အရွယ်နဲ့မလိုက်အောင် စီးပွားရေး အကွက်မြင်လွန်းတဲ့ (၁၀)နှစ် သမီးလေး

Bored Panda

အလုပ်တစ်ခု ဒါမှမဟုတ် စီးပွားရေးတစ်ခုကို လုပ်ဖို့ဆိုတာ အသက်ကြီးတာ၊ အသက်ငယ်တာ၊ အတွေ့အကြုံရှိဖို့ မရှိဖို့နဲ့ မဆိုင်ပါဘူး။ တခြားသူတွေထက် အကွက်မြင်တတ်ပြီး ခေါင်းတစ်လုံး ပိုစဉ်းစားနိုင်ဖို့ပဲ လိုအပ်တာပါ။ ဒါကို သက်သေပြသွားတာကတော့ အသက် ၁၀နှစ်ကျော်ပဲရှိသေးတဲ့ ကင်းထောက်လူငယ်အမျိုးသမီးလေးတွေပဲ ဖြစ်ပါတယ်။

[email protected] Watkins

အမေရိကန်နိုင်ငံ၊ ချီကာဂို ပြည်နယ်ဟာ ဆေးခြောက်တရားဝင် ရောင်းဝယ်သုံးစွဲခွင့်ရထားတာ မကြာသေးပါဘူး။ အဲ့ပြည်နယ်က ဆေးခြောက်တရားဝင်ရောင်းလို့ရတဲ့ ဆိုင်ဘေးချင်းကပ်ရပ်မှာ ကင်းထောက်မိန်းကလေးတွေဟာ တနင်္ဂနွေနေ့မနက်တိုင်းမှာ ကွတ်ကီးတွေကို ရောင်းလေ့ရှိကြကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

ဒီလိုအားလပ်ရက် တစ်ရက်ထဲကိုတင် ကွတ်ကီးဗူး ရာချီကို လက်မလည်အောင် ရောင်းကောင်းပါတယ်။ သူတို့ရောင်းတဲ့သူတော်တော်များများဟာ ဘေးချင်းကပ်က ဆေးခြောက်တရားဝင်ရောင်းခွင့်ရတဲ့ဆိုင်ကို လာဝယ်တဲ့သူအများစုပဲ ဖြစ်ပါတယ်။ ဆိုင်ကိုလာဝယ်တဲ့သူတွေသာမက အဲဒီဆိုင်က ဝန်ထမ်းတွေကိုယ်တိုင်ကပါ အဆိုပါ မိန်းကလေးငယ်လေးတွေ ရောင်းတဲ့ကွတ်ကီးကို အမြဲတမ်းလိုလို ဝယ်ယူ အားပေးဖြစ်ကြောင်း သိရှိရပါတယ်။

READ
နေ့တိုင်း ကိုယ့်ဟာကိုယ် ဘတ်စ်ကားစီးပြီး ပန်းခြံကိုသွားလေ့ရှိတဲ့ ခွေးမလေး Eclipse
[email protected]

“ ဒီအကြံအစည်ကို စပြီးရခဲ့တာ ၂၀၁၉ ခုနှစ်လောက်တုန်းက သမီးဆီ ကွတ်ကီးလာဝယ်ဖူးတဲ့ ရဲအရာရှိတစ်ယောက်ဆီကပါ။ ကွတ်ကီးတွေကို ဆေးခြောက်တရားဝင်ဖွင့်လို့ရတဲ့ ဆိုင်ဘေးမှာ ဖွင့်ရင် တော်တော်ရောင်းကောင်းလောက်တယ်ဆိုပြီး ပြောတော့ သမီးတို့တစ်ဖွဲ့လုံး တနင်္ဂနွေနေ့မနက်တိုင်း ဒီမှာ လာရောင်းဖြစ်သွားတာပါ။ မနက်ပိုင်း တစ်ပိုင်းထဲကိုတင် ဘူးတွေရာချီလောက်ရောင်းရပါတယ်” လို့ အသက်(၁၀)နှစ်ပဲရှိသေးတဲ့ ကင်းထောက်အဖွဲ့ခေါင်းဆောင် Melissa Soukup က ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE