ဝိုင်တစ်နေ့တစ်ခွက်သောက်ခြင်းက အိုမင်းမှုကိုနှေးကွေစေကြောင်းတွေ့ရှိ

ဝိုင်တစ်ခွက် နေ့စဉ်သောက်သုံးပေးခြင်းဖြစ် အိုမင်းမှုကို နှေးကွေးစေတယ်လို့ သုတေသနပညာရှင်တွေက ထုတ်ပြန်ခဲ့
ပါတယ်။ အလုပ်မှာ ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင်လည်း ၀ိုင်နှစ်ခွက်လောက် သောက်ပေးလိုက်တာနဲ့ ချက်ချင်း တက်
ကြွသွားမယ်လို့လည်း ဆိုထားပါတယ်။

တစ်ရက်ကို အယ်လ်ကိုဟောလ်ဓာတ်ပါတဲ့ အဖျော်ယမကာ နှစ်ခွက်ခန့် ပုံမှန်သောက်သုံးပေးသူတွေဟာ အရက်ပုံမှန်
မသောက်သူ၊ အရက်ကို ရှောင်ကြဉ်သူများထက် အရွယ်တင်နုပျိုပြီး အသက်ပိုရှည်တယ်လို့ the University of Iowa
က အခိုင်အမာ ပြောဆိုထားပါတယ်။

အဲဒီ သုတေသနအတွက် ဥရောပအမေရိကန် မျိုးနွယ် 656 ယောက်နဲ့ အမေရိကအာဖရိက မျိုးနွယ် 180 ဟောက်ကို
စစ်ဆေးစမ်းသပ်မှုတွေ လုပ်ခဲ့တယ်လှို့ သိရပါတယ်။ အဆိုပါ သုတေသနအပြီးမှာ “အယ်လ်ကိုဟောလ်ပါတဲ့ ယမကာ
တွေ ပုံမှန် သုံးဆောင်သူတွေဟာ အခြားသူများထက် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်ပိုပြီး နေရတယ် ”ဆိုတဲ့ မှတ်
ချက်လည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ သုတေသနကို ဓာတ်ခွဲတာဝန်ခံအဖြစ် Robert A. Philibet က တာဝန်ယူပြီး
လက်ထောက်အဖြစ် Meeshanthini Dogan က တာဝန်ယူခဲ့ပါတယ်။

READ
ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နည်းလမ်းများ

Myanmar Online Media

Health

Source: independent.co.uk

SHARE