ချစ်သူရဲ့ အလုပ်က တက်လမ်းမရှိဘူးဆိုပြီး လမ်းခွဲစကားဆိုခဲ့တဲ့ ကောင်မလေး

unsplash/Kelly Sikkema

အချစ်ရေးဆိုတာဟာ ထိထိမိမိ ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ ခက်ခဲတဲ့ အရာပါ။ အထူးသဖြင့် အချစ်ရေးထဲ ငွေရေးကြေးရေးပါ ပါလာပြီဆိုရင် အချစ်ဆိုတာ နောက်တန်းရောက်သွားတတ်ပါတယ်။ တစ်ခါတစ်လေ ရည်းစားက သူ့စံချိန်စံညွှန်းအတိုင်း ကိုယ့်ကို ဒီလိုဖြစ်လာဖို့ စိတ်ကူးထားတယ်။ ဒါပေမယ့် လက်တွေ့ ဖြစ်မလာတဲ့အခါ နှစ်ဖက်စလုံး စိတ်ပျက်လက်ပျက်နဲ့ လမ်းခွဲခဲ့ရတာတွေလည်း ရှိပါတယ်။

Worldofbuzz ကနေ တွေ့ရတဲ့ သတင်းတစ်ပုဒ်မှာတော့ ကောင်မလေးတစ်ယောက်က ရည်းစားရဲ့အလုပ်အကိုင်ကို သိမ်ငယ်တယ်ဆိုပြီး လမ်းခွဲစကားဆိုခဲ့ပါတယ်။ ကောင်လေးရဲ့အလုပ်အကိုင်က အစားအသောက် အော်ဒါတွေကိုလိုက်ပို့ရပါတယ်။ နှစ်ယောက်စလုံးက တရုတ်နိုင်ငံ ရှန်ဟိုင်းကပါ။ ရှန်ဟိုင်းမှာ နေတဲ့အတွက် အစစ နေစရိတ် စားစရိတ်ကြီးလှပါတယ်။

Weibo/zhan

ကောင်မလေးက ကောင်လေးဟာ ပညာအရည်အချင်း မရှိတဲ့အတွက် အနာဂတ်အိမ်ထောင်ရေးကို တည်ငြိမ်အောင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ ယူဆပါတယ်။ သူမက သူမကောင်လေးနဲ့ ပြောထားတဲ့ chat တွေကို အွန်လိုင်းပေါ်တင်ပါတယ်။ သူမ တကယ်ပဲ လမ်းခွဲရမလား၊ ဒါမှမဟုတ် ဆက်တွဲလိုက်ရမလားဆိုပြီး အွန်လိုင်းပေါ်မှာ မေးထားပါသေးတယ်။ တကယ်တော့ ကောင်လေးက delivery ပို့နေရပေမယ့် လုပ်အားခ လစာက သူမထက်တော့ ဒေါ်လာ (၁၄၀၀) ကျော် ပိုများပါတယ်။

READ
မူးယစ်/လိင်ကျွန်ဝယ်-ရောင်းမှ ရရှိတဲ့ငွေတွေနဲ့ နိုင်ငံခြားမှာ သူဌေးဂိုက် ဖမ်းခဲ့ကြသူများ
Weibo/zhan

Chat ထဲမှာတော့ ကောင်မလေးက ကောင်လေးကို တစ်သက်လုံး ဒီလို delivery လိုက်ပို့ပြီး အသက်မွေးသွားမှာလားလို့ မေးထားပါတယ်။ ပြီးတော့ ချစ်သူကို မိဘအိမ်ခေါ်သွားပြတဲ့အခါ မိတ်ဆက်လို့မှ အလုပ်အကိုင်က delivery သမား ဖြစ်နေတယ်ဆိုရင် သူမမျက်နှာပျက်ရချည်ရဲ့ဆိုပြီးတော့လည်း ပြောထားခဲ့ပါတယ်။ ကောင်လေးဘက်ကတော့ ကောင်မလေးကို စိတ်လိုက်မာန်ပါမလုပ်ဖို့နဲ့ သူကိုယ်တိုင်လည်း ရှေ့ရေးအတွက် စဉ်းစားနေတယ်ဆိုပြီး ပြန်ဖြေထားခဲ့တာ ဖြစ်ပါတယ်။

Weibo/zhan

ကောင်လေးကတော့ သူ့မှာ ပညာအရည်အချင်းလည်း မရှိ၊ အဆက်အသွယ်လည်း ကောင်းကောင်းမရှိတာကြောင့် သူလုပ်နိုင်သမျှဟာ အခုလို အောက်ခြေသိမ်းကနေ စကြိုးစားဖို့ပဲလို့ ကောင်မလေးကို ရှင်းပြထားပါတယ်။ ကောင်လေးက သူ ရှန်ဟိုင်းမှာ ဆက်နေရတဲ့အကြောင်းရင်းဟာ သူတို့နှစ်ယောက် ဘ၀အတွက် စီးပွားရေးလုပ်ငန်းအသေးစားလေးတစ်ခု အစပျိုးဖို့ လုပ်နေတာပါလို့ ဆိုပါတယ်။

READ
ကြိမ်ဒဏ်အချက်(၁၀၀)စီရင်ခံရသည့် အမျိုးသမီး၊ ဆေးရုံကို အရေးပေါ်ပို့ခဲ့ရ
Weibo/zhan

ကောင်လေးက delivery သမားအဖြစ် အလုပ်လုပ်ရပေမယ့် နေစရိတ်စားစရိတ်အငြိမ်းနဲ့ ရတဲ့လစာငွေကို စုထားရုံပါပဲ။ ကောင်လေးကတော့ သူ့ကောင်မလေး ပြန်စိတ်လာအောင် chat ထဲမှာ ပြန်လည်ရှင်းပြနေခဲ့တာ ဖြစ်ပါတယ်။ ကောင်လေးဘက်က အမျိုးမျိုးဖြောင်းဖြပြောဆိုနေပေမယ့် ကောင်မလေးဘက်ကတော့ အင်တင်တင်သာ ဖြစ်နေခဲ့ပြီး လမ်းခွဲဖို့အကြောင်းသာ ပြောခဲ့တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE