လမ်းဘေးခွေး (၂၀၀) ကျော်ကို နေ့စဉ် အစာနဲ့ရေထောက်ပံ့ပေးနေတဲ့ ပရဟိတအဖွဲ့အစည်း

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတိုင်းနီးပါးဟာ ရောဂါကာကွယ်ဖို့ ကိုယ်အိမ်ထဲမှာပဲကိုယ် နေနေရကြပါတယ်။ လက်ရှိအချိန်အထိကာကွယ်ဆေးမပေါ်သေးတာကြောင့် လူတော်တော်များများကတော့ အပြင်မထွက်တော့ပါဘူး။ လူသူကင်းမဲ့နေတဲ့လမ်းတွေပေါ်မှာ ဒုက္ခအရောက်ဆုံးကတော့ လမ်းဘေးခွေးကလေးတွေပါပဲ။

[email protected]

ဘာကြောင့်လဲဆိုတော့ လမ်းဘေးခွေးကလေးတွေဟာ လူတွေရှိနေတဲ့အချိန်မှ လူတွေရဲ့ စားကြွင်းစားကျန်တွေကို မှီခိုစားသောက်နေရတာပါပဲ။ အခုလို လူတွေအိမ်ထဲက အိမ်အပြင်မထွက်တဲ့အချိန်မှာ သူတို့လေးတွေရဲ့ စားရေးသောက်ရေးဟာ အင်မတန်ခက်ခဲလွန်းလှပါတယ်။ ဒါ့ကြောင့်လဲ အိန္ဒိယနိုင်ငံက ပရဟိတအဖွဲ့အစည်းတစ်ခုဟာ လမ်းဘေးခွေး ၂၀၀ ကျော်ကို နေ့စဉ်အစာနဲ့ရေ ထောက်ပံ့ကျွေးမွေးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

Drishti Marine လို့အမည်ရတဲ့ အိန္ဒိယအဖွဲ့အစည်းတစ်ခုဟာ အိန္ဒိယနိုင်ငံ၊ Old Goa မြို့အနီးအနားတစ်ဝိုက်နဲ့ South Goa ကမ်းခြေအနီးတစ်ဝိုက်ရှိ လမ်းဘေးခွေး ၂၀၀ ကျော်ကို နေ့စဉ်အစာနဲ့ရေတွေ ထောက်ပံ့ပေးနေပါတယ်။ အဆိုပါအဖွဲ့အစည်းဟာ ခွေးတွေကို ကျွေးမွေးဖို့ အစားအစာ ၃၀ ကီလိုဂရမ်ကို နေ့တိုင်းယူလာပြီး ရေသန့်လီတာ ၃၀ ကျော်ကိုလည်း တိုက်ကျွေးပါသေးတယ်။

READ
ဒုက္ခိတဖြစ်နေတဲ့ ခွေးလေးတွေကိုမှ စာနာသနားစိတ်နဲ့ ကောက်ယူမွေးစားထားတဲ့ အမျိုးသမီး

 

“ဒီနှစ်နေရာက ခရီးသွားတွေမရှိရင် အရမ်းခေါင်ခိုက်တယ်။ အခုလို COVID 19 ကာလဆို ပိုလို့တောင်ဆိုးသေးတယ်။ အပြင်မှာ လူတွေတစ်ယောက်မှကို မတွေ့တာ။ လူတွေကတော့ သူ့တို့ဝမ်းရေးသူတို့ဖြေရှင်းနိုင်ပေမယ့် လမ်းဘေးခွေးကလေးတွေကတော့ လူတွေ ကျွေးမှ စားရတဲ့ဘဝပါ။ ဒါ့ကြောင့် ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်သွားတာပါ” လို့ အဆိုပါအဖွဲ့အစည်းရဲ့ Executive Director ဖြစ်သူ Ravi Shankar က ပြောကြားခဲ့ပါတယ်။

READ
(၂၀၁၈) ခုနှစ်အတွင်းမှာ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတဲ့ တိရစ္ဆာန်လေးတွေရဲ့ ပုံရိပ်များ

Pyi Hein Kyaw

SHARE