ဂလိုက်ဒါလိုက်စီးရာ ကြိုးချိတ်ဖို့မေ့သွားခဲ့လို့ အသက်အန္တရာယ် ကြုံခဲ့ရတဲ့ အမျိုးသား

YouTuber တစ်ဦးဖြစ်တဲ့ Chris Gursky ဟာ သူ့ရဲ့အားလပ်ရပ်မှာ ဆွစ်ဇလန်နိုင်ငံသို့ အပန်းဖြေခရီးထွက်ခဲ့ပါတယ်။

Facebook

ရောက်တုန်းရောက်ခိုက် ခေတ်စားနေတဲ့ ဂလိုက်ဒါစီးခြင်းကို အတွေ့အကြုံသစ်ရစေရန်အလို့ငှာ စီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သတိလက်လွတ်မှုကြောင့်အပျော်မှ အပျက်ဖြစ်ကာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဂလိုက်ဒါကို ကိုယ်တိုင်စီးတာမဟုတ်ဘဲ လမ်းကြောင်းထိန်းညှိပေးမယ့် ပိုင်းလော့နဲ့အတူတူလိုက်စီးခဲ့ပါတယ်။

YouTube

လေအရှိန်နဲ့ ဂလိုက်ဒါလေပေါ်မြောက်သွားတဲ့အချိန်မှာတော့ Chris စိတ်ထဲထူပူကာ ရင်ခုန်နှုန်းတွေမြန်လာခဲ့ပါတယ်။ မလုပ်ဖူးသေးတဲ့အလုပ်ကို လုပ်နေရတဲ့အတွက် စိတ်လှုပ်ရှားကာ ရင်ခုန်တာမျိုးမဟုတ်ဘဲ ဂလိုက်ဒါနဲ့ သူနဲ့ကို ချိတ်ထားရမယ့်ကြိုးဟာ မချိတ်မိနေလို့ပါ။ တကယ်တော့ ပိုင်းလော့က ကြိုးချိတ်ပေးဖို့ မေ့သွားခဲ့တာပဲဖြစ်ပါတယ်။

YouTube

လေနဲ့တဟုတ်ထိုးအပေါ်ကိုမြင့်တက်သွားတဲ့အတွက် အချိန်မီခုန်ချခဲ့ဖို့လည်း မေ့သွားပုံပေါ်ပါတယ်။ စစထွက်ချင်း ပိုင်းလော့ကို ပုခုံးဖက်လျက်အနေအထားနဲ့ လေပေါ်သို့ရောက်သွားခဲ့ရပါတယ်။ စက်တပ်ယာဉ်မဟုတ်ဘဲ လေအရှိန်နဲ့သွားရတာဖြစ်တဲ့အတွက် အခုလိုဘေးမျိုးကြုံလာတဲ့အခါမှာ မြေပေါ်ကိုချက်ချင်းဆက်သက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ အရှိန်ယူပြီးတက်ရသလိုဆင်းတဲ့အခါမှာလည်း အရှိန်ယူပြီး ဆင်းရတဲ့အတွက် လေအရှိန်နဲ့ အချိန်တစ်ခုပေးကိုပေးရမှာပါ။

သိပ်မကြာခင်မှာပဲ ပိုင်းလော့ကိုဖက်ထားတဲ့လက်ရဲ့ ဘယ်ဘက်ကို ဂလိုက်တာလမ်းကြောင်းထိန်းတဲ့ သံတိုင်ကို လှမ်းကိုင်လိုက်ခဲ့ပါတယ်။ လက်ကချွေးတွေထွက်ကာ သံတိုင်မှာလည်း ခဏခဏလျှောကျနေတဲ့အတွက် စက္ကန့်တိုင်းလိုလိုဟာ Chris အတွက် ရင်ထိန်စရာချည်းပါပဲ။

READ
သွားလေးတွေတောင် ပေါက်နေပြီဖြစ်တဲ့ တော်ဝင်မင်းသားလေး လူးဝစ်စ်
YouTube

တွဲလဲခိုအနေအထားနဲ့ လက်နှစ်ဖက်စလုံးသံတိုင်မှာပဲ အားပြုထားရတဲ့ Chris ကို ပိုင်းလော့မှ ဆွဲထားဖို့ကြံစည်ပါသေးတယ်။ လက်နှစ်ဖက်နဲ့ ထိန်းမှအဆင်ပြေမယ့် ဂလိုက်ဒါဟာ ပိုင်းလော့လက်တစ်ဖက်လွှတ်လိုက်တာနဲ့ပဲ ယိမ်းယိုင်ထိုးသွားတဲ့အတွက် ဘယ်လိုမှမတတ်နိုင်ကာ လက်နှစ်ဖက်စလုံးကို သံတိုင်ပေါ်မှာပြန်ထားထားခဲ့ရပါတယ်။

YouTube

သိပ်မကြာခင်မှာပဲ ပိုင်းလော့ဟာသူ့ရဲ့ဘယ်ဘက်ခြေထောက်ကို Chris ဆီကိုထိုးပေးပြီး ကိုင်ခိုင်းခဲ့ပါတယ်။ သံတိုင်ထက်စာရင်တော့ ခြေထောက်ဟာ ချော်ထွက်တာကို မဖြစ်စေတဲ့အတွက်ကြောင့်ပါ။ ခြေထောက်တစ်ဖက်၊ သံတိုင်တစ်ဖက်ကို အားကိုးရင်း ကျားကုတ်ကျားခဲဆွဲထားရင်းနဲ့ပင် လူတစ်ရပ်ကျော်စာလောက်မြင့်တဲ့အနေအထားအရောက်မှာတော့ ဘယ်လိုမှမတတ်နိုင်ဘဲ Chris တစ်ယောက် သေချာတွေးပြီး ခုန်ချခဲ့ပါတယ်။

ခုန်ချလိုက်တဲ့ဒဏ်ကြောင့် ညာဖက်လက်ကောက်ဝတ်အရွတ်ထိခိုက်ကာ အရိုးကျိုးခဲ့ပြီး အသေးစားခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။ သူ့ရဲ့ကြောက်လန့်ထိတ်လန့်ဖွယ်သေဘေးနဲ့ကြူံတွေ့ခဲ့ရတဲ့ ဗီဒီယိုကို YouTuber ပီပီ YouTube Channel မှာ တင်ထားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဖြစ်စဉ်တစ်လျှောက်လုံးသူ့ကိုယ်သူ သေလူလို့သဘောထားခဲ့ပြီး သေတော့မှာပဲဆိုတဲ့အတွေးက စက္ကန့်မလပ်ဝင်နေခဲ့တယ်လို့ဆိုပါတယ်။

Facebook
Facebook

အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပြီး ခွဲစိတ်မှုပြုလုပ်ခဲ့တာတောင် သတင်းမေးဖော်မရတဲ့ ပိုင်းလော့ကိုတော့ သူ့အသက်ကိုအတတ်နိုင်ဆုံးကယ်ခဲ့တဲ့အတွက်ကြောင့် ဘာစိတ်မှမထားတော့ဘဲ ကြိုးတပ်ဖို့သတိမရတဲ့အပေါ်မှာလည်း ခွင့်လွှတ်ကြောင်း ပြောရင်း ဆွစ်ဇာလန်မှာပဲ လက်ပတ်တီး ကိုင်ထားလျက်ကြီးနဲ့ ချစ်သူနဲ့အတူတူ ပျော်ပါးခဲ့ပါတယ်။

READ
ဟိမ၀န္တာထဲမှာ47ရက်ကြာလမ်းပျောက်ပြီးနောက် ဇနီးအလောင်းဘေးမှာသတိလစ်နေခဲ့တဲ့ခင်ပွန်း
Facebook

Source: Daily Mail

Penny

 

SHARE