လုံးဝမရယ်မပြုံးလို့ နာမည်ကြီးခဲ့တဲ့ နှစ်(၁၀၀) အလွန်က အမျိုးသမီး

Vaudeville ဟာ (၁၈၈၀) ခုနှစ်များဆီကနေ (၁၉၃၀) ခုနှစ်များအတွင်း အင်မတန်ကျော်ကြားခဲ့တဲ့ အမေရိကန်ဖျော်ဖြေရေးပုံစံတစ်ခုပါ။ Vaudeville entertainment ထဲမှာဆိုရင် ပြဇာတ်ဇာတ်လမ်းတိုကစလို့ မျက်လှည့်နဲ့ ဆပ်ကပ်တွေအားလုံး အကျုံးဝင်ပါတယ်။ ဒီလိုရသစုံပါဝင်တဲ့ ဖော်ျဖြေရေးလုပ်ငန်းပုံစံကို (၁၉) ရာစုနှစ်အဆုံးမှာ အော်စကာဟမ်းမားစတိန်းက ဖွင့်လှစ်ခဲ့ပြီး ဗစ်တိုးရီးယားပြဇာတ်ရုံလို့ အမည်ပေးခဲ့ပါတယ်။ (၁၉၀၄-၁၉၁၄) ခုနှစ်အတွင်းမှာတော့ အော်စကာရဲ့ သားဖြစ်တဲ့ ၀ီလီက ပြဇာတ်ရုံကို ကြီးမှုးပြီး လူကြိုက်များမယ်ထင်တဲ့ အစီအစဉ်ပေါင်းစုံကို တင်ဆက်ခဲ့ပါတယ်။

Wikipedia Commons

ဒီထဲမှာ ဆော်ဘာစူးဆိုတဲ့ တင်ဆက်မှုတစ်ခုလည်း ပါပါတယ်။ ဆော်ဘာစူးလို့ နာမည်ပေးထားတဲ့ အမျိုးသမီးကို ဘယ်တော့မှ မရယ်မပြုံးနိုင်တဲ့ မိန်းကလေးလို့ အများက ခေါ်ကြပါတယ်။ ဒီတင်ဆက်မှုကတော့ ထူးခြားပါတယ်။ ပြဇာတ်ရုံပိုင်ရှင် ၀ီလီက ဆော်ဘာစူးကို ရုံသွင်းပြီး သူမဟာ ဘယ်လိုလုပ်လုပ် မရယ်မပြုံးဘူး၊ သူမရယ်အောင် လုပ်နိုင်မယ့်သူပေါ်လာရင် ဒေါ်လာ(၁,၀၀၀) ဆုချီးမြှင့်မယ်ဆိုပြီးတော့ ကြေညာထားတာပါ။

Hoaxes

ပွဲအစပိုင်းမှာတော့ ပရိတ်သတ်ထဲက လူတွေကပဲ ဆော်ဘာစူးကို အမျိုးမျိုးပြုးပြ၊ ပြဲပြ၊ ဟာသတွေပြောပေမယ့် သူမက နည်းနည်းလေးတောင် မပြုံးပါဘူး။ ဒီသတင်းက နောက်ပိုင်း ၀ါရင့်လူရွှင်တော်ကြီးတွေဆီ ရောက်သွားခဲ့ပါတယ်။ သူတို့ကလည်း ဆော်ဘာစူးကို ပြုံးရယ်လို ရယ်ငြား အစွမ်းကုန်ကြိုးစား တင်ဆက်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲလုပ်လုပ် ဆော်ဘာစူးရဲ့ မျက်နှာမှာ ပြုံးယောင်တောင် မသန်းခဲ့ပါဘူး။ ဒီလိုနဲ့ ဆော်ဘာစူးအစီအစဉ်ဟာ တစစနဲ့ ကျော်ကြားလာပြီး ထိုခေတ်အခါက အကောင်းဆုံးဆိုတဲ့ ဟာသအနုပညာရှင်တွေကတောင် လာပြီး သူမကို ပြုံးရယ်စေဖို့ ကြိုးစားတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

READ
သင်မသိသေးတဲ့ အဲလိဇဘက် ဘုရင်မကြီးရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ
Wikipedia Commons

ဆော်ဘာစူးရဲ့ ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ပတ်သက်လို့ သီအိုရီတွေလည်း အမျိုးမျိုးထွက်ခဲ့ပါတယ်။တချို့ကလည်း မျက်လုံးကန်းကန်းနေလို့၊ နားမကြားလို့ စသဖြင့် ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် (၁၉၀၇) ခုနှစ်အရောက်မှာတော့ အဖြစ်မှန်က ပေါ်လာခဲ့ပါတယ်။ သူမမရယ်နိုင်တဲ့အကြောင်းကတော့ သူမမျက်နှာက ကြွက်သားတွေဟာ အကြောသေနေလို့ဖြစ်ပါတယ်။ နောက်ပိုင်းသိလာရတာက ပြဇာတ်ရုံပိုင်ရှင် ၀ီလီဟာ တမင်တကာ ကြံစည်ပြီး ဆော်ဘာစူးကို တစ်ပတ်ဒေါ်လာ(၂၀) ပေးကာ ရုံသွင်းခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ထိပ်တန်းနာမည်ကြီး ဟာသသရုပ်ဆောင်တွေဟာ ဆော်ဘာစူးရှိရာဆီ အလကားလာ ဖျော်ဖြေရတဲ့အပြင် ပြဇာတ်မှာလည်း နာမည်ကြီးလာပြီး ၀ီလီဟာ အမြတ်အစွန်းများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။

မရယ်မပြုံးသူ အမျိုးသမီး ဆော်ဘာစူးနဲ့ ပတ်သက်လို့တော့ ယနေ့ထိ အကြောင်းရင်းများများ မသိရပါဘူး။ သူမရဲ့ နာမည်ရင်းကတော့ စူစန်ကယ်လီလို့ ယူဆရပါတယ်။ သူမဟာ Mobius Syndrome လို့ခေါ်တဲ့ ရှားပါးနာ့ဗ်ကြောရောဂါကို ခံစားနေရတာကြောင့် သနားစဖွယ် အခုလို မရယ်မပြုံးနိုင်တာဖြစ်ပါတယ်။ နောက်ပိုင်း သူမရဲ့ ရောဂါအကြောင်းနဲ့ ၀ီလီရဲ့ အသုံးချခံ ဖြစ်နေရတဲ့အဖြစ်ကို လူတွေသိကြတဲ့အခါ ၀ီလီ့ကို ပြစ်တင်ရှုံ့ချခဲ့ကြပြီး ဟာသပညာရှင်တွေကလည်း ကိုယ်ကျိုးရှာသမားဝီလီကို မုန်းတီးခဲ့ကြတယ်လို့ သိရပါတယ်။

READ
ကမ္ဘာ့နိုင်ငံအများစုရဲ့ နာမည်တွေဟာ ဒီအချက်(၄)ချက်ကို အခြေခံပြီး သတ်မှတ်ထားတာပါ

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE