ကမ္ဘာကျော် DJ Star Marshmello ရဲ့ချစ်သူလေး Kelsey Calemine

ig/@fatherkels & twitter/@marshmello

Marshmello ကိုတော့ EDM ပရိသတ် တော်တော်များများရင်းနှီးပြီးသား ဖြစ်မှာပါ။ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Alone” ဆိုတဲ့သီချင်းနဲ့ ပရိသတ်ရဲ့ရင်ထဲကို ၀င်ရောက်လာသူတစ်ဦးပါ။ နောက်ပိုင်းထွက်ရှိခဲ့တဲ့ သူ့ရဲ့သီချင်းတွေဖြစ်တဲ့ Silence, Wolves, Friends နဲ့ Happier တွေကတော့ billboard ရဲ့အဟော့ဆုံးသီချင်း ၁၀၀ ထဲမှာ Top 30 စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။  ဒါ့အပြင် Marshmello ဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ရဲ့ ကမ္ဘာ့ထိပ်သီး DJ သမားစာရင်းထဲမှာ အဆင့် (၅) နေရာမှာ ချိတ်ခဲ့သူလည်း ဖြစ်ပါတယ်။

Shutterstock/By Kathy Hutchins

Marshmello ကတော့ အောင်မြင်တဲ့ DJ တစ်ဦးဖြစ်ရုံသာမက သူ့ရဲ့ထူးခြားတဲ့ ပုံစံဒီဇိုင်းကလည်း ပရိသတ်ကိုဆွဲဆောင်နေပြန်ပါတယ်။ အဲ့ဒါကတော့ အမြဲလိုလို သူ့မျက်နှာကိုဖုံးထားတဲ့ ဦးထုတ်တစ်လုံးကို ဆောင်းထာတာပါပဲ။ ပရိသတ်တွေကတော့ Marshmello ရဲ့မျက်နှာကို သေချာမြင်ဖူးချင်ကြပါတယ်။ ဒါပေမဲ့ ပရိသတ်ရဲ့ဆန္ဒတွေကို Marshmello ရဲ့ချစ်သူလေး Kelsey Calemine ကတော့ ဖြည့်ဆည်းပေးလိုက်ပုံပါပဲ။

 

View this post on Instagram

 

Im your favorite DJ’s favorite DJ

A post shared by marshmello (@marshmellomusic) on

Kelsey Calemine ကတော့ သူမရဲ့ IG မှာ Marshmello ရဲ့ဦးထုတ်မပါတဲ့ပုံနဲ့ ရိုက်ထားတဲ့စုံတွဲပုံလေးကို “lucky. happy vday🌹” ဆိုတဲ့ Caption နဲ့ ပြီးခဲ့တဲ့ Valentine’s Day နေ့က တင်ပေးခဲ့ပါတယ်။ DJ သက်တမ်းတစ်လျှောက် ဦးထုတ်ဆောင်းပြီးမျက်နှာကိုဖုံးကွယ်လာခဲ့တဲ့ Marshmello တစ်ယောက် ချစ်သူနဲ့ကျမှ မျက်နှာပြတော့တယ်ဆိုတော့ Marshmello ကို ဦးထုတ်ချွတ်စေခဲ့တဲ့ ဒီစော်လေးက ဘယ်သူလဲဆိုတာ ပရိသတ်တွေလည်း သိချင်ကြမယ်ထင်ပါတယ်။

 

View this post on Instagram

 

lucky. happy vday🌹

A post shared by kelsey (@fatherkels) on

ကောင်မလေးရဲက နာမည်က Kelsey Calemine ပါ။ (၁၉၉၉) ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့မှာမွေးဖွားခဲ့ပြီး အသက်က ၂၂ နှစ်ဆိုတော့ Marshmello ထက် ၅ နှစ်ငယ်ပါတယ်။ Califonia ပြည်နယ် Los Angeles မှာမွေးဖွားခဲ့ပါတယ်။ အရပ်ကတော့ ၅ ပေ ၆ လက်မပါ။ သူမမှာ မောင်လေးတစ်ယောက်ရှိပါတယ်။ Kelsey ကတော့ Instagram မှာ ကျော်ကြားတဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်ပါ။ Kelsey ရဲ့ရုပ်ရည်ကို ပြောရမယ်ဆိုရင် Kylie Jenner နဲ့ “Pretty Little Liar” ထဲက မင်းသမီး Lucy Hale တို့ပေါင်းစပ်ထားတဲ့ ရုပ်ရည်ပါ။

 

View this post on Instagram

 

haven’t taken any photos since i’ve been in miami so here are these

A post shared by kelsey (@fatherkels) on

 

View this post on Instagram

 

miami mami

A post shared by kelsey (@fatherkels) on

 

View this post on Instagram

 

not me rn but wish it was

A post shared by kelsey (@fatherkels) on

ig/@fatherkels

၂၀၁၆ ခုနှစ်တုန်းက Kylie Jenner ရဲ့ပရိသတ်တစ်ယောက်က Kelsey ရဲ့ပုံကို “ Kylie နဲ့ Lucy Hale တို့နှစ်ယောက်ပေါင်းပြီးကလေးမွေးခဲ့ရင် မွေးလာတဲ့ကလေးက ဒီလိုပုံစံဖြစ်ရမယ်” ဆိုတဲ့ Caption နဲ့ social media ပေါ်တင်လိုက်ရာက Lucy Hale က Kelsey ကိုသတိထားမိခဲ့တာပါ။ Lucy Hale ကိုယ်တိုင်ကတောင် Kelesey ပုံကို သူမရဲ့ twitter မှာပြန်တင်ပြီး follower တွေကို “ဒီမိန်းကလေးကဘယ်သူလဲ? တကယ့်လူလား? ကာတွန်းလားလို့?” ပြန်မေးရလောက်တဲ့အထိ သူတို့နှစ်ယောက်က တူပါတယ်။ ဒီလိုမေးမြန်းလိုက်ချင်းကလည်း Kelsey ကို လူတွေပိုသတိထားမိပြီး အောင်မြင်ကျော်ကြားသွားစေပါတယ်။

Kelsey ရဲ့ instagram မှာတော့ follower ပေါင်း ၂.၇ မီလီယံရှိပြီး သူမရဲ့နောက်ဆုံးပေါ် ဖက်ရှင်ပုံတွေနဲ့ ဆံပင်ပုံတွေကို အဓိကထားတင်ပါတယ်။ ပရိသတ်တွေကြားမှာ အဓိကနာမည်ကြီးတာကတော့ သူမရဲ့ဆံပင်စတိုင်တွေနဲ့ ဆံပင်အရောင်တွေကြောင့်ပါပဲ။ အင်တာဗျူးတစ်ခုမှာ Kelesy ကသူမရဲ့ဆံပင်တွေကို နဂိုအညှိရောင်ဆံပင်ကနေ ရွှေရောင်ဆံပင်ဆိုးရတာကို ကြိုက်နှစ်သက်ကြောင်း ဖြေခဲ့ပါတယ်။ သူမကတော့ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ အင်္ဂလိပ်အမျိုးသမီးအဆိုတော်အဖွဲ့ Spice Girls ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Emma Bunton ရဲ့အမာခံပရိသတ်တစ်ဦးပါ။

 

View this post on Instagram

 

📷shooting 2dayyy makeup by my girl @elojelloseropian

A post shared by kelsey (@fatherkels) on

 

View this post on Instagram

 

the little mermaid in real life

A post shared by kelsey (@fatherkels) on

 

View this post on Instagram

 

throwback to coachella last week pretending im at weekend 2

A post shared by kelsey (@fatherkels) on

Kelsey က သူမရဲ့ပုံတွေကို instagram မှာတင်ပြီး အောင်မြင်တဲ့ instagram ဆယ်လီတစ်ယောက်ဆိုပေမဲ့ သူမရဲ့အကြောင်းနဲ့ပတ်သတ်ပြီး လူတော်တော်များများ သိပ်မသိကြပါဘူး။ သူမက သူမရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေ နဲ့အချစ်ရေးကိစ္စတွေကို လူသိတာ သိပ်မခံချင်ပါဘူးလို့ အင်တာဗျူးတစ်ခုမှာဖြေဖူးပါတယ်။ Marshmello နဲ့မတွဲခင်တုန်းကတော့ Kelsey ဟာ ရည်းစားနှစ်ယောက်ထားခဲ့ဖူးပါသေးတယ်။ ပြီးခဲ့တဲ့ Valentine’s Day နေ့တုန်းကမှ ကမ္ဘာကျော် DJ Star တစ်ယောက်ဖြစ်တဲ့ Marshmello နဲ့နှစ်ယောက်တွဲပုံတင်ပြီး သူရဲ့အချစ်ရေးကိုကြေညာခဲ့တာပါ။ ကမ္ဘာကျော် DJ Star တစ်ယောက်ဖြစ်တဲ့ Diplo ကလည်း Kelsey တို့စုံတွဲပုံအောက်မှာ “lol chris told me he was 100 percent my valentine” အရွှန်းဖောက်တဲ့ comment ကိုရေးပြီး နှစ်ယောက်လုံးကို ဂုဏ်ပြုပေးခဲ့ပါသေးတယ်။

READ
ဆိုဖီယာနဲ့ နင်ဇီမေ တို့ရဲ့ "The Guest " MV ထွက်ရှိ
ig/@diplo

Marshmello နဲ့ Kelsey တို့သမီးရည်းစား ၂ ယောက်လုံးက သိုသိုသိပ်သိပ် နေတက်ကြတဲ့ လူတွေဖြစ်တဲ့အတွက် အခုလိုမျိုး တွဲနေတဲ့သတင်းထွက်လာတာက ပရိသတ်တွေကို အရမ်းပဲအံ့သြတုန်လှုပ်စေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကို ကန့်ကွက်ခြင်းမရှိပဲ ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Source : The Famous People

SHARE