အချစ်စစ်နဲ့တွေ့နေပြီးဖြစ်တဲ့ကောင်မလေးတွေသာ ခံစားရမယ့်အရာများ

ယောကျာ်းလေးတွေက သူတို့ သိပ်ချစ်ရတဲ့ကောင်မလေးတွေကိုဆို အစအဆုံးဂရုစိုက်ပေးတတ်တယ်။ သင်ကို ဒီအချက်တွေအတိုင်းလုပ်ပေးနေတယ်ဆိုရင် သင်ဟာ အချစ်စစ်နဲ့တွေ့နေပါပြီ။ ဒီအရာတွေက အချစ်စစ်နဲ့တွေ့နေပြီးဖြစ်တဲ့ကောင်မလေးတွေသာ ခံစားရမယ့်အရာတွေပဲဖြစ်တယ်။

၁။ ဈေးဝယ်ထွက်ရင် လိုက်ပေးတတ်တယ်

သင်ဈေးဝယ်ထွက်ရင် ဘေးကနေ မပျင်းမရိလိုက်ပေးတတ်တယ်။ ယောက်ျားလေးတော်တော်များများက ဈေးဝယ်လိုက်ပေးရမှာ ပျင်းတတ်တယ်။ သင့်ချစ်သူက သင်ဈေးဝယ်ထွက်တိုင်း လိုက်စောင့်ပေးတတ်တယ်။ သင်ဝယ်ချင်တဲ့ပစ္စည်းလေးတွေကို လိုက်ရွေးပေးတတ်တယ်။ ဈေးဝယ်ထွက်ချိန် ကြာနေရင်တောင် မပျင်းမရိဘဲလိုက်ပေးတတ်တယ်။ သင်က ဈေးဝယ်ထွက်ရင်လိုက်ပေးလို့အရင်ပြောစရာမလိုဘူး ၊ သူ့အလိုလိုဈေးဝယ်လိုက်ပေးတတ်တယ်။ ဒီလိုလူမျိုးနဲ့ချစ်မိနေပြီးဆိုရင် သင် အချစ်စစ်နဲ့တွေ့နေပါပြီ။

၂။ အစစအရာရာ ဂရုစိုက်ပေးတတ်တယ် 

သင့်ရဲ့ခေါင်းကနေ ခြေဖျားထိကို အစစအရာရာ ဂရုစိုက်ပေးတတ်တယ်။ သင့်ဆံပင်၊ မိတ်ကပ် ၊ အ၀တ်အစား ၊ ကျန်းမာရေးကအစ လိုက်ဂရုစိုက်တတ်တယ်။ ဆံပင်ညှပ်ဆိုင်သွားရင် လိုက်စောင့်ပေးတတ်တယ်။ မိတ်ကပ်ဝယ်ဖို့သွားရင် သူသိသလိုပုံစံနဲ့ လိုက်ရွေးပေးတတ်တယ်။ အ၀တ်အစားဆိုလည်း ဘာနဲ့ဘာ တွဲဝတ်ရင်လှမယ်ဆိုတာကအစ အမေတစ်ယောက်လို လိုက်ဂရုစိုက်ပေးတတ်တယ်။ သင့်ကျန်းမာရေးအတွက်လည်း အမြဲစိတ်ပူပြီး ဂရုစိုက်ပေးနေတတ်တယ်။ သင့်မှာ သင့်ကိုအမေတစ်ယောက်လို စိတ်ပူပြီး ဂရုစိုက်ချစ်တတ်တဲ့ ချစ်သူရှိနေပြီးလား။

READ
အွန်လိုင်းပေါ်မှာစာပြန်တာကိုကြည့်ပြီး ကိုယ့်ကိုစိတ်ဝင်စားမှုရှိမရှိအကဲဖြတ်နည်းများ

၃။ အိမ်ပြန်လိုက်ပို့ပေးတတ်တယ်

အလုပ်ကအပြန်ပဲဖြစ်စေ၊ ချိန်းတွေ့ပြီးအပြန်ဖြစ်စေ အိမ်ပြန်လိုက်ပို့ပေးတတ်တယ်။ သူ့အတွက် ပင်ပန်းနေရင်တောင် သင်ကိုစိတ်မချလို့ အိမ်ပြန်လိုက်ပို့ပေးတတ်တယ်။ အခြေအနေတစ်ခုအရ သင့်ကို တစ်ယောက်တည်း အိမ်ပြန်လွှတ်လိုက်ရရင်တောင် သင်ဖုန်းမှာ ခြေရာခံစနစ်ကို ဖွင့်ထားပြီး သူဖုန်းကနေတစ်ဆင့် စောင့်ကြည့်နေတတ်တယ်။ အဲ့လောက်ထိ သင့်ကိုချစ်တာပါ။

၎။ အမှတ်တရနေ့တွေဆို surprise လုပ်ပေးတတ်တယ်

သင့်တို့နှစ်ယောက်အတွက် အမှတ်တရဖြစ်တဲ့နေ့တွေမှာ surprise လုပ်ပေးတတ်တယ်။ တစ်လမှ တစ်ခါလောက်တော့ သင့်အတွက် အမြဲ surprise လေးတွေလုပ်ပေးတတ်တယ်။ အကြောင်းကတော့ သင်ပျော်နေတာကိုပဲ အမြဲမြင်ချင်လို့ပါ။

၅။ သင့်အပေါ်ကို မာနတွေမထားတတ်ဘူး 

ယောကျာ်းမို့လို ဆိုပြီး မလုပ်ပေးတာတွေမရှိပါဘူး။ သင့်အတွက် ယောကျာ်းလေးမာနကို စွန့်ပြီး လုပ်ပေးစရာရှိတာကိုလုပ်ပေးတယ်။ သင့်ဖိနပ်ပျက်သွားရင်တောင် သူ့ဖိနပ်ကိုပေးစီးတတ်တယ်။ သင့်ခြေထောက်ပေါက်နေရင်တောင် သင့်ခြေထောက်ကို ကိုင်ပြီးဆေးလိမ်းပေးတတ်တယ်။ သင့်အတွက် အမျိုးသမီးပစ္စည်းကို သွားဝယ်ပေးဖို့တောင် ၀န်မလေးပါဘူး။ အဲ့လိုလုပ်ပေးရတဲ့အထိ သင့်ကို အချစ်စစ်နဲ့ချစ်တာပါ။

READ
ကိုယ့်အပေါ်မကောင်းတဲ့သူကို အရမ်းချစ်မိသွားတဲ့ မိန်းကလေးတွေရဲ့ ခံစားချက်များ

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE