Eaglesအဖွဲ့တည်ထောင်သူ ပင်တိုင်ဂစ်တာသမားGlenn Frey ကွယ်လွန်

မြန်မာတွေထဲမှာတော့ Hotel California သီချင်းလို့ပြောလိုက်ရင် လူတော်တော်များများသိကြပါတယ်။ လှပ
လွန်းတဲ့ ဂီတနဲ့အတူ လန်းလွန်းတဲ့ စာသားတွေကိုတီထွင်ခဲ့တာကတော့ Eaglesပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့
ဒီသီချင်းကို တစ်ဖက်တစ်နေရာကနေ အသက်သွင်းခဲ့သူ Eagles အဖွဲ့ရဲ့ ပင်တိုင်ဂစ်တာသမားကြီးလဲဖြစ် အဖွဲ့ကို
တည်ထောင်ခဲ့သူလည်း ဖြစ်တဲ့ Glenn Frey ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့(18-1-2016)က ကွယ်လွန်သွားခဲ့ပါတယ်။
သူ ကွယ်လွန်ချိန်မှာ အသက်(67)နှစ်ရှိပြီဖြစ်ပါတယ်။

glenn

သူဟာ Eagles အဖွဲ့ကို ကမ္ဘာကျော်စေမဲ့ တေးသီချင်းပေါင်း မြောက်များစွာကိုလည်း ရေးစပ်ပေးခဲ့သလို ကိုယ်တိုင်
လည်း ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်ပါတယ်။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး Eagles တီးဝိုင်းအဖွဲ့ဝင်များက
“ Glenn ဟာ ကုန်လွန်ခဲ့တဲ့ ရသတ္တပတ်ပေါင်းများစွာမှာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သူပါ၊ အခုတော့ ကာလရှည်ကြာ
လှပြီဖြစ်တဲ့ အဆုတ်ရောင်ရောဂါ၊ အဆစ်အမြစ်ကိုက်ရောဂါ၊ ဖက်ခွက်နာရောဂါတွေနဲ့ ရောဂါပေါင်းစုံနဲ့တိုက်ပွဲကြီး
မှာ သူဟာ ငြိမ်းချမ်းစွာ ဒူးထောက်ခဲ့ရပြီ …. ကျွန်တော်တို့ Frey မိသားစုဝင်တွေအနေနဲ့လည်း သူ ဒီတိုက်ပွဲမှာ
စွမ်းစွမ်းတမံတိုက်ခိုက်နိုင်ဖို့ ဆုတောင်းပေးတဲ့သူတွေ၊ အားပေးစကားပြောတဲ့သူတွေကို ထာဝရကျေးဇူးတင်နေမှာပါ”
လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

READ
အိုမင်းမစွမ်းမိဘတွေကို သူနာပြုတွေနဲ့ ချည်းလွှတ်မထားသင့်ကြောင်း ဖော်ပြနေတဲ့အဖြစ်

Glenn Frey ဟာ တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ်များစွာနဲ့ အောင်မြင်ခဲ့သလို၊ Billboard Hot 100
စာရင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူရေးစပ်ခဲ့တဲ့ သီချင်းတွေအနက် အထူးအောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့
“HeartacheTonight, Lyin’ Eyes, Tequila Sunrise, Take It Easy, စသည်တို့အပြင်
Desperado နဲ့ Hotel California သီချင်းကိုတော့ အဖွဲ့ဝင် Don Henley နဲ့ ပေါင်းစပ်ရေးဖွဲ့ခဲ့ပါတယ်။
Eagles အဖွဲ့ဝင် Glenn ဟာ ဂီတအမြင့်ဆုံး ဂရမ်မီဆုကို 6 ကြိမ်အထိ American Music Awards
5 ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး သူဆိုခဲ့တဲ့ သီချင်းအချပ်ရေပေါင်း သန်း(120)အထိ ရောင်းချနိုင်ခဲ့တဲ့ ပါရမီရှင်ကြီး
လည်း ဖြစ်ပါတယ်။

READ
ဈေးဝယ်သူတွေတောင် ရပ်ကြည့်ပြီးနားထောင်ခဲ့ရတဲ့ (၁၂) အရွယ်ကောင်လေးရဲ့ ပီယာနိုသံ

Myanmar Online Media

Source: msn

SHARE