ကြော်ငြာဆိုင်းဘုတ်ပေါ် တွယ်တက်ပြီး မိခင်ကိုခြိမ်းခြောက်ခဲ့တဲ့ အချစ်ရူးမလေး

Twitter- @ANI

အချစ်ဆိုတာ တော်တော်လေးကိုဆန်းကျယ်လှပါတယ်။ အထူးသဖြင့် အချစ်ရဲ့ကျေးကျွန်ဖြစ်သွားခဲ့တဲ့အခါမှာပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ အိန္ဒိယမှာ အချစ်ရူးမလေးတစ်ယောက်ရဲ့ မိုက်ရူးရဲဆန်မှုကြောင့် ကိုဗစ်ကာကြီးထဲ လူတွေရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြပါသေးတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။

Story Pick ရဲ့ ဖော်ပြချက်အရ Pardesipura ဒေသခံရဲတွေဆီကို ဖုန်းတစ်ကောဝင်လာခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်အသက်အန္တရာယ်စိုးရိမ်နေရပါတယ်တဲ့။ အခင်းဖြစ်နေတဲ့နေရာကို သွားတဲ့အချိန်မှာတော့ ကောင်မလေးကို အခုလိုပုံစံအတိုင်း တွေ့လိုက်ရပါတယ်ဆိုပြီး တာဝန်ခံအရာရှိ Ashok Patidar က ပြောလာခဲ့ပါတယ်။

Twitter- @ANI

အဲဒီနေ့တုန်းက နိုဝင်ဘာလ ၈ ရက်နေ့ပါ။ ကောင်မလေးဟာ Bhandari တံတားပေါ်မှာရှိနေတဲ့ ကြော်ငြာဆိုင်းဘုတ်ပေါ်ကို တွယ်ကုတ်ပြီး တက်သွားခဲ့တာဖြစ်ပါတယ်။ နောက်တော့ မိခင်ကို ဖုန်းဆက်ပြီး သူမရောက်နေတဲ့နေရာကို ပြောပြခဲ့ပါတယ်တဲ့။ သူချစ်ရတဲ့ ကောင်လေးနဲ့ ဆက်ပြီးသာ သဘောမတူနေခဲ့ဘူးဆိုရင် အောက်ကို ခုန်ချပြီး အဆုံးစီရင်လိုက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်လာခဲ့တာပါ။

Twitter- @ANI
Twitter- @ANI

မိခင်ရော၊ အရာရှိတွေရော၊ အောက်ကလူတွေရော ကောင်မလေးကို ဆင်းလာဖို့ ဖြောင်းဖျခဲ့ကြမေယ့်လို့ စကားကို လုံးဝပြန်မပြောဘဲနဲ့ ဆိုင်းဘုတ်ပေါ်မှာပဲ တွေတွေကြီုးထိုင်နေခဲ့တာပါ။ နာရီအနည်းငယ်လောက်ကြာတော့မှ ကောင်မလေးရဲ့ ချစ်သူကောင်လေး အမောတကောနဲ့ရောက်လာခဲ့ပြီး ကိုယ်တိုင်ဖျောင်းဖျလိုက်မှပဲ ဘေးမသိရန်မခ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ အေးအေးဆေးဆေး အော်ကကို ဆင်းလာခဲ့ပါတယ်။

READ
ယောနိထဲ ငါးရှဥ့်ဝင်ခဲ့လို့ ခွဲစိတ်မှုပြုလုပ်ခဲ့ရတဲ့ Vloggerအမျိုးသမီး အဖမ်းခံရ

သူမမှာ ချစ်သူရှိနေပေမယ့် မိဘတွေက တခြားတစ်ယောက်နဲ့ ပေးစားနေတဲ့အတွက်ကြောင့် အခုလိုမျိုး ဒရာမာခင်းပြီး အချစ်ကို သက်သေပြခဲ့တာပါတဲ့။ သက်ဆိုင်ရာဖက်က အရေးယူခြင်းရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

penny

SHARE