(၇)နှစ်လုံးလုံး မိခင်ဖြစ်သူကအခန်းထဲပိတ်ကာ အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေး

မိခင်ဖြစ်သူက အခန်းတံခါးသော့ပိတ်ကာ အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ မကြာသေးမီကမှ အသက်(၁၉)နှစ်ပြည့်ခဲ့ပါတယ်။ သူမရဲ့အသက်(၇)နှစ်အရွယ်အထိ နေရောင်လဲမမြင်ရ၊ အစားအသောက်လည်း ၀၀လင်လင်မစားရဘဲ သော့ခတ်ထားတဲ့ အခန်းထဲမှာနေလာခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့နာမည်ကတော့ Danielle Crockett ဖြစ်ပြီး Dani လို့ခေါ်ကြပါတယ်။

၂၀၀၅ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့တုန်းက လူတစ်ယောက်ဟာ ပြတင်းပေါက်မှန်ကွဲတစ်ခုကနေ ကလေးမျက်နှာတစ်ခုမြင်ခဲ့တာကြောင့် ရဲအဖွဲ့ကို သွားအကြောင်းကြားခဲ့ပါတယ်။ ရဲစုံထောက်တစ်ဦးဖြစ်တဲ့ Mark Holste က သွားရောက်ကြည့်ရှုတဲ့အခါမှာ Dani ကို အလုံပိတ်ထားတဲ့အခန်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Dani နေထိုင်ရာ အခန်းဟာ ဆီးတွေ၊ မစင်တွေ၊ ပိုးဟပ်တွေနဲ့အပြည့်ဖြစ်နေပါတယ်။ ထိုအချိန်တုန်းက အသက်(၆)နှစ်ပဲရှိသေးတဲ့ Dani ကို ဗီရိုသာသာလောက်သာရှိတဲ့ မှောင်မဲနေတဲ့အခန်းထဲမှာ ဖောင်းနေတဲ့ကလေးအနှီးပတ်နဲ့အတူ ခြေထောက်မှာစီးကျနေတဲ့ မစင်တွေနဲ့ညစ်ပတ်စွာရှိနေတာကို တွေ့ရှိခဲ့ပါတယ်။

အရိုးပေါ်အရေတင်နေတဲ့ Dani ဟာ မှိုတွေဖုံးနေတဲ့ မွေ့ရာနဲ့လိပ်နေပြီး လောက်တွေ၊ သန်းတွေနဲ့ ယင်ကောင်တွေက သူမရဲ့အနားမှာ ၀ိုင်းအုံနေကြတာပါ။ ရဲစုံထောက် Holste ဟာ သူမကိုအိမ်ကနေ Tampa General Hospital ဆီခေါ်သွားခဲ့ပါတယ်။ အသက်(၇)နှစ်ပြည့်တော့မှာဖြစ်ပေမယ့် Dani ဟာ လမ်းမလျှောက်နိုင်သေးသလို စကားလဲမပြောနိုင်၊ အစားလဲမစားနိုင်တဲ့အပြင် ကိုယ်အလေးချိန်က (၄၆)ပေါင်ပဲရှိခဲ့ပါတယ်။

READ
AI နည်းပညာဖြင့် Cele တွေရဲ့ Porn ဗွီဒီယိုအတုတွေကို အစစ်နဲ့မခြား ဖန်တီးမှုတွေရှိလာခဲ့

Dani က မွေးစတုန်းက ၇ပေါင်၆အောင်စနဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးအဖြစ်မွေးခဲ့တာပါ။ မွေးစကချို့ယွင်းချက်မရှိခဲ့ပေမယ့် လူတွေနဲ့တုံ့ပြန်ပြောဆိုခွင့်မပေးဘဲ အခန်းထဲလှောင်ထားခဲ့တဲ့ဒဏ်ကြောင့် ဆွံ့အသွားခဲ့ရတာဖြစ်ပါတယ်။ Dani ရဲ့မိခင်ဖြစ်တဲ့ တစ်ခုလပ်အမျိုးသမီး Michelle Crockett ကိုတော့ ဖမ်းဆီးခဲ့ကာ ထောင်ဒဏ်(၂)နှစ်သာချမှတ်ခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၀၀၇ ခုနှစ်မှာတော့ Dani ကို Bernie နဲ့ Diane Lierow တို့က မွေးစားခဲ့ကြပါတယ်။ မွေးစားမိဘတွေက Dani ကို ကမ်းခြေခေါ်သွားတာမျိုးတွေပြုလုပ်ပေးခဲ့ပြီး မြင်းစီးတာ၊ ဘုရားကျောင်းသွားတာ၊ ရေကူးသင်ပေးတာ၊ စကားပြောသင်ပေးတာစတဲ့ သင်တန်းတွေကို တက်စေခဲ့ပါတယ်။

မနှစ်ကတော့ Dani ဟာ အသက်(၁၈)နှစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့် လူမှုဖူလုံရေးအကူအညီပေးတဲ့ဂေဟာဆီကို ၀င်ခွင့်ရခဲ့ပါတယ်။ မနှစ်က ခရစ်စမတ်ပြီးတဲ့နောက်မှာတော့ ဖခင်ဖြစ်သူ Bernie ကိုယ်တိုင် သူမကို အ၀တ်တွေ၊ အရုပ်တွေအပြည့်အစုံနဲ့လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။

READ
အမေနဲ့ ပထွေးရဲ့ လူမဆန်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရတဲ့ (၄)နှစ်အရွယ် ကလေးငယ်

ပုံတွေမှာ မြင်ရမှာကတော့ Dani နဲ့ သူမရဲ့မွေးစားဖခင် Bernie တို့ပဲဖြစ်ပါတယ်။ အခုဆိုရင် Dani က စက်တင်ဘာလတုန်းက (၁၉)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ မွေးစားဖခင်ဖြစ်သူ Bernie ကတော့ မကြာခဏဂေဟာကိုလာလည်လေ့ရှိပြီး အထိမ်းအမှတ်ပွဲတော်နေ့တွေမှာ အပြင်ကိုလိုက်လံပို့ဆောင်ပေးတတ်ကြောင်း သိရပါတယ်။ Bernie ကတော့ အခုထိ Dani ဟာ စကားလဲမပြောနိုင်၊ စာလဲမရေးနိုင်သေးကြောင်းနဲ့ သူစကားပြောတာတွေကို ဘယ်အတိုင်းအတာအထိ လက်ခံနိုင်တယ်ဆိုတာ မသိရသေးကြောင်း ပြောပြခဲ့ပါတယ်။

လင်းလင်း(ShweMom)

SHARE