Instagram

အရင်တုန်းက စာဖိုမှူးအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ကတော့ သူ့ရဲ့ဖုံးကွယ်လို့မရတဲ့ အလှတရားကြောင့် အခုဆိုရင် Instagram မှာ follower ပေါင် ၂ သိန်းခွဲတောင် ရှိသွားခဲ့ပြီး အားကစားနဲ့သက်ဆိုင်တဲ့ ပုံတွေ၊ ဗီဒီယိုတွေကိုတင်ကာ တစ်ရက်တစ်ရက်ကိုဒေါ်လာ သောင်းချီဝင်ငွေရနေခဲပါပြီ။

Instagram

Jem Wolfie ဟာ သြစတေးလျအနောက်ပိုင်း၊ Perth မှာ နေထိုင်သူဖြစ်ပါတယ်။ အရင်တုန်းကတော့ စာဖိုမှူးလုပ်ငန်းကို ဝါသနာပါခဲ့ပမေယ့်လည်း အခုအချိန်မှာတော့ အချက်အပြုတ်နဲ့ပတ်သက်တဲ့ အလုပ်နဲ့မဟုတ်ဘဲ လုံးဝမသက်ဆိုင်တဲ့ လုပ်ငန်းနယ်ပယ်တစ်ခုမှာ အောင်မြင်နေသူနေခဲ့ပါတယ်။ စားဖိုမှူးဖြစ်ဖို့ကို ဝါသနာပါလွန်းလို့ဆိုပြီး အထက်တန်းကျောင်းတောင်ပြီးဆီးအောင်မတက်ခဲ့ဘဲ စားသောက်ဆိုင်တွေမှာ အကူအဖြစ် တစ်ပတ်ကို နာရီ ၇၀ လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ကာ စားဖိုမှူးပညာကို သင်ယူခဲ့ရပါတယ်။ နောက်ပြီး အားကစားမှာလည်း ကျောင်းတုန်းကတည်းက ဝါသနာပါခဲ့သူမို့လို့ အလုပ်အားလပ်ချိန်တွေမှာ ဘတ်စကတ်ဘောကားရင်းနဲ့ Western Australia Basketball League မှာ ကစားသမားဖြစ်လာခဲ့ပါတယ်။

Instagram

သို့ပေမယ့် ၂၀၁၅ တုန်းက ပြိုင်ပွဲမှာရခဲ့တဲ့ ဒူးဒဏ်တစ်ခုကြောင့် ဘတ်စ်ကတ်ဘောရော၊ ထိုင်ချိန်မရှိတဲ့ စားဖိုမှူးအလုပ်ကိုပါ အနားယူခဲ့ရပါတယ်။ အသင်းဝင်ဖြစ်နေတဲ့ ခရိုင်အသင်းမှ ထောက်ပံ့ပေးမှုကြောင့် Jem Wolfie ရဲ့ ဒူးကို နဂိုအတိုင်းပြန်ကောင်းလာစေဖို့အတွက် gym မှာ လေ့ကျင့်ခန်းတွေ ပုံမှန်သွားလုပ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဘာရယ်မဟုတ်ဘဲ သူမ gym သွားတဲ့ပုံရိပ်တွေ၊ ကစားနေတဲ့ ပုံရိပ်တွေကို Instagram မှာ တင်ရင်းနဲ့မှ ကံကောင်းစွာနဲ့ လူအများရဲ့စိတ်ဝင်စားခြင်းကို ခံခဲရပါတယ်။

READ
ပေါင်(၁)သောင်းနဲ့ရောင်းချမယ့် ကမ္ဘာ့အကြီးဆုံးအရုပ်စစ်တပ်လေး
Instagram
Instagram

နောက်ပိုင်း Influencer အတွက် သီးသန့်လုပ်ပေးထားတဲ့ စီးပွားရေးရှာနိုင်မယ့် OnlyFans platform မှာ မှတ်ပုံတင်ကာ account ဖွင့်ခဲ့ပါတယ်။ OnlyFans ဆိုတာဟာ Facebook တို့ Instagram တို့လိုမျိုး လူမှုကွန်ယက်တစ်ခုလို့ သတ်မှတ်နိုင်ပမေယ့် သူ့မှာက ကိုယ်ကြည့်ချင်တဲ့လူတွေရဲ့ post တွေကို လပြတ်တို့၊ ဘယ်နပုဒ်ဆို ယူရိုဘယ်လောက်ဆိုပြီး ပိုက်ဆံပေးမှ ကြည့်နိုင်မယ့် ပုံစံမျိုးပါ။ တခြား influencer တွေအတွက်ကတော့ သိပ်အလုပ်မဖြစ်ကြပေမယ့် Jem Wolfie တို့လို အားကစားနည်းပြတွေ၊ ဟင်းချက်တဲ့အစီအစဉ်တွေ၊ စိတ်ဓာတ်ခွန်အားရအောင် ပြောပေးတဲ့ speaker တွေ စတာတွေလို ပညာရ၊ ဗဟုသုတရစေတဲ့အရာမျိုးတွေကို ဝေမျှပေးနေသူတွေအတွက်တော့ ဝင်ငွေလည်းရစေပါတယ်။ Jem Wolfie ရဲ့ post တွေကို ကြည့်မယ်ဆိုရင်တော့ တစ်လကို ၁၅ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ပထမတစ်လထဲမှာတင် OnlyFans တစ်ခုတည်းမှတစ်ဆင့် သူမဟာ ဒေါ်လာ ၂ သိန်းလောက် ဝင်ငွေရခဲ့ပါတယ်။

READ
သတ္တ၀ါတွေကို ကမ္ဘာကျော်နာမည်တွေ မှည့်ထားတဲ့ ဘီလျံနာလေးရဲ့ တိရစ္ဆာန်ရုံ

အခုအချိန်မှာတော့ သူမအသုံးပြုနေတဲ့ social media platform တွေကတစ်ဆင့် ပေါင်းလိုက်မယ်ဆိုရင်တော့ တစ်ရက်တစ်ရက်ကို ဒေါ်လာ ၃ သောင်းဟာ အောက်ထစ်အနေနဲ့ အမြဲဝင်နေပါပြီ။ ဒူးကောင်းသွားပေမယ့်လည်း စာဖိုမှူးအလုပ်ကိုတော့ ဆက်မလုပ်တော့ပါဘူး။ သို့ပေမယ့်လည်း အားရင်အားသလို အွန်လိုင်းမှ သူမကိုယ်တိုင်တီထွင်ရေးသားထားတဲ့ ဟင်းချက်နည်းလေးတွေကိုတော့ ဝေမျှပေးနေခဲ့ပါတယ်။ Jem Wolfie ဟာ fitness model အဖြစ် လုပ်ကိုင်ရင်း fitness နဲ့ ပတ်သက်တဲ့ အထောက်အကူပြုပစ္စည်းတွေကို ကြော်ငြာပေးတဲ့ အလုပ်ကိုလည်း လုပ်ကိုင်နေပြီး ဘတ်စကတ်ဘောအသင်းမှာလည်း ပြန်ကစားနေခဲ့ပါတယ်။ ဒီအပြင် သူမကိုယ်ပိုင်အနေနဲ့ Wolf Gang ဆိုတဲ့ အင်္ကျီတွေကို စတင်ထုတ်လုပ်နေပါပြီ။

Instagram

Source: Daily Mail

Penny

SHARE