ဆိုရှယ်မီဒီယာမှာ ၀န်းရံသူတွေ ၀ိုင်းနေတဲ့ ကာယဗလမောင်အိုပါး

ကိုရီးယားကာယဗလမောင် အိုပါး တစ်ယောက်ကတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိန်းကလေးပရိသတ်တွေ ကြားမှာ နာမည်ကြီးနေပါတယ်။ ကာယဗလာမောင် မော်ဒယ်အိုပါးရဲ့ နာမည်ကတော့ Ryu Jaeheon ပါ။ မော်ဒယ်၊ fitness Trainer ၊ ကာယဗလမောင်ပါ။ ဆိုရှယ်မီဒီယာမှာ Fan တွေ အများကြီးကို ပိုင်ဆိုင်ထားပါတယ်။

Ryu Jaeheon ကတော့ WBFF Muscle Model Pro နဲ့ NABBA WFF Classic Model Pro ပြိုင်ပွဲတွေမှာ အနိုင်ရထားသူပါ။ 2018 NABBA WFF ASIA Open CHAMPIONSHIP “Pro League” ပြိုင်ပွဲ၊ “Classic Model”  ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး  ပထမဆုရခဲ့ပါတယ်။ 2018 Asia Grand Prix မှာလည်း ပထမဆုရရှိထားသူပါ။ (၂၀၁၅) တုန်း က လည်း ဒီပြိုင်ပွဲမှာလည်း ပထမဆုရခဲ့ဖူးပါတယ်။ နောက်(၂)နှစ်အကြာမှာ ထပ်ပြိုင်ေ တာ့လည်း ပထမဆုကို ထိုက်ထိုက်တန်ထန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

READ
ချစ်သူကို စကားနားထောင်စေချင်လို့ စကားလုံးလှလှလေးတွေနဲ့ ချုပ်လိုက်တဲ့ သုသု

ဆိုရှယ်မီဒီယာပေါ်မှာ ၀န်းရံသူတွေ ၀ိုင်းနေတာကတော့ မထူးဆန်းပါဘူး။ အရမ်းမိုက်တဲ့ Body အပြင် အရမ်းကို ယောက်ျားပီသပြီး စမတ်ကျတဲ့ ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ Instagram ဆိုရင် Followers (47.9 K) ရှိပါတယ်။ကျန်းမာရေးနဲ့ Fitness ဆိုင်ရာ ဗီဒီယိုတွေကိုလည်း ရိုက် ကူးပေးနေပါတယ်။ ဒီလိုအမိုက်စား ကြွက်သားတွေကို ရဖို့ သန့်ရှင်းလတ်ဆတ်တဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသောက်တယ်လို့ ဆိုပါတယ်။

Ryu Jaeheon ဟာ အရမ်းမိုက်တဲ့ မော်ဒယ်၊ကာယဗလာမောင် တင်မဟုတ်ပါဘူး။ အရမ်း ကို မိုက်တဲ့ ခင်ပွန်း၊ဒယ်ဒီ တစ်ယောက်ပါ။ အိမ်ထောင်ရှိပါတယ်။ ချစ်စရာကောင်းတဲ့ သမီးနဲ့ ဇနီး လေးကို ပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့ မိသားစုကို လည်း မကြာခဏ ဆိုသလို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ပြတတ်သူပါ။

READ
တောင်ကိုရီးယားရဲ့ အလန်းဆုံး CEO

 

Source koreaboo

SHARE