ချစ်သူနှစ်ယောက်ထားပြီး ဘယ်တစ်ယောက်က ပိုသစ္စာရှိလဲ စမ်းသပ်ခဲ့တဲ့ ကောင်မလေး

ချစ်သူကို သစ္စာရှိမရှိ စမ်းသပ်ကြတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီကောင်မလေးကတော့ နည်းနည်းဆန်းပါတယ်။ သူက ရည်းစား တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ ၂ယောက်ထားပြီးမှ ဘယ်သူက ပိုသစ္စာရှိလဲ စမ်းခဲ့တာ
ဖြစ်ပါတယ်။ နားထောင်ရတာတော့ တစ်မျိုးကြီးပဲ…သူက သစ္စာအရင်မရှိသလိုများဖြစ်နေလား….

ဒါကတော့ ကိုယ့်ဘာသာကိုယ်စဉ်းစားကြည့်နော်။ ဒီကောင်မလေး ဘယ်လိုလုပ်လဲ ဆက်ကြည့်ရအောင်..ကောင်မလေး
ဟာ ဖောက်ပြန်သူတွေကို အကွက်ချပြီး သေချာဖမ်းပေးတဲ့ Catch a Cheater ဆိုတဲ့ အစီအစဉ်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ သူမရဲ့ ၇ည်းစားတွေကတော့ steve နဲ့ Darnell ဖြစ်ပါတယ်။ ထိုနှစ်ယောက်ထဲမှာမှ သူမဟာ Steve ကိုပိုသဘော ကျပြီး Steve ကို ပိုယုံကြည်နေခဲ့ပါတယ်။

ပထမရည်းစားကိုတော့ ချိန်းထားခဲ့ပါတယ်။ ပထမရည်းစားဖြစ်တဲ့ steve ဟာ ကောင်မလေးနဲ့ တွေ့နေတုန်း အခြား ခပ်ချောချော ကောင်မလေး တစ်ယောက် ရောက်လာခဲ့ပါတယ်။ Steve ရဲ့ အင်္ကျီ ဘယ်လောက်မိုက်ကြောင်း စကားပြောရင်း
ရောခဲ့ပါတယ်။ တစ်ယောက်ထဲထိုင်နေတာလားလို့ မေးတဲ့အချိန်မှာ Steve ဟာ သူ့ရဲ့ရည်းစားကို စောင့်နေကြောင်း ဝန်မခံခဲ့ပါဘူး။ ကျန်တာကိုတော့ ဗီဒီယိုထဲမှာ ဆက်ကြည့်လိုက်ပါ။

READ
ဆိုင်ကယ်စီးလူဆိုးအဖွဲ့ကို လျှင်မြန်စွာ ထိန်းသိမ်းလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်များ

Steve ကို စမ်းသပ်ခဲ့တဲ့ ရည်းစားကောင်မလေးဟာလည်း အံ့အားသင့်ခဲ့ရပါတယ်။ ရည်းစား ၂ယောက်မှာ Steve ကို ပိုယုံကြည်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ Darnell ကို စမ်းသပ်ရာမှာတော့ ကောင်မလေးက Darnell လည်း ဒီပုပ်ထဲက ဒီပဲပဲ ထင်ခဲ့
ပါတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အထင်မှားခဲ့ပြီး Darnell ဟာ မဖောက်ပြန်ခဲ့ပါဘူး။ ကောင်မလေးလည်း အံ့သြသွားတဲ့ပုံပေါက်ခဲ့ပါတယ်။

ဘယ်တစ်ယောက်က ဖောက်ပြန်တာလဲသိပြိးသွားတဲ့အချိန်မှာတောင် ကောင်မလေးက Steveကို စိတ်မကုန်ခဲ့ပါဘူး။
သူမရဲ့ပြောပုံအရ Steve နဲ့ စကား ပြောပြီး ဆက်တွဲအုံးမယ့် ပုံစံရှိပါတယ်။

Source: catch a cheater

SHARE