ရုရှားနိုင်ငံရဲ့ ညှို့အားအပြင်းဆုံးအမျိုးသမီးများအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မိန်းမလှ(၃)ဦး


ရုရှားနိုင်ငံရဲ့ Maxim magazine ကနေ နိုင်ငံအတွင်း ညှို့အားအပြင်းဆုံး ဘီကီနီမိန်းမလှလေး(၃)ဦးကို ဖော်ပြလိုက်ပါတယ်။ရေကူးဝတ်စုံ၊ဘီကီနီနဲ့ မိန်းမလှလေးတွေကို ပရိသတ်ငါးသန်းကျော်က အွန်လိုင်းကနေ Vote လုပ်ပေး ခဲ့ကြတာဖြစ်ပါတယ်။ ၀မ်းနည်းစရာတစ်ခုကတော့ ရုရှားနိုင်ငံရဲ့ Kim Kardashian လို့တင်စားခံထားရတဲ့ အသက်(၂၂)နှစ်အရွယ် မော်ဒယ်မလေး Anastasia Kvitko (ရုရှားရဲ့အလှဆုံးမိန်းကလေး)အဖြစ်သတ်မှတ်ခံထား ရတဲ့ သူမက တတိယနေရာကိုသာ ရခဲ့ပါတယ်။nintchdbpict000293560216ရုရှားနိုင်ငံ Kaliningrad Oblast ဒေသမှာနေထိုင်တဲ့ ပေါ့ပ်စတား တစ်ယော က်ဖြစ်တဲ့သူမကတော့ အသက်(၃၄) ဆိုပေမယ့် ကောက်ကြောင်းအလှတွေနဲ့ လှပနေဆဲ ညှို့ယူဖမ်းစားနိုင်စဲဖြစ်တာကြောင့် နံပါတ်တစ်နေရာကို ရခဲ့ပါတယ်။ Vera Brezhneva ဟာNu Virgos ယူကရိန်း Girl Band ရဲ့အဖွဲ့ဝင် တစ်ယောက်လည်းဖြစ်ပါတယ်။Instagram followers (၆)သန်းရှိပါတယ်။nintchdbpict000293560359

ဒုတိယနေရာကိုတော့ ရုရှားအဆိုတော် Natalia Ionova (အနုပညာနာမည် ‘Glukoza’ )အသက်(၃၀)က ရခဲ့ပါတယ်။သူမဟာ ရုရှားသမ္မတဗလာဒီမာ ပူတင်ရဲ့မွေးစားသမီး Ksenia Sobchak ရဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတွေဖြစ် ပါတယ်။သူမမှာတော့ Instagram followers (၁)သန်းရှိပါတယ်။

nintchdbpict000293560462

Anastasia Kvitko ကတော့ တတိယနေရာရခဲ့ပါတယ်။မော်ဒယ်အေဂျင် စီတွေက ၀လွန်းတယ်လို့ သူမကိုပြောတာကြောင့် ခန္ဓာကိုယ်ကို (38-25-42)ဖြစ်အောင် လျှော့ပစ်ခဲ့သူပါ။သူမရဲ့ခန္ဓာကိုယ်အလှဟာ လေ့ကျင့်ခန်းနဲ့အစားလျှော့ပြီးချထားတာဖြစ်ကာ ပြုပြင်မှုမပါတဲ့ သဘာဝလို့ ပြောခဲ့ ပါတယ်။ငယ်ငယ်တည်းက အားကစားသမားဖြစ်ပြီး၊အခုဆိုရင်တော့ ခန္ဓာကိုယ် အလှကို ထိန်းနိုင်ဖို့ တစ်ပတ်မှာ Gym ကိုလေးခေါက်လောက် သွားပြီး ဆော့ တယ်လို့သိရပါတယ်။

READ
ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်ကောက်ကြောင်းအလှဆုံးအမျိုးသမီး (၁၀)ဦး

Ref; thesun

SHARE