ချစ်သူကောင်လေး လိုအပ်နေတဲ့အရာတစ်ခုကို surprise လုပ်ပြီးပေးခဲ့တဲ့ မိန်းကလေး

[email protected] Motorsport [email protected] Gan

လူငယ်တော်တော်များများမှာ တူညီတဲ့ ရူးသွပ်မှု တစ်ခုရှိတတ်ပါတယ်။ အဲဒါကတော့ ကားတွေပတ်သတ်တာပါပဲ။ လူငယ်အများစုဟာ များသောအားဖြင့် ကိုယ်ပိုင်ကားတစ်စီး ရှိပြီဆိုရင် အဲဒီကားရဲ့ စက်ပစ္စည်းတွေကို upgrade လုပ်ရတာ အရမ်းကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် လူကြီးမိဘအများစုကတော့ ဒီလိုမျိုး ကိစ္စတွေကို ငွေအပိုကုန်ကျတယ်လို့သာ သဘောထားပြီး ကားတစ်ခုခု လုပ်မယ်ဆိုရင်တောင် ပိုက်ဆံပေးလေ့ပေးထ မရှိပါဘူး။ ဒါပေမယ့် မလေးရှားနိုင်ငံမှာရှိတဲ့ ကောင်လေးတစ်ယောက်ကတော့ ချစ်သူရ တော်တော်ကံကောင်းတယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကား ဘရိတ်အသစ်တစ်ခု လဲဖို့လုပ်နေတဲ့အချိန်မှာပဲ အဆိုပါကောင်လေးရဲ့ ချစ်သူဖြစ်သူ မိန်းကလေး လိုအပ်တဲ့ ကားဘရိတ်ကိုလဲပေးခဲ့ပြီး surprise လုပ်ပေးခဲ့ကြောင်း Worldofbuzz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါကောင်လေးကတော့ မလေးရှားနိုင်ငံရှိ Aaron Gan လို့ အမည်ရတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်။ Aaron ဟာ သူ့ရဲ့ ကိုယ်ပိုင် Mazada ကားရဲ့ brake calipers တွေ ပျက်ဆီးနေတာကြောင့် အသစ်လဲလှယ်ဖို့ ပြုလုပ်ခဲ့ပါတယ်။ စက်ရုံကနေ တိုက်ရိုက်မှာမယ်ဆိုရင် ရင်းဂစ်ငွေ ၃,၃၀၀ ကျသင့်မှာ ဖြစ်ပြီး တပ်ဆင်ခကတော့ ရင်းဂစ်ငွေ ၂,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင်တော့ ၁၆ သိန်းကျော် ကျသင့်မှာဖြစ်ပါတယ်။ Aaron ရဲ့ ချစ်သူကောင်မလေးက ဒီလိုမျိုး အပိုတွေနဲ့ ငွေ ကုန်မခံသင့်ကြောင်း ပြောခဲ့တာကြောင့် Aaron တစ်ယောက် တော်တော်လေး အခက်တွေ့ခဲ့ပါတယ်။

READ
ဝန်ထမ်းတွေကို Body shame လုပ်ခဲ့တဲ့ လေကြောင်းအကြီးအကဲ၊ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရ
[email protected] Motorsport

ဒါပေမယ့် နောက်တစ်ရက်မှာတော့ Aaron ရဲ့ ချစ်သူဟာ Aaron ကို ကားဝပ်ရှော့တစ်ခုဆီခေါ်သွားပြီး သူကိုယ်တိုင် ဝယ်ယူထားတဲ့ Mazada brake calipers တွေနဲ့ surprise လုပ်ခဲ့ပါတယ်။ “ကျွန်တော် တော်တော်လေးကို ပျော်သွားခဲ့ပါတယ်။ ဒီလိုမျိုး ကားပစ္စည်းတွေနဲ့ ချစ်သူကောင်လေးကို surprise လုပ်တဲ့ ချစ်သူမိန်းကလေးဆိုတာ တော်တော်လေးရှားပါတယ်။ ကျွန်တော့်ချစ်သူက အခုလို အလိုက်တသိနဲ့ ဝယ်ပေးပြီး surprise လုပ်ခဲ့တာကြောင့် တော်တော်လေး ပီတိဖြစ်ရပါတယ်”လို့ Aaron က သူ့ရဲ့ပို့စ်မှာ ရေးသားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE