဘာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာတွေ ရင့်ကျက်တတ်လာကြတာကို သတိထားမိခဲ့ပြီး အခုအချိန်မှာတော့ မိတ်ကပ်လိမ်းတဲ့အလုပ်ကို မဖြစ်မနေကြီး လုပ်ရတာမျိုးမဟုတ်ဘဲ သူမစိတ်ထဲမှာ မိတ်ကပ်ပြင်ချင်စိတ်ရှိမှသာ ပြင်လေ့ရှိတော့ပါတယ်။

Facebook

Abigail ဟာ အခုဆိုရင် မိတ်ကပ်မပါဘဲနဲ့လည်း အပြင်ကို ထွက်ရဲပြီး ငယ်ငယ်တုန်က သူငယ်ချင်းတွေရှားခဲ့သလောက် အခုအချိန်မှာတော့ သူငယ်ချင်းတွေနဲ့ တွေ့ကာ ပျော်ရွှင်နေပါပြီ။ ဒါပေမဲ့လည်း ချစ်သူထားဖို့ကိုတော့ တော်တော်လေး စဉ်းစားရဦးမှာပါတဲ့။

Facebook

Source: The Sun

READ
McDonald ဆိုင်ထဲ ဖိနပ်ချွတ်ပြီးဝင်ရောက်ခဲ့လို့ နာမည်ကြီးနေတဲ့အမျိုးသား

Penny

 

SHARE