ချစ်သူရဲ့တစ်လစာဝင်ွေကို မုန့်ဝယ်စားခဲ့ပြီး မလောက်လို့ဆိုပြီး လမ်းခွဲခဲ့တဲ့မိန်းကလေး

Pixabay-StockSnap

အာရှသားတွေအနေနဲ့ ဒိတ်လုပ်ရင် ယောက်ျားလေးက ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမယ်ဆိုပြီး ဘယ်သူကသတ်မှတ်ထားကြလဲမသိပါဘူး။ ဒီရှေးရိုးစွဲအယူအဆကြီးကို အခုခေတ်အထိ ဆွဲယူနေကြတုန်းပါပဲ။ အခုလည်း မကြားဖူးတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ကြားလိုက်ရတယ်။

အဲဒါကတော့ ကောင်မလေးက ချစ်သူရဲ့လစားတွေအကုန်လုံးကို မုန့်စားစားပစ်လိုက်ပြီး မလောက်လို့ဆိုကာ လမ်းပါခွဲသွားပါတယ်တဲ့လေ။ World of Buzz မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။ UTAR Confessions ဆိုတဲ့ website မှာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ပိုစ့်တင်ပြီး မေးလာခဲ့တာပါ။ အကြောင်းကတော့ ဒီလိုပါ။

Instagram

သူ့မှာကောင်မလေးရှိတယ်။ ကောင်မလေးရပြီးကတည်းက သူဟာ မနက်စာ၊ နေ့လည်စာ၊ ညစာ ၃ နပ်စလုံး အပြင်ဆိုင်တွေမှာ သွားစားခဲ့ပါတယ်။ တစ်ခါစားတိုင်းလည်း အနည်းဆုံး မလေးရှားရင်းကစ် ၁၀၀ ကုန်တယ်။ ဒီတော့ တစ်နေ့ကို ရင်းကစ် ၃၀၀ ရှိတယ်ပေါ့။

READ
ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ လက်တွေ့ဘ၀ထဲက Iron Man စစ်စစ်

အခုတွဲတာ ၂ ပတ်၊ ၁၄ ရက်ရှိနေပြီတဲ့။ အစားအသောက်ဖိုးချည်းပဲ စုစုပေါင်း သုံးခဲ့တာ ရင်းကစ် ၄၂၀၀၀ လောက်ရှိနေပါပြီတဲ့လေ။ ဒါ မြန်မာငွေနဲ့တွက်မယ်ဆိုရင် ၁၅ သိန်းကျော်နေပါပြီ။ သူ့ရဲ့တစ်လစာဝင်ငွေကလည်း ၁၅ သိန်းကျော်ပဲရှိခဲ့တာ။ ဒါကြောင့် ပိုက်ဆံက ၂ ပတ်ထဲနဲ့သုံးလို့ကုန်ပြီပေါ့။ ဒါကြောင့် ကောင်လေးကပြောတယ် လကုန်ခင် ၂ ပတ်အထိ ငါတို့ခဏလောက် ခြွေတာကြရအောင်ဆိုပြီး ပြောလိုက်မိတယ်တဲ့လေ။

Instagram

အဲဒီကစပြီး သူ့ကိုကောင်မလေးက ဖြတ်သွားတော့တာပဲတဲ့လေ။ ဒါဆို ဝင်ငွေက တစ်လကို ရင်းကစ် ၁၀,၀၀၀ ရှိမှ ရည်းစားထားရမှာလားဆိုတဲ့မေးခွန်းကို နောက်ဆုံးမှာ မေးသွားခဲ့တာပါ။

အောက်က comment မှာတော့ လူတချို့ကမေးထားကြတယ်။ တစ်နပ်စာကို ရင်းကစ် ၁၀၀ သုံးတယ်ဆို တာ ဘယ်လိုများသုံးကြသလဲတဲ့လေ။ အစာစားတာလား၊ ရွှေစားကြတာလားတဲ့။ ရင်းကစ် ၁၀၀ ဆိုတာ မြန်မာငွေနဲ့တွက်မယ်ဆိုရင် ၃၅,၀၀၀ လောက်ရှိနေပါတယ်။ ကောင်မလေးမေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး လူတချို့ကတော့ မင်းအလုပ်မပြောင်းဘဲ မင်းကောင်မလေးကိုပဲ ပြောင်းသင့်တယ်၊ လွမ်းလောက်စရာမရှိတာမလို့ ပေးသွားလိုက်ပါတဲ့လေ။

READ
တရုတ်အမျိုးသားတစ်ဦးရဲ့ဦးနှောက်ကို (၁၅)နှစ်ကြာစားနေခဲ့တဲ့ သန်ကောင်ကို ခွဲထုတ်နိုင်ခဲ့

ပရိတ်သတ်ကြီးရော ဘယ်လိုမြင်မိလဲ။

Penny

SHARE