အချစ်ရေးမှာ မိန်းကလေးတွေအနေနဲ့ မလုပ်သင့်တဲ့အရာများ

shutterstock/By Valua Vitaly

Relationship တစ်ခုမှာ မိန်းကလေးတစ်ယောက်အနေနဲ့ လုံးဝမလုပ်သင့်တာတွေ ရှိပါတယ်။ ဒီအရာလေးတွေကို ရှောင်ရှားခြင်းဖြင့် ခိုင်မာတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

(၁) သူ့အခက်အခဲတိုင်းကို ဖြေရှင်းပေးဖို့ကြိုးစားတာ

shutterstock/By Jacob Lund

တကယ်လို့သင့်ချစ်သူဟာ ငွေကြေးနဲ့သက်ဆိုင်တဲ့ ပြသနာတစ်ခုခုကို ကြုံတွေ့နေရတယ်ဆိုရင်တောင် သူ့ကိုသင်အမြဲတမ်း မကူညီသင့်ပါဘူး။ သင်အမြဲဒီလိုကူညီပေးလိုက်ခြင်းဖြင့် သူဟာ ပြသနာတွေကို ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့၊ အကူအညီပေးဖော်မရတဲ့ ချစ်သူတစ်ယောက်ဖြစ်လာမှာပါ။ သူ့အနာဂတ်သူ တာဝန်ယူဖို့တောင် သတ္တိမရှိတော့လောက်တဲ့ အထိကို ပျော့ညံ့သွားမှာပါ။ သင်ဟာ မိန်းမသားတစ်ယောက်၊ အရာအားလုံးကို တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ စက်ရုပ်မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့။

(၂) တန်ဖိုးကြီးလက်ဆောင်တွေအမြဲပေးတာ

အကောင်းဆုံးကတော့ အပြန်အလှန်ပေးနိုင်တဲ့ လက်ဆောင်မျိုးကိုပဲ ပေးပါ။ တန်ဖိုးကြီးလက်ဆောင်တွေ သင်ပေးတဲ့အခါ သူ့ဘက်က တန်ဖိုးညီတဲ့ ပစ္စည်းပြန်မပေးနိုင်ခဲ့ရင် သူ့ကိုသူ အားမလိုအားမရဖြစ်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။ မကောင်းတဲ့ယောက်ျားသာ ဆိုရင်တော့ သင့်အချစ်တွေကို သူလိုချင်တာရဖို့အတွက် အသုံးချတော့မှာပါ။

READ
လျှာပေါ်ပေါက်တဲ့အကျိတ်ကြောင့် မေးရိုးနဲ့လျှာတစ်ခုလုံးဖယ်လိုက်ရတဲ့အမျိုးသမီး

(၃) သူငိုတိုင်းအဖော်ပြုပေးတာ

ယောက်ျားလေးတွေဟာ သူတို့ကို သနားတဲ့ မိန်းကလေးမျိုးကို မကြိုက်ကြပါဘူး။ သူဝမ်းနည်းနေတဲ့အချိန်တိုင်း သူ့အနားမှာ သင်ရှိပေးခြင်းဖြင့် သင်တို့အချစ်ရေးဟာ နက်ရှိုင်းလာမယ်လို့မထင်ပါနဲ့။ တကယ်တော်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူကို အောင်မြင်မှုတွေရရှိလာအောင် စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ သူမျိုးပါ။

(၄) “ငါပြောသားပဲ”

တကယ်လို့ သူပြောတဲ့ အရာတစ်ခုခုက လွဲချော်သွားပြီး သင့်ဘက်က ၁၀၀% မှန်နေရင်တောင် “ငါပြောသားပဲ” ဆိုတာမျိုး မပြောမိပါစေနဲ့။ ဒီလိုပြောလိုက်ခြင်းဖြင့် သင်ဟာသူ့ထက်ပိုတော်ကြောင်း အဓိပ္ပါယ်သက်ရောက်သလို နှိမ်ရာလည်း ရောက်ပါတယ်။ ယောက်ျားလေးတိုင်းဟာ အလေးစားခံချင်ကြသလို အရေးပါအရာရောက်ချင်ကြပါတယ်။ မကြာခဏ သူ့ကိုချီးမွမ်းတာမျိုးကိုသာ သင်လုပ်သင့်ပါတယ်။

(၅) သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အလုပ်တွေကို စွန့်လွှတ်တာ

လူတစ်ယောက်ကို ချစ်တာနဲ့ပဲ သင်နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ကို အဆက်အသွယ်မလုပ်တာ၊ သူငယ်ချင်း၊ မိသားစုတွေကို အချိန်မပေးနိုင်တာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ သူမှသူဖြစ်နေတယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ သင့်အပေါ် သူအီသွားပြီး ထားသွားမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် သူထားသွာခဲ့ရင်တောင် သင့်အနားမှာကျန်ခဲ့မယ့် သူတွေက သင့်မိသားစု နဲ့ သူငယ်ချင်းတွေပါပဲ။

READ
အက်စစ်နဲ့ပတ်ပြီး နှိပ်စက်သူကို ဆက်လက်ပေါင်းသင်း နေထိုင်နေဆဲ သားအမိနှစ်ယောက်

(၆) သင့်အသွင်အပြင်ကိုပြောင်းလဲတာ

shutterstock/By Ariwasabi

ကိုယ့်ချစ်သူရဲ့မျက်လုံးထဲမှာ အလှဆုံးဖြစ်ချင်ကြတာကတော့ မိန်းကလေးတိုင်းရဲ့သဘာဝပါ။ ဒါပေမယ့် သင်ဖြစ်နိုင်တဲ့ အတိုင်းအတာထက် ပိုလှချင်တယ်ဆိုရင်တော့ ဒါဟာမဖြစ်သင့်တော့ပါဘူး။ သင့်ချစ်သူကိုယ်တိုင်က သင့်ကိုပြောင်းလဲပစ်ဖို့ တွန်းအားပေးနေရင်တော့ အဲလိုလူမျိုးကို သင်မလိုအပ်ပါဘူး။ သင့်ကိုတကယ် ချစ်တဲ့ သူအဖို့ သင့်ရဲ့သဘာဝကသာ အလှဆုံးဖြစ်နေမှာပါ။

Em Em (Shwemom)

SHARE