ဂင်းနစ်စံချိန်သစ် ဖြစ်လာမယ့် ထူးထူးဆန်းဆန်း ဂိုးကို သွင်းယူခဲ့တဲ့ ဂိုးသမား Tom King

[email protected] tomlking

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၀.၁.၂၀၂၁)တုန်းက ဘောလုံးလောကရဲ့ အရှည်လျားဆုံး သွင်းဂိုးတစ်ဂိုးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ သွင်းဂိုးတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးမတိုင်ခင်မှာတော့ ကမ္ဘာ့စံချိန်တင်ထာတဲ့ အရှည်လျားဆုံး သွင်းဂိုးတစ်ခုကတော့ ၂၀၁၃ ခုနှစ်က Stoke City အသင်းရဲ့ ဂိုးသမားဖြစ်သူ Asmir Begovic ဖြစ်ပြီး ၉၁.၉ မီတာအကွာအဝေးကနေ တစ်ဖက်ဂိုးပေါက်ထဲကို သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ပါတယ်။ လက်ရှိမှာတော့ Begovic ရဲ့ စံချိန်ကိုချိုးမယ့် သွင်းဂိုးကိုတော့ Newport County အသင်းရဲ့ ဂိုးသမား Tom King က သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

ဇန်န၀ါရီလလ(၂၀)ရက်နေ့တုန်းက အင်္ဂလန် ဒုတိယန်းလိဂ်ပြိုင် Newport County အသင်းနဲ့ Cheltenham အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ဟာ တစ်ဖက်တစ်ဂိုးစ် သရေရလဒ်နဲ့ ပွဲပြီဆုံး ခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ Newport County အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူဟာ ဂိုးသမား Tom King  ဖြစ်ပြီး ပွဲချိန် ၁၂ မိနစ်လောက်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ Tom ဟာ သူ့ရဲ့ ဂိုးစည်းထဲကနေ ဘောလုံးကို ကန်ခဲ့ရာမှာ အဆိုပါ ဘောလုံးဟာ တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ထဲကို တန်းမတ်စွာ ရောက်ရှိခဲ့ပါတယ်။

 

READ
ဆွီဒင်နိုင်ငံ၏ ဂီတပွဲတော်တွင် အဓမ္မကျင့်မှုနှင့် မူးယစ်ဆေးဝါးအမှု များစွာဖြစ်ပွားခဲ့

 

ကံဆိုးချင်တော့ တစ်ဖက်အသင်းက ဂိုးသမားဖြစ်သူဟာ ဘောလုံးကို ဖမ်းလိုက်ချိန်မှာ မမိခဲ့တာကြောင့် ဘောလုံးဟာ ဂိုးထဲကို မြေကြီးတစ်ချက်ထောက်ပြီး ဝင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Tom King ဟာ ၉၁.၉ မီတာ အကွာအဝေးကနေ သွင်းယူခဲ့တာကြောင့် ကမ္ဘာ့အရှည်လျားဆုံး အကွာအဝေးကနေ ဂိုးသွင်းခဲ့သူတစ်ယောက်အဖြစ် ကမ္ဘာ့စံချိန်တင်သွားခဲ့ပါတယ်။

[email protected]

“ကျွန်တော့်အနေနဲ့ ဒီအတိုင်းဘောလုံးကို အရှေ့ရောက်အောင်သာ ကန်တင်လိုက်တာပါ။ ဒါပေမယ့် ကန်လိက်တဲ့ အရှိန်က တော်တော်လေး များသွားတာတစ်ကြောင်း၊ တစ်ဖက် ဂိုးသမားသတိလွတ်သွားတာကတစ်ကြောင်းကြောင့် ဘောလုံးဟာ မြေတစ်ချက်ထောက်ပြီး ဂိုးထဲကို တန်းဝင်သွားခဲ့တာပါ။ ဒီလိုမျိုး ဝင်သွားခဲ့တဲ့ အချိန်မှာတော့ တစ်ဖက်ဂိုးသမားအတွက် တော်တော်လေးကို စိတ်မကောင်းပါဘူး။ ဒါ့ကြောင့် ဂိုးသွားတဲ့ အချိန်မှာ ကျွန်တော်လုံးဝအောင်ပွဲမခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကမ္ဘာ့စံချိန်တစ်ခုတင်သွားခဲ့တဲ့အတွက်ကြောင့်တော့ ဝမ်းသာမိပါတယ်”လို့ Tom King က သူ့ရဲ့ club website မှာ ဖော်ပြခဲ့ပါတယ်။

READ
ခွဲစိတ်စဉ်အူမကြီးနဲ့ယောနိကိုမှားချိတ်ပေးမိလို့ မ-အင်္ဂါကနေလေလည်နေရသူ

 

 

View this post on Instagram

 

A post shared by Tom King (@tomlking)

Pyi Hein Kyaw

SHARE