ကြောင်မွေးဖို့ကိစ္စကို မိဘတွေထံ Power Point နဲ့ ကျကျနန တင်ပြခဲ့တဲ့ ကောင်မလေး

Pixabay-Ty_Swartz [email protected]

ကြောင်ကလေးတွေဆိုတာ သခင်တွေအပေါ်ကို ပွတ်သီးပွတ်သပ် အမြဲလိုလိုလုပ်တတ်နေပြီး အရမ်းချစ်ဖို့ကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နေထိုင်တဲ့ ပုံစံက ချောင်တစ်ချောင်မှာ အမြဲလိုလို ခွေခေါက်နေတတ်ပြီး သူတို့လိုအပ်တဲ့အချိန် ဒါမှမဟုတ် အစာစားချိန်ရောက်မှ သခင်တွေအနားကို ရောက်လာပြီး တညောင်ညောင်နဲ့ အသံပေးတတ်ကြပါတယ်။ အခုပြောချင်တဲ့ သတင်းကတော့ ကောင်မလေးတစ်ယောက်ဟာ ကြောင်မွေးဖို့အတွက် သူမရဲ့ မိဘတွေကို ပူဆာခဲ့ပါတယ်။ ဒါပေမယ့် သူမပူဆာတယ်ဆိုတာ ဒီအတိုင်း ပါးစပ်နဲ့ ပူဆာတာမျိုးမဟုတ်ပဲ Power Point နဲ့ Slide တစ်ခုချင်းစီ သေသေချောချာ ပြင်ဆင်ပြီးမှ စနစ်တကျ ပူဆာခဲ့တာဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Christopher Doyle လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ Twitter အကောင့်ပေါ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဆိုပါ ပို့စ်မှာတော့ သူရဲ့ သမီးဖြစ်သူဟာ ကြောင်လေးတစ်ကောင် မွေးဖို့ ကိစ္စနဲ့ ပတ်သတ်ပြီး Doyle နဲ့ သူ့ရဲ့ ဇနီးဖြစ်သူကို ပူဆာခဲ့ပါတယ်။ ဒါပေမယ့် ပူဆာတဲ့အချိန်မှာလည်း Power Point နဲ့ သေသေချာချာ ပြုလုပ်ပြီး သူနဲ့ သူ့ဇနီးမငြင်းနိုင်လောက်အောင်ကို သေသေချာချာ ပြင်ဆင်ခဲ့ကြောင်း၊ Doyle အနေနဲ့လည်း သူရဲ့ သမီးဖြစ်သြူော့င့် တော်တော်လေးကို ရယ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

READ
မျက်စိလည်သွားစေနိုင်တဲ့ ဆင်တူ လူများရဲ့ ဓာတ်ပုံများ
[email protected]
[email protected]

Doyle ရဲ့ သမီးဖြစ်သူ Power Point ထဲမှာ သူမရဲ့ ဝမ်းကွဲမောင်နှမတွေဆီမှာ ကြောင်လေးတွေ အကုန်ရှိပြီး သူမဆီမှာတော့ မရှိကြောင်း၊ ကြောင်လေးတွေ မွေးရင် လူတွေအနေနဲ့ စိတ်ဖိအားတွေ လျော့စေပြီး ပျော်ရွှင်စေရကြောင်း၊ မွေးခွင့်ပြုမယ်ဆိုရင်တော့ ကြောင်ရဲ့ ကိစ္စတွေအကုန်လုံးကို သူမအနေနဲ့ သေသေချာချာ တာဝန်ယူပေးမည်ဖြစ်ကြောင်း အစရှိတဲ့ အကြောင်းအရာတွေပါဝင်တဲ့ slide ကို ကြောင်လေးတစ်ကောင်ရှိရုံနဲ့ အားသာစေမည့်အချက်များဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ကြောင်ဆိုတဲ့ တိရစ္ဆာန်က လူတွေအပေါ် ဘယ်လောက်တောင် ခင်တွယ်တတ်ပြီး ပျော်ရွှင်အောင် လုပ်ပေးနိုင်ကြောင်း၊ သူမနေနဲ့လည်း ကြောင်တစ်ကောင်ကို ဘယ်လိုပုံစံမျိုး ဂရုစိုက်ရမလဲဆိုတဲ့ ပညာရပ်တွေကို လေ့လာထားတာ ၅ နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ ခွင့်ပြုပေးရင် သူမရဲ့ ဘဝမှာ အဲဒီနေ့ဟာ အပျော်ဆုံးနေ့တစ်နေ့ဖြစ်သွားနိုင်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

READ
အွန်လိုင်းပေါ်မှာပျံ့နှံသွားတာကြောင့် ဧည့်သည်ထောင်ပေါင်းများစွာတက်ခဲ့တဲ့မွေးနေ့ပွဲ
[email protected]
[email protected]

Doyle ရဲ့ ပို့စ်ကို လူတော်တော်များများက ကြိုက်နှစ်သက်ခဲ့ပြီး လူတိုင်းလိုလိုက Doyle ရဲ့ သမီးဖြစ်သူကို ထောက်ခံအားပေးခဲ့ပါတယ်။ Doyle အနေနဲ့ကလည်း သူရဲ့ သမီးဖြစ်သူ ကြောင်မွေးချင်တဲ့ ကိစ္စကို ခွင့်ပြုပေးဖို့ အမြဲလိုလိုကို စဉ်းစားနေကြောင်း၊ ဒါပေမယ့်လည်း သူ့ရဲ့ဇနီးဖြစ်သူဟာ ကြောင်နဲ့ပတ်သတ်ပြီး allergic ရှိတာကြောင့် သေသေချာချာကို စဉ်းစားနေရကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE