ဦးနှောက်အတိတ်မေ့ခဲ့ပေမယ့် နှလုံးသားအတိတ်မမေ့ခဲ့တဲ့ အမျိုးသမီးလေး

အသက်(၁၉) နှစ်အရွယ် ဂျက်ဆီကာရှာမန်ဆိုသူ အမျိုးသမီးလေးတစ်ဦးဟာ ပြင်းထန်တဲ့ အာရုံကြောဝေဒနာတစ်ခုကို ခံစားခဲ့ရပါတယ်။ ၄င်းကြောင့်ပဲ သူမရဲ့ မှတ်ဥာဏ်တွေအားလုံးဟာ ဆန်းကြယ်စွာ အကုန်ပျောက်ပျက်ခဲ့ပါတယ်။ သူမအနေနဲ့ သူမရဲ့ မိဘတွေနဲ့ သူမရဲ့ ချစ်သူအပါအ၀င် အရေးကြီးပုဂ္ဂိုလ်အားလုံးကို ပြန်လည်အမှတ်ရမိစေဖို့ ကြိုးစားခဲ့ရပါတယ်။

သူမရဲ့ ချစ်သူကတော့ ရစ်ချက်ဘိရှော့ပ်ဆိုသူပါ။ သူ့ကို လုံးလုံး မေ့နေတဲ့ ဂျက်ဆီကာရဲ့ မှတ်ဥာဏ်ပြန်လည်ရရှိအောင် ရစ်ချက်ဟာ သူမကို အကူအညီများစွာ ပေးခဲ့ပါတယ်။ ဂျက်ဆီကာရဲ့ သူမရဲ့ မှတ်ဥာဏ်ပျောက်ဆုံးခဲ့ပုံကို အခုလိုပြောပြပါတယ်။

littlethings

“ကျွန်မ ဘာဖြစ်နေသလဲဆိုတာ မသိတော့ဘူး။ အရင်တုန်းကတော့ ကျွန်မက တက်ပြီးရင် ခဏသတိမေ့သွားတာတော့ ဖြစ်ဖူးတယ်လေ။ ဒါပေမယ့် ခုတစ်ခါတော့ အဲဒီလိုမဟုတ်ဘူး။ အမျိုးသမီးကြီးတစ်ယောက်က ကျွန်မဆီ ပြေးလာနေတာ တွေ့ရတယ်။ အဲဒီအမျိုးသမီးက ဘယ်သူလဲ လုံးဝမသိဘူး။ အဲဒါ ကျွန်မအမေဖြစ်နေတာ ကျွန်မမသိပဲ ကြောင်ကြည့်နေခဲ့တာ။ အဲဒီအချိန်ကစပြီး ကမ္ဘာပျက်သလိုပါပဲ။ ကျွန်မကို ကျွန်မရဲ့ မိသားစုပါလို့ ပြောတဲ့သူတွေနဲ့ အတူနေရတယ်။ ကျွန်မ နားထောင်ရတာ စိတ်မပါတဲ့ ကျွန်မရဲ့ အကြောင်းဆိုတာတွေ သူတို့ပြောပြကြတယ်…”

READ
(၂၀၁၈) ခုနှစ်အတွင်းမှာ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတဲ့ တိရစ္ဆာန်လေးတွေရဲ့ ပုံရိပ်များ
SWNS

ဂျက်ဆီကာ အခုလို မှတ်ဥာဏ်ပျောက်ဆုံးပြီးနောက်မှာ မိသားစုက သူမယုံကြည်အောင်ဆိုပြီး အခုလို ဓာတ်ပုံတွေ ထုတ်ပြကြပါတယ်။ ဒီထဲကမှ မိသားစုဟာ ဂျက်ဆီကာကို သူမရဲ့ ချစ်သူရစ်ချက်နဲ့ ပေးတွေ့ခဲ့ပါတယ်။ ဂျက်ဆီကာက ထိုစဉ်တုန်းက သူမခံစားရတာတွေကို အခုလိုပြောပါတယ်။

SWNS

“ကျွန်မမိသားစုက ကျွန်မနဲ့ သူနဲ့ နှစ်ယောက်တည်းထားခဲ့တယ်။ ကျွန်မ သိပ်မုန်းခဲ့တာ။ သူက ကျွန်မအတွက် တစိမ်းဖြစ်နေခဲ့တာ။ ရစ်ချက်က ကျွန်မတို့သွားနေကျလို့ ဆိုတဲ့ ပန်းခြံလေးကို ခေါ်သွားသေးတယ်။ ကျွန်မမမှတ်မိပါဘူး။  ကျွန်မလက်ကို သူကိုင်တော့ ကျွန်မဆွဲဖယ်လိုက်တယ်။ သူလည်း စိတ်ပျက်သွားပုံရတယ်။ ပြီးတော့ အရင်တုန်းက အချိန်တွေဆီ ကျွန်မနဲ့အတူ ပြန်သွားမယ်တဲ့။ ကျွန်မကို သေသေချာချာဂရုစိုက်ရမယ်တဲ့ ပြောတော့ ကျွန်မလည်း သူနဲ့ ဒီအတိုင်း တွဲမယ်လို့ သဘောတူလိုက်တယ်။ အလေးအနက်မထားခဲ့ဘူး။”

READ
ငယ်စဉ်တည်းက အမြင်အာရုံဆုံးရှုံးခဲ့ပေမဲ့ အတော်ဆုံးဘဲလေးကချေသည်ဖြစ်လာတဲ့ အလစ်ရှာအလွန်ဆို
SWNS

အခုအခါမှာတော့ ဂျက်ဆီကာဟာ အရင်အတိတ်တွေကို မမှတ်မိတော့ပေမယ့် ရစ်ချက်နဲ့ မိသားစုရဲ့ ကူညီထောက်ပံ့မှုကြောင်း သူမကိုယ်သူမ ပြန်လက်ခံနိုင်နေပြီးဖြစ်ပြီး ရစ်ချက်ကို မေတ္တာသက်ဝင်လျက်ရှိနေပါပြီ။ “ကျွန်မမိသားစုရယ်၊ ရစ်ချက်ရယ်ကြောင့် အခုဆို တော်တော် နေပြန်ကောင်းလာပြီလို့ ဆိုရမယ်။ ကျွန်မက ရစ်ချက်ကို သူစိမ်းလို သတ်မှတ်ခဲ့ပေမယ့် သူက ကျွန်မကို အရမ်းနားလည်ပေးခဲ့တယ်။ ကျွန်မကံကောင်းပါတယ်။ အခုတော့ မှတ်ဥာဏ်အသစ်တွေကို ထပ်မမေ့ရအောင် ကြိုးစားနေပါတယ်…” သူမက ပြောပြခဲ့ပါတယ်။

SWNS

 

လင်းလင်း (ShweMom)

Ref: LittleThings,elitereaders

SHARE