Coma ဖြစ်နေတဲ့ ကောင်မလေးကို သတိပြန်ဝင်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ Totti

Youtube-AS Roma icon Francesco Totti visits girl awakened from coma by his voice

တစ်ချိန်တုန်းက Roma အသင်းရဲ့ တိုင်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ Francesco Totti ကိုတော့ ဘောလုံးချစ် ပရိသတ်တော်တော်များများ သိကြမှာပါ။ Totti ဟာ ၂၀၀၀ ခုနှစ်တေါတုန်းက အကောင်းဆုံး ဘောလုံးသမားတစ်ယောက်အဖြစ် နာမည်ကြီးခဲ့ပြီး ၂၀၁၇ ခုနှစ်ရောက်တဲ့ အချိန်မှာတော့ ဘောလုံးလောကကနေ လုံးဝအနားယူခဲ့တာ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက Totti ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ကောင်မလေးတစ်ယောက်ဟာ Coma ဝင်ပြီး သတိမေ့နေတဲ့ အနေအထားကနေ Totti ကြောင့် သတိပြန်ဝင်လာပြီး အသက်ပြန်ရှင်နိုင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

9 luglio…indimenticabile !!!💪💪❤️👏

A post shared by Francesco Totti (@francescototti) on

အဆိုပါ ကောင်မလေးကတော့ အီတလီနိုင်ငံရှိ အသက် ၁၉ နှစ်အရွယ် IIenia Matilli အမည်ရ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ IIenia ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလလောက်မှာ သူ့သူငယ်ချင်းဖြစ်သူနဲ့ ကားမောင်းနေတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် အသက်ဆုံးရှုံးမလို ဖြစ်ခဲ့ရပြီး IIenia ရဲ့ သူငယ်ချင်းကတော့ အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ရှာပါတယ်။ IIenia တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်စွာရပြီး အဲဒီအချိန်ကတည်းက Coma ဝင်နေခဲ့တာ ဖြစ်ပါတယ်။

READ
ကိုယ်ဝန်ရှိနေပြီလို့ သတင်းထွက်ပေါ်လာတဲ့ ကင်ဂျုံအန်ရဲ့ညီမ ကင်ယိုဂျောင်

ဒီလိုမျိုး Coma ဖြစ်သွားရှာတဲ့ လူတော်တော်များများဟာ သူတို့ Inspire ဖြစ်တဲ့ လူရဲ့ စကားသံကို ကြားရင် သတိပြန်ရတတ်ပါတယ်။ ဒါ့ကြောင့် IIenia ဟာ Tottin ရဲ့ ပရိသတ်တစ်ယောက်ဖြစ်တာကြောင့် IIenia ဟာ Totti ကို အကူအညီတောင်းခံခဲ့ပါတယ်။ Totti ကိုယ်တိုင်ကလည်း လှိုက်လှိုက်လှဲလှဲကို အကူအညီပေးခဲ့ရှာပါတယ်။ IIeni ကို အားပေးစကားပြောတဲ့ ဗီဒီယို message တွေကို နေ့စဉ် IIenia ဆီကို ပို့ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာ IIenia တစ်ယောက် Coma ကနေပြန်ကောင်းခဲ့ပြီး သတိပြန်ရလာခဲ့ပါတယ်။ ဒီလိုမျိုး IIenia တစ်ယောက် ၁ နှစ်နီးပါး Coma ဝင်ကာ သတိမေ့လာခဲ့ပြီး အခုလို ပြန်သတိရလာခဲ့တာဟာ Totti ရဲ့ ကျေးဇူးတွေ အများကြီးပါပါတယ်။ ဒါ့ကြောင့်လည်း Totti ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့(၂၈.၉.၂၀၂၀)တုန်းက ဆေးရုံသို့သွားရောက်ကာ IIenia ကို လူချင်းတွေ့ပြီး အားပေးစကားတွေ အကြာကြီးပြောခဲ့ကြောင်း သိရပါတယ်။

READ
နားထဲကနေ လောက်တွေ ထွက်လာတဲ့ ထိတ်လန့်စရာ ဖြစ်ရပ်
Youtube-AS Roma icon Francesco Totti visits girl awakened from coma by his voice
Youtube-AS Roma icon Francesco Totti visits girl awakened from coma by his voice

Pyi Hein Kyaw

SHARE