မိသားစုဝင်တွေဆိုတာ ဘယ်သူကတော့ဖြင့် ဘယ်ကုမ္ပဏီမှာ ဘယ်လိုရာထူးနဲ့လုပ်နေတယ်၊ ဘယ်လို ဝင်ငွေတွေ ရှာနေတယ်ဆိုပြီး ဂုဏ်ယူတတ်ကြတဲ့အမျိုးပါ။ ဒါပေမဲ့ အခု News.AU ရဲ့ သတင်းတစ်ပုဒ်အရတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ စားဝတ်နေရေးအတွက် ရပ်တည်နေရတဲ့ အလုပ်တစ်ခုကြောင့် မိသားစုတွင်းကနေပြီး လာမပတ်သက်ဖို့ အပြောခံခဲ့ရပါတယ်တဲ့။ ဖြစ်ပုံကတော့ ဒီလိုပါ။
သူမနာမည်ကတော့ Ava Louise ပါတဲ့။
@realavalouiiseIdc if ur a 6 ur a 9 if ur my ex’s friend on god♬ original sound – a roy
သူမကို မိခင်ဖြစ်သူဟာ ဖုန်းထဲကနေ မက်ဆေ့ခ်ျပို့ပြီး မိသားစုစုံညီပွဲတွေဆိုရင် မလာတော့နဲ့လို့ ပြောခံခဲ့ရပါတယ်။ Ava တစ်ယောက် ဘုမသိဘမသိနဲ့ မိသားစုရဲ့ အကျဉ်ကို ခံလိုက်ရတဲ့အခါမှာတော့ တော်တော်လေးကို ခေါင်းနပန်းကြီးသွားခဲ့ပါတယ်။ ဒါနဲ့ မိခင်ကို ဘာလို့လဲလို့ မေးလိုက်တဲ့အခါမှာတော့ Ava ရဲ့ အဖွားဖြစ်သူကြောင့်ပါတဲ့။
တကယ်တော့ Ava ဟာ Only Fan မှာ account ဖွင့်ပြီးတော့ အဲဒီကနေ ဝင်ငွေရှာနေခဲ့တာပါ။ သိကြတဲ့အတိုင်း Only Fan ဆိုတဲ့နေရာက များသောအားဖြင့် အဖော်အချွတ်ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ကြီးဆိုးတဲ့နေရာတစ်ခုပါ။ Ava လည်း အဲဒီထဲက တစ်ယောက်ပေါ့။
ဒါကို မသိဘဲ Ava ရဲ့ အဖွားဖြစ်သူဟာ ဘယ်လိုဘယ်လို Ava ရဲ့ Only Fan account ကို ရှာတွေ့တယ်မသိဘူး၊ သွားပြီး follow လုပ်ပြီး Ava ရဲ့ ပုံတွေကို တွေ့သွားခဲ့ပါတယ်တဲ့လေ။ အဖွားတစ်ယောက်တည်းတောင်မဟုတ်၊ သူ့ရဲ့ အဒေါ်ကပါ Ava ရဲ့ ပုံတွေကို တွေ့သွားခဲ့တာပါ။
@realavalouiiseIM LAUGHING SO HARD♬ Oh No – Kreepa
ဒီအကြောင်းကို Ava ကိုယ်တိုင် Tiktok မှာ ဗီဒီယိုလုပ်ပြီးတော့ တင်ခဲ့တာပါ။ ဘယ်လိုပဲ မိသားစုဝင်တွေသိသိ၊ Ava ကို စားဝတ်နေရေးအတွက် ဘယ်သူကမှ အထောက်ပံ့မပေးနေဘဲ သူမကိုယ်တိုင် ပုံတွေရောင်းစားပြီး စားဝတ်နေရေးအတွက်၊ အသုံးစရိတ်အတွက် ဖြေရှင်းနေရတာကြောင့် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူးဆိုတဲ့သဘောနဲ့ Ava ကတော့ ပြောလာခဲ့တာပါ။ ဒီအပြင် ပုံနဲ့ ဗီဒီယိုကိုသာ ရောင်းစားတာဖြစ်ပြီး ခန္ဓာကိုယ်ရောင်းစားတာမှ မဟုတ်တာတဲ့လေ။
@realavalouiisePART 2 IM CRYING♬ Happy Laughing – Sound Effect
Tiktok မှာတော့ တစ်ချို့က မီးလောင်ရာလေပင့်နေသလို ဒါဟာ ဂုဏ်သရေရှိတဲ့ အလုပ်မဟုတ်ဘူးလို့ ပြောနေခဲ့ပြီး တစ်ချို့ကတော့ Ava လုပ်ရပ်က မှန်တယ်ဆိုပြီးတော့လည်း ဝိုင်းထောက်ခံနေခဲ့ကြပါတယ်။
ဒါလေးကတော့ Ava ရဲ့ ပုံလေးပါ။

penny