Naya Rivera ဆိုတာ Glee မှာ Santana Lopez ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ငွေကြယ်ပွင့်တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ သရုပ်ဆောင်ပိုင်းမှာအပြင် အဆိုပိုင်းမှာပါ ထူးချွန်လှတဲ့လူဖြစ်ပြီး တက်ကြွလှုပ်ရှားတဲ့အရေးတွေမှာလည်း စိတ်အားရော လူအားနဲ့ပါ အောင်မြင်မှုကိုအသုံးချပြီး ပါဝင်ပေးခဲ့တဲ့သူတစ်ယောက်ပါ။ ဒီအပြင် အသိတွေအတွက်လည်း မိတ်ဆွေကောင်းဖြစ်ခဲ့တဲ့အပြင် idol ကောင်း၊ မိသားစုဝင်ကောင်းနဲ့ မိခင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။
အခုတော့ ငွေကြယ်ပွင့်တစ်ဦး တစ်ကမ္ဘာမြေပေါ်ကနေ ကြွေကျသွားခဲ့ပြန်ပါပြီ။ အသက် ၃၃ နှစ်အရွယ်သာရှိနေခဲ့တဲ့ Naya Rivera ဟာ ၄ နှစ်အရွယ်သားဖြစ်သူနဲ့အတူ ကယ်လီဖိုးနီးယားမှာရှိနေတဲ့ Peru ရေကန်ထဲမှာ ဇူလိုင်လ ၈ ရက်နေ့တုန်းက လှေစီးထွက်ခဲ့ကြပါတယ်တဲ့။
https://www.instagram.com/p/B8CMMG2gbLk/
အဲဒီနေ့ ညနေ ၄ နာရီမှာပဲ ၄ နှစ်သား ကလေးလေးကိုတော့ အသက်ကယ်အင်္ကျီနဲ့ လှေပေါ်မယ် တစ်ယောက်တည်း အိပ်ပျော်နေလျက် လူတချို့ကတွေ့ခဲ့ကြပါတယ်။ ဒါနဲ့ ကလေးကို မေးမြန်းမှုတွေ လုပ်လိုက်တဲ့အခါမှောတာ့ လှေပေါ်ကနေ ဆင်းပြီး မိခင်နဲ့အတူတူရေကူးခဲ့ပေမယ့်လည်း သူသာ လှေပေါ်ကို ပြန်ရောက်လာတယ်၊ မိခင်ကတော့ ရေထဲမှာ ပျောက်သွားခဲ့တယ်လို့ ပြောပါတယ်တဲ့။ ဒါနဲ့ပဲ Naya Rivera ကို စိတ်ပူပန်ပြီး လူပျောက်ရှာဖို့ လုပ်ကြပါတော့တယ်။
https://www.instagram.com/p/B9myT1nA86l/
၅ ရက်မြောက်နေ့မှာတော့ Naya Rivera ရဲ့ ရုပ်အလောင်းကို Piru ကန်ထဲမှာပဲ ရှာတွေ့ခဲ့ပါတယ်။
Naya Rivera သေဆုံးခဲ့ပြီဆိုတဲ့ သတင်းကြားကြားခြင်းပဲ တစ်ယောက်တစ်နေရာစီဖြစ်နေကြတဲ့ Glee သရုပ်ဆောင်များဟာ Piru ရေကန်ကိုလာပြီး အချင်းချင်းလက်ချင်းတွဲကာ Naya Rivera ရဲ့နောက်ဆုံးနှလုံးခုန်သွားခဲ့တဲ့နေရာလေးမှာ ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။

My Naya, my Snixxx, my Bee. I legitimately can not imagine this world without you. pic.twitter.com/qX9t1Uhx01
— Kevin McHale (@druidDUDE) July 14, 2020
Rest sweet, Naya. What a force you were. Love and peace to your family.
— Jane Lynch (@janemarielynch) July 13, 2020
Glee ကြည့်ရင်း လူငယ်ဘဝကို အမှတ်တရတွေနဲ့ တွေးခေါ်မှုအသစ်တွေပေးခဲ့တဲ့ Naya Rivera ကို အားလုံးအမှတ်ရနေကြဦးမယ်လို့ မျှော်လင့်ပါတယ်။
Penny