မှားပို့မိတဲ့ ဓာတ်ပုံတစ်ပုံကြောင့် စိတ်ကျန်းမာရေးဆေးရုံ အပို့ခံခဲ့ရတဲ့ မိန်းကလေး

အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုမှာ နေထိုင်တဲ့ ဆီလက်စတီ ဆိုတဲ့ မိန်းကလေးရဲ့အဖြစ်ကတော့ တကယ့်ကို ရယ်ချင်စရာပါ။ ဆီလက်စတီဟာ Facebook မှာ သေခြင်းနဲ့ပတ်သက်တဲ့ ဟာသပုံတွေဖန်တီးတဲ့ အဖွဲ့တစ်ခုထဲကို အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး အဲဒီအတွက် ရယ်စရာကောင်းတဲ့ ပုံလေးတွေကို ဖန်တီးနေခဲ့ပါတယ်။

Facebook

တစ်ရက်မှာတော့ ဆီလက်စတီဟာ ကြိုးကွင်းကို ပါးစပ်နဲ့ကိုက်ထားတဲ့ခွေးလေးတစ်ကောင်ရဲ့ ပုံပေါ်မှာ “ငါ သေလိုက်ဖို့အသင့်ဖြစ်နေပြီ” ဆိုတဲ့ စာသားကို ဖန်တီးခဲ့ပြီး သူမရဲ့ အဖွဲ့ထဲကို ပို့ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်း သူမ ပို့လိုက်မိတာက သူမရဲ့မိသားစုဝင်တွေ စုဖွဲ့ထားတဲ့ အဖွဲ့ထဲကို ဖြစ်ပြီး အဲဒီမှာ သူမရဲ့ မိခင်၊ ဖခင်၊ အစ်မ၊ အဒေါ် စတဲ့ဆွေမျိုးတွေများစွာ ရှိနေကြတာပါ။ ဆီလက်စတီရဲ့ မိခင်ဖြစ်သူက အဲဒီပုံကို မြင်မြင်ချင်း လန့်သွားခဲ့ပြီး စိတ်ဓာတ်ကျနေတယ်ဆိုရင် စိတ်ကျန်းမာရေးဆေးရုံဆီ သွားရောက်ဖို့ အကြံပေးခဲ့ပါတယ်။

READ
သင်တစ်ခါမှ ကြားဖူးမှာမဟုတ်တဲ့ ရေကန်ပေါ်က ဒိုင်ဗင်ပြိုင်ပွဲ
Unilad

ဆီလက်စတီက သူမအနေနဲ့ မှားယွင်းပြီး ပို့ခဲ့မိတာသာ ဖြစ်ကြောင်းနဲ့ အဲဒါဟာ ဟာသ သက်သက်ပဲဖြစ်ကြောင်း ရှင်းပြခဲ့ပေမယ့် သူမရဲ့ မိသားစုတွေကတော့ သူမအပေါ် မယုံကြည်ကြတော့ပါဘူး။ နောက်ဆုံးမှာတော့ ဆီလက်စတီရဲ့ အစ်မဖြစ်သူက ဆေးရုံကိုသွားဖို့ အတင်းပဲ ဖိအားပေးခဲ့တာကြောင့် ဆေးရုံမှာ (၂) နာရီလောက် ဆေးစစ်မှုတွေခံယူခဲ့ရပါတယ်။ ဆီလက်စတီက သူမကို ကြည့်ရှုပေးတဲ့ ဆရာဝန်ကို အဖြစ်အပျက်တွေ အကုန်လုံးကို သေချာရှင်းပြခဲ့ရပြီး သူမမှာ စိတ်ဓာတ်ကျနေတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ရတာမျိုးတွေ မရှိဘူးလို့ ရှင်းပြခဲ့ရပါတယ်။

Facebook

ဒီအဖြစ်အပျက်ကို ဖတ်မိသူတိုင်းက သဘောကျခဲ့ရပြီး ဓာတ်ပုံတစ်ပုံ မှားယွင်းပို့မိလို့ စိတ်ကျန်းမာရေးဆေးရုံအထိ ရောက်သွားခဲ့ရတဲ့ ဆီလက်စတီဟာ နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့ပါတယ်။

Linn

Source : Unilad

SHARE