အချစ်ဆုံးယောကျာ်းလေးသူငယ်ချင်းရှိတဲ့ မိန်းကလေးတွေသာ နားလည်နိုင်မဲ့အချက်များ

pixabay/klimkin

မိန်းကလေးတွေမှာ တစ်ခါတစ်ရံ အရမ်းချစ်ရတဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ယောက်ျားလေး သူငယ်ချင်းတစ်ယောက်ရှိ
တတ်ပါတယ်။ အဲ့ဒိတစ်ယောက်ကလည်း သာမန်သူငယ်ချင်းမဟုတ်ပါဘူး။ Best Friendပါ။ ပြောမနာဆိုမနာပါ။ ဒီလို
သူငယ်ချင်းယောက်ျားလေးရှိခြင်းရဲ့အကျိုးကျေးးဇူးကိုတော့ မရှိတဲ့သူတွေဘယ်လိုမှနားလည်မှာ မဟုတ်ပါဘူး။ အောက်
မှာတော့ ယောက်ျားလေးBest Friendရှိတဲ့ မိန်းကလေးတွေပဲသိတဲ့ခံစားချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) လူတွေက ကျွန်မတို့၂ယောက်တွဲနေပဲထင်ကြတယ်။

pixabay/SnapwireSnaps

ကျွန်မကလည်းသူ့အကြောင်းဆိုပါးစပ်ကနေမချ သူငယ်ချင်းတွေကြားထဲမှာပြောတတ်သလို သူကလည်း သူ့သူငယ်ချင်းတွေကြားထဲမှာ ကျွန်မအကြောင်းပြောတတ်ပါတယ်။ ဒါကိုလူတွေက တွဲနေကြတယ်လို့ပဲထင်ကြပါတယ်။ ကျွန်မတို့၂
ယောက် တစ်ခါတစ်လေ ရုပ်ရှင်သွားကြည့်ရင်ကြည့်မယ်။ ၂ယောက်ထဲသွားမယ်။ တစ်ယောက်အသားတစ်ယောက်ထိ
ရင်လည်းထိမယ်။ ဒါပေမယ့်ဘယ်တော့မှာ Awkwardမဖြစ်ဘူး။ မွေးကတည်းက မအေတစ်ယောက်ထဲကထွက်လာတဲ့
အတိုင်းခံစားမိတယ်။

(၂) အချို့ကောင်မလေးတွေက ကျွန်မတို့ကိုမုန်းတတ်ကြတယ်။

အချို့ကောင်မလေးတွေက ကျွန်မတို့ရဲ့Best Friendကောင်လေးဆီက အာရုံစူးစိုက်မှုကိုခံချင်ကြတယ်။ ဒါ့ကြောင့်သူ
သဘောကျနေတဲ့ ကျွန်မသူငယ်ချင်းက ကျွန်မကိုဂရုစိုက်တာကို မလိုလားကြဘူး။ ကျွန်မတို့က အမြဲပထမဦးစားပေး
ဖြစ်နေလို့သူတို့မုန်းတတ်ကြတယ်။ Best Friendရဲ့ချစ်သူကောင်မလေးတွေဆို စတွေ့ကတည်းက ကျွန်မတို့ကိုသိပ်
မကြည်ကြဘူး။

READ
သကြားလုံးနှိုက်ရင်း သေနတ်ခလုတ်ကို နှိပ်မိပြီး၊ ထိမှန်သေဆုံးခဲ့တဲ့ ကလေးမလေး

(၃) လူတွေက ကျွန်မတို့၂ယောက်ကို ငယ်ငယ်ကတည်းကပေါင်းလာကြတယ်
ထင်တတ်ကြတယ်။

လူတော်တော်များများကတော့ ကျွန်မတို့၂ယောက်သိတာနှစ်ပေါင်းများစွာကြာနေပြီလို့ထင်တတ်ကြတယ်။ တစ်ခါတစ်
လေ ၃နှစ်လောက်လို့ပြောရင်တောင် မယုံချင်ကြဘူး။

(၄) လူတွေကကျွန်မတို့၂ယောက် တစ်ခါတစ်လေတော့ စိတ်ယိုင်မိကြမယ်
ထင်တယ်။

pixabay/Hans

နိုးပါ။ ၂ယောက်သားအရမ်းတာ ချစ်တာ။ အဲ့ဒိလိုစိတ်မျိုးဘယ်တော့မှ မဝင်ဘူး။ ဘယ်တော့မှလည်းဖြစ်မှာမဟုတ်ဘူး။ မဖြစ်မနေ ခရီးသွားရင်း အတူတူအိပ်ရရင်တောင် ကျွန်မရဲ့Best Friendကြီးက ကျွန်မကို ကုတင်ပေါ်မှာအိပ်ခိုင်းပြီး သူက ကြမ်းပြင်ပေါ်အိပ်လိမ့်မယ်။ သူနဲ့ကျွန်မဘယ်လောက်ရိုးသားလဲ သင့်မှာအဲ့ဒိလိုသူငယ်ချင်းမရှိရင် နားလည်ပေးနိုင်မှာ မဟုတ်ဘူး။

(၅) တစ်ချို့တွေက ကျွန်မတို့Relationshipကိုအားကျကြတယ်။

တစ်ချို့မိန်းကလေးတွေက တကယ်ကို ကျွန်မတို့၂ယောက်ရဲ့ ဖြူစင်မှုကိုသဘောကျကြတယ်။ ထုတ်မပြောရင်တောင်
မျက်လုံးတွေမှာမြင်နိုင်တယ်။ ဆောရီးပါကွယ်။ မျှမပေးနိုင်ဘူး။ သူက ကျွန်မအတွက် ဘုရားသခင်ကပေးထားတဲ့ လက်ဆောင်။

(၆) ရည်းစားထားတိုင်း မယုံသင်္ကာအဖြစ်ခံရတယ်။

ရည်းစားက တစ်ခါတစ်လေမယုံဘူး။ တစ်ခါတစ်လေ မနာလိုဖြစ်တတ်တယ်။ ဟိုကောင့်ကိုပြန်ပြောပြရင် အသေရယ်
တတ်တယ်။

READ
Asia Model Festival ပြိုင်ပွဲဝင်ခွင့်ရခဲ့တဲ့ အသက်(၁၃)နှစ်အရွယ် မွန်ဂိုလီယားမော်ဒယ်လေး

(၇) တစ်ခါတစ်လေရန်ဖြစ်တယ်။ မကြာဘူးပြန်ခေါ်ကြတယ်။

pixabay/RyanMcGuire

တစ်ခါတစ်လေ စကားများတယ်။ မကြာပါဘူး။ ပြန်ခေါ်တယ်။ ပြန်စတယ်။ ဘယ်တာ့မှ Dramaတွေလုပ်မနေဘူး။
ကျွန်မအလုံခြုံဆုံးက သူ့အနားမှာပဲ။ သူ့ကိုဆဲလည်း စိတ်မဆိုးဘူး။ သူနဲ့ဆို ကျွန်မလွတ်လွတ်လပ်လပ်နေလို့ရတယ်။
ဘာမှဟန်ဆောင်စရာမလိုဘူး။

(၈) သူ့ကိုအရမ်းချစ်တယ်။ ဒါပေမယ့် မိသားစုလို၊ မောင်နှမလို၊ အရမ်းဖြူစင်
စွာချစ်တာမျိုး။

အဲ့ဒိလိုအချစ်မျိုးကို သူစိမ်းယောက်ျားလေးနဲ့ မိန်းကလေးတစ်ယောက်ကြားမှာ ရှိပါ့မလားလို့ သံသယရှိကြလိ့မ့်မယ်။
မယုံရင်ပုံပြင်လို့မှတ်လို့ရတယ်။ အဲ့ဒိအချစ် ကျွန်မအတွက်တော့တကယ်ရှိတယ်။

(၉) သူကကျွန်မအတွက် အကြံပေးအရာရှိ

အတွင်းကျဆုံးပြဿနာတွေကို စိတ်ချယုံကြည်စွာဆွေးနွေးလို့ရတာ သူတစ်ယောက်ပဲရှိတယ်။

မဒီလေး (Shwemom)

SHARE