မိသားစုကိုရှာကျွေးနေတဲ့ ကုန်စိမ်းသည်မလေးကို ၀မ်းသာစေခဲ့ခဲ့တဲ့ တာဝန်သိ ရဲများ

Twitter- @dibrugarhpolice

Dibrugarh အစိုးရကျောင်းမှ အထက်တန်းအောင်ထားခဲ့ မိန်းကလေးဟာ ဘွဲ့ရဖြစ်ချင်တဲ့ သူမအိပ်မက်ကို ဘဝပေးကုသိုလ်ကံကြောင့် စွန့်လွှတ်ခဲ့ရပါတယ်။ အထက်တန်းအထိ ခက်ခက်ခဲခဲကျောင်းတက်ခဲ့ရတဲ့ သူမရဲ့ဘဝကို ကောင်းကောင်းကြီး နားလည်ထားပြီး အိမ်အခြေအနေအရ မဖြစ်မနေ ငွေရှာရတော့မှာကြောင့် Janmoni Gogo ဟာ တက္ကသိုလ်အိပ်မက်တွေကို ကျောခိုင်းပြီး ပျံကျဟင်းရွက်သည်လေးအဖြစ် ဈေးရောင်းစာားနေခဲ့ပါတယ်။

ဖခင်ဟာ သူမအသက် ၂ နှစ်သမီးလောက်ကတည်းက ကျန်းမာရေးချို့တဲ့နေတာကြောင့် လမ်းတောင် မလျှောက်နိုင်တော့ပါဘူး။ ဒါကြောင့် အိမ်ရဲ့ဝင်ငွေဆိုလို့ မိခင်တစ်ဦးတည်း ကုန်စိမ်းရောင်းလို့ရတဲ့ငွေတွေနဲ့ ရပ်တည်လာခဲ့တာပါ။ Gogo ရဲ့မိခင်ဟာ Borbaruah ဈေးမှာ ကုန်စိမ်းခင်းရောင်းပေမယ့်လို့ Gogo အရွယ်ရောက်လာတော့ မိခင်ရဲ့ကုန်စိမ်းတွေကို စက်ဘီးလေးနင်းကာ အရပ်တကာ လှည့်ရောင်းရင်း ဝင်ငွေပိုတိုးလာစေခဲ့ပါတယ်။

Twitter- @dibrugarhpolice

ဝင်ငွေတိုးတယ်ဆိုတာလည်း ပုံမှန်မရှိဘဲ တစ်ခါတစ်လေကျ တစ်ခုမှမရောင်းရဘဲ အိမ်ပြန်လာရတဲ့အချိန်တွေလည်း ရှိခဲ့လို့ ဟင်းရွက်တွေ နွမ်းကုန်တာပဲ အဖတ်တင်တယ်ဆိုပြီး Gogo က Story Pick ကိုပြောပြထားပါတယ်။ နောက် စက်ဘီးဆိုတော့ လူလည်းပင်ပမ်း အချိန်လည်းဖင့်တာပေါ့။

READ
မုန်တိုင်းကြောင့် ပိတ်မိနေသူတွေကို(၃၂) နာရီကြာကူညီပေးခဲ့တဲ့ ဟီးရိုးလေး

ဟိုတလောက အိန္ဒိအနေနဲ့ lockdown ကာလအတွင်း Gogo လို ကုန်စိမ်းနဲ့တခြားပစ္စည်းတွေလိုက်ပို့ပေးနိုင်တဲ့လူတွေအတွက် စီးပွားရေးလေး အဆင်ပြေပေမယ့်လို့ သူမကတော့ စက်ဘီးနဲ့မလို့ တချို့ဝယ်သူတွေကို ဆုံးရှုံးခဲ့ရပါတယ်။ အချိန်ကြာလို့ ဘာလိုပေါ့။ ရပ်ကွက်က တာဝန်ရှိသူတွေအနေနဲ့ အောက်ခြေလူတန်းစားတွေကို တတ်နိုင်သလောက် ပိုက်ဆံတွေ လှူဒါန်းခဲ့ပေမယ့်လည်း Gogo ကတော့ ငြင်းခဲ့ပါတယ်။ ဒါကြောင့် Dibrugarh ရဲဌာနကနေပြီး ပိုက်ဆံစုကာ Gogo ကို လျှပ်စစ်ဆိုင်ကယ်လေးတစ်စီး ဝယ်လှူခဲ့ပါတယ်။ မထင်မှတ်ထားဘဲ အခုလို ဖြစ်လာတဲ့အတွက် Gogo ခင်ဗျာ ဝမ်းသာလုံးစို့ပြီး မျက်ရည်တွေတောင် ကျခဲ့ပါတယ်တဲ့။

Twitter- @dibrugarhpolice
Twitter- @dibrugarhpolice

Gogo တစ်ယောက် စီးပွားရေးတွေ အဆင်ပြေပါစေ၊ ပစ္စည်းတွေ အများကြီးရောင်းရပါစေ။

Penny

SHARE