SM Entertainment နဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ Girl’s Generation

ig/@snsd_smentown

Girl’s Generation အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Sunny, Taeyeon, Yoona, Yuri နဲ့ Hyoyeon တို့က SM Entertainment နဲ့အတူ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ SM Entertainment ကနေပြီး စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့အကြောင်းကို တရားဝင် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

gg forever ❤️

A post shared by girls’ generation 소녀시대🇰🇷 (@snsd_smentown) on

အေဂျင်စီရဲ့ ပြောကြားချက်အရ “ ကျွန်တော်တို့ လတ်တလောမှာ Sunny, Taeyeon, Yoona, Yuri နဲ့ Hyoyeon တို့တွေနဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာပါ ကျွန်တော်တို့ရဲ့ အပြန်အလှန်ခင်မင်မှုနဲ့ ရင်းနှီးမှုတွေ ရှိထားပြီး business partner ထပ်ကို ပိုပါတယ် သူတို့လိုအပ်တာတွေကို အကောင်းဆုံး ထောက်ပံ့ပေးသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

READ
Gay စုံတွဲလို့ အထင်လွဲခံခဲ့ရတဲ့ ဆောင်ဂျွန်ကီနဲ့ ပတ်ဘိုဂန်

 

 

View this post on Instagram

 

#GG4EVA 💕

A post shared by girls’ generation 소녀시대🇰🇷 (@snsd_smentown) on

2017 ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီးနောက် Girl’s Generation ရဲ့အဖွဲ့ဝင် Sooyoung, Seohyun နဲ့ Tiffany တို့ဟာ SM Entertainment ကနေ ထွက်ခွါခဲ့ကြပါတယ်။ ဒါပေမယ့် ကျန်တဲ့ အဖွဲ့ဝင် ငါးယောက်ကတော့ SM Entertainment မှာပဲ ဆက်နေဖို့ကို ဆုံဖြတ်ခဲ့ကြတာပါ။

 

 

View this post on Instagram

 

the amt of talent in this picture is unreal

A post shared by girls’ generation 소녀시대🇰🇷 (@snsd_smentown) on

နောက်ထပ် အသစ်တစ်ဖန် စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အခါမှာလည်း သူတို့က SM Entertainment နဲ့ပဲ ထပ်ပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Girl’s Generation အဖွဲ့ဟာ SM Entertainment ရဲ့ လေ့ကျင့်ပေးမှုကြောင့် ‘Into the New World’ နဲ့အတူ 2007 ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တာ ဖြစ်ပါတယ်။

READ
အင်စတာဂရမ်အကောင့်ဟက်ပြီး ယူသုံးနေတဲ့သူကို ပေါ်တင်ချဲလိုက်တဲ့ အုပ်စိုးခန့်

 

အဖွဲ့ဝင် တစ်ယောက်စီရဲ့ မတူညီတဲ့ အားသာချက်တွေနဲ့အတူ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့ဟာ အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ ခုအချိန်ထိလည်း အားပေးတဲ့ သူတွေရှိနေကြပြီး သူတို့ရဲ့ ဘယ်လိုမျိုး ဖန်တီးမှုအသစ်တွေ လာမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်နော်။

Khin

SHARE