လျှာရှည်လွန်းလို့ ကိုယ့်မျက်လုံးကိုယ်တောင် ပြန်ထိတွေ့နိုင်တဲ့ မိန်းကလေး

ကလေးဘ၀အရွယ်မှာ တချို့တွေက နှာခေါင်း ဒါမှမဟုတ် မေးစေ့ကို လျှာနဲ့တို့ထိနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီး ဆော့ကစားဖူးကြပါတယ်။ များသောအားဖြင့် ပုံမှန်လူတွေရဲ့ လျှာက သိပ်မရှည်ပါဘူး။ ဒါပေမယ့် အသက်(၁၈) နှစ်အရွယ် အက်ဒရီယန်းလူးဝစ်စ်အမည်ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လျှာကတော့ ပုံမှန်လူတွေထက် အများကြီး ပိုရှည်နေတာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။

အက်ဒရီယန်းရဲ့ လျှာဟာ (၄) လက်မ အရှည်ရှိပါတယ်။ သူမက အဲဒီလျှာနဲ့ သူမရဲ့ မေးစေ့၊ နှာခေါင်းနဲ့ မျက်လုံးထိတောင် တို့ထိနိုင်ပါတယ်။ သူမရဲ့ လျှာနဲ့ ပတ်သက်လို့ အက်ဒရီယန်းဟာ YouTube ပေါ်မှာ ဗီဒီယိုရိုက်ကူးတင်ခဲ့ရာကနေ သူမရဲ့ အကြောင်းဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ်။

youtube

အက်ဒရီယန်းရဲ့ မိခင်ဖြစ်သူ ဂျူလီယန်းကတော့ အက်ဒရီယန်းရဲ့ လျှာအရှည်ကို (၁၂) နှစ်သမီးအရွယ်မှာ စပြီး သတိထားမိခဲ့တယ်လို့ ပြောပြပါတယ်။ ငယ်ငယ်တုန်းက အက်ဒရီယန်းဟာ လျှာနဲ့ နှာခေါင်းတွေ၊ တံတောင်တွေကို ထိကပ်ကာ အကြိမ်ဖန်များစွာ ဆော့ကစားတတ်ကြောင်း သူမမိခင်က ဆိုပါတယ်။ ဒက်ဒရီယန်းတို့ရဲ့ အမျိုးတွေက ရှည်လျားတဲ့ လျှာပိုင်ရှင်တွေဖြစ်ပါတယ်။ သူမရဲ့အမေ၊ အဖွားနဲ့ အဘိုးတို့ဆိုရင်လည်း လျှာအရှည်ကြီးတွေကို ပိုင်ဆိုင်ထားကြတဲ့ သူတွေချည်းပါ။

READ
အာကာသယာဉ်မှ ပေးပို့ခဲ့တဲ့ ဂျူပီတာဂြိုဟ်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံများ
youtube

လက်ရှိမှာတော့ ဂင်းနစ်မှတ်တမ်းအရ ကမ္ဘာ့လျှာအရှည်ဆုံးသူဟာ နစ်ခ်စတိုးဘီရီဖြစ်ပြီး သူ့ရဲ့ လျှာက အရှည် (၃.၉၇) လက်မရှိပါတယ်။ အက်ဒရီယန်းကတော့ အရှည်(၄) လက်မတောင် ရှိတာမို့ သူမက ဂင်းနစ်စံချိန်ချိုးနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအထိတော့ ဂင်းနစ်က အက်ဒရီယန်းရဲ့ လျှာကို မတိုင်းတာရသေးတာကြောင့် အကျုံးမ၀င်သေးပေမယ့် အက်ဒရီယန်းက ဂင်းနစ်စံချိန်တင်တစ်ဦးဖြစ်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE