ဝေဖန်မှုတွေကိုဂရုမစိုက်ဘဲ အမဲလိုက်ခြင်းဆက်လုပ်မယ်ဆိုတဲ့ကောင်မလေး

မကြာသေးခင်က တောလိုက်မုဆိုးအလုပ်ကို ၀ါသနာပါစွာ လုပ်ကိုင်နေခဲ့တဲ့ သားအဖနှစ်ယောက်ဟာ မိမိတို့ ပစ်ခတ်ရရှိထားတဲ့ တောကောင်တွေနဲ့အတူ ဂုဏ်ယူစွာနဲ့ ဓာတ်ပုံတွေရိုက်ကူးကာ လူမှုကွန်ယက်ပေါ်မှာ ပုံတွေကို တင်ခဲ့ပါတယ်။ ဒီအတွက် လူတွေရဲ့ မေတ္တာတော်ကို ခံခဲ့ရပြီး ၎င်းတို့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဆဲစာတွေ၊ ဝေဖန်စာတွေ၊ အသက်အန္တရာယ် ခြိမ်းခြောက်စာတွေ များပြားစွာ လက်ခံခဲ့ရပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ အဲဒီးသားအဖနှစ်ယောက်အနက် သမီးဖြစ်သူ အသက်(12)နှစ်အရွယ် ကျောင်းသူမလေး Aryanna Gourdin ကတော့ လူတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ဂရုမစိုက်ဘဲ မိမိရဲ့ ၀ါသနာအတိုင်း တောကောင်ပစ်ခတ်
ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

Aryanna ဒီလို တိရစ္ဆာန်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ရခြင်းအတွက် ဘယ်တုန်းကမှ နောင်တမရခဲ့သလို၊ ဒီဝါသနာကိုလည်း ဘယ်တော့မှာ စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ သူတို့သားအဖနှစ်ယောက်ဟာ ပုံတွေကိုတင်
ပြီး မကြာခင်မှာ ” လူသတ်သမားတွေ … ဦးနှောက် ကျပ်မပြည့်သူတွေ … ” စသဖြင့် ဆဲရေးခံခဲ့ရပါတယ်။ ဒါ့အပြင် အရေခွံကို ခွာချင်ကြောင်း ခြိမ်းခြောက်မှုတွေလည်း တုန့်ပြန်ခံခဲ့ရပါတယ်။

ဒါပေမယ့် Aryanna ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ကြောင်း မာကြောစွာတုန့်ပြန်ခဲ့ပါတယ်။ Aryanna က ” ကျွန်မက  … အမဲလိုက်ခြင်းကို စွန့်လွှတ်မှာ မဟုတ်ပါဘူး … ကျွန်မက မုဆိုးတစ်ယောက်ပါ … လူတွေ ဘာပြောနေနေ ကျွန်မလုပ်ချင်တာကို ဆက်လုပ်သွားမှာပါ “လို့ ပြောခဲ့ပါတယ်။

READ
အမျိုးသမီးအိမ်သာထဲ ကင်မရာခိုးတပ်ဆင်ရင်း၊ ကိုယ့်မျက်နှာကို ပြန်ရိုက်ကူးသလို ဖြစ်ခဲ့သူ

သူမရဲ့ ဖခင်ဖြစ်တဲ့ Ali သစ်ကုလားအုတ်ကို သတ်ဖြတ်ခဲ့ခြင်းအတွက် ကာကွယ်ခဲ့ပြီး ၎င်းရဲ့ အသားကို တောင်အာဖရိကက မိဘမဲ့ကလေး 800 ကို ဝေငှကျွေးခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူ Ali က သူ့သမီးရဲ့ အပြုအမူအပြောအဆို
တွေကို ကာကွယ်ပေးခဲ့ပါတယ်။ ၎င်းက ” တစ်ခြားမိဘတွေ ကိုယ့်ကလေးကို ဘယ်လိုပျိုးထောင်တယ်ဆိုတာ ကျွန်တော်နဲ့ မဆိုင်ပါဘူး … ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်စလုံးက အမဲလိုက်ရတာကို ၀ါသနာပါတယ် … ဒီလိုဖြစ်ဖို့ တစ်ယောက်ကို တစ်ယောက် တွန်းအားပေးတာမျိုး မလုပ်ခဲ့ပါဘူး …”လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် တိရစ္ဆာန်ညှင်းပန်းနှိက်စက်မှု ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Masha Kalinina က ဒီကိစ္စကို ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ သူမက ” ကျွန်မတို့ ကလေးတွေကို ဒီလို စည်းလွတ်ဝါးလွတ် အမဲလိုက်ခွင့်ပေးမယ် … သဘာဝသားရိုင်းတွေကို ကာကွယ်ခြင်းမရှိဘဲ .. ဒီလို စည်းလွတ်ဝါးလွတ် ပစ်ထားမယ်ဆိုရင် … ကလေးတွေ အားလုံးက … တိရစ္ဆာန်ဆိုတာ သတ်ပစ်မှရမယ်ဆိုတဲ့ အတွေးမျိုး … တွေးအောင် တစ်နည်းနည်းနဲ့ သင်ပေးရာ ရောက်ပါတယ် “လို့
ပြောခဲ့ပါတယ်။

READ
ပိုင်ရှင်မသိပဲ Amazon ကနေ ပစ္စည်းတွေလှမ်းမှာယူခဲ့တဲ့ ကြက်တူရွေးလေး

တောင်အာဖရိကမှာ အမဲလိုက်ခြင်းကို ဥပဒေအရတားမြစ်ထားပါတယ်။ ဒါပေမယ့် အမဲလိုက်ဝါသနာအိုးတွေဟာ ရတဲ့နည်းနဲ့ အမဲလိုက်နေပြီး ဒီကိစ္စကို ထိရောက်စွာကိုင်တွယ်မှုဟာ လုံးဝမရှိသလောက်ပါဘဲ။ တားမြစ်နယ်မြေများမှာပင် အမဲ
လိုက်သူတွေ ရှိနေကြတယ်လို့ သိရပါတယ်။ ဒီကိစ္စဟာ တောခေါင်းတွေရဲ့ လာဘ်ငွေရယူပြီး အမဲလိုက်စေမှုတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

Aryanna ဟာ မြင်းကျား၊ ၀က်ဝံ၊ သစ်ကုလားအုတ် စတဲ့ တိရစ္ဆာန်အသေကောင်များနဲ့ အတူယှဉ်တွဲကာ ဓာတ်ပုံရိုက်ခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီကိစ္စအတွက် အမေရိကန် အခြေစိုက် သားရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့
တွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံထားရပြီး၊ ဥပဒေအရ တုန့်ပြန်မှုတွေကိုတော့ အခုချိန်ထိ မကြားသိရသေးပါဘူး။

လင်းဇော်ကို (Shewmom)

source : thesun.co.uk

SHARE