Godzilla ဖန်တွေ အကြိုက်တွေ့စေမယ့် Awaji Island က Godzilla ပြတိုက်

nijigennomori.com

Godzilla ပရိသတ်တွေအတွက် ဂျပန်နိုင်ငံမှာ ပထမဆုံး Godzilla ပြတိုက်ကို ဖွင့်လှစ်လိုက်ပါပြီ။ Awaji Island’s Anime Park ရဲ့ဆွဲဆောင်မှုအသစ်တွေထဲက တစ်ခုဖြစ်ကြောင်း Sora News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အစမ်းဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြတိုက်ရဲ့ နေရာအပြည့်အစုံ မဖွင့်လှစ်သေးပေမယ့် Godzilla ပရိသတ်တွေအတွက်တော့ အကြိုက်ဖြစ်မှာ အသေအချာပါပဲ။

Godzilla ကြီးရဲ့ ကိုယ်တွင်းကော အပြင်ကောမှာ ၀င်ရောက်လေ့လာနိုင်မယ့် Zip Line ကစားနည်းတစ်မျိုးလဲ ပါဝင်မယ်လို့ သိရှိရပါတယ်။ အေးခဲနေတဲ့ Godzilla ဆီက ထပ်မံမျိုးပွားနိုင်မယ့် cells အသစ်တွေကို ဖျက်ဆီးပစ်ရမယ့် သေနတ်ပစ်ဂိမ်းတစ်ခုလဲ ပါရှိဦးမှာဖြစ်ပါတယ်။ Nijigen no Mori ရဲ့ ဒီ Godzilla Attraction တေါကို ဘယ်လိုပြုလုပ်လဲ ဆိုတဲ့ ၁၀ မိနစ်စာ ရုပ်ရှင်ကိုလဲ ပြသသွားဦးမှာ ဖြစ်ပါတယ်။ ပြတိုက်တွေ ဆိုင်တွေ အပြင် Godzilla နဲ့ပတ်သက်တဲ့ မုန့်အမျိုးမျိုးကိုလဲ ရောင်းချသွားဦးမယ်လို့ သိရှိရပါတယ်။

READ
ဆန်ဖရန်စစ္စကိုရောက်ရင် သွားသင့်တဲ့နေရာလေးတွေ

အပြည့်အစုံဖွင့်လှစ်မယ့်ရက်ကိုတော့ မကြေညာရသေးပေမယ့် ပြတိုက်ကတော့ ဖွင့်ပွဲပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ ပြတိုက်ရဲ့ အဓိကဆွဲဆောင်မှုကတော့ ထွက်ခဲ့သမျှ Godzilla ရုပ်ရှင်တွေထဲက ၀တ်စုံတွေနဲ့ ရုပ်ရှင်တွေထဲမှာ အသုံးပြခဲ့တဲ့ set တွေပဲ ဖြစ်ပါတယ်။ အမျိုးအစားပေါင်း(၈၀)ကျော်တဲ့ Godzilla ရုပ်တွေ အပြင် Godzilla ကားတွေထဲမှာ ပါဝင်ခဲ့တဲ့ ရန်သူတွေရဲ့ ပုံတူတွေပါ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

nijigennomori.com

Niji no Mori မှာပဲ ရရှိနိုင်မယ့် လက်ဆောင်ပစ္စည်းတွေ ရောင်းချမယ့် ဆိုင်ရယ်၊ Godzilla menu တွေရရှိနိုင်မယ့် ပန်းခြံထဲက Mori No Terrace ဆိုတဲ့ စားသောက်ဆိုရယ်၊ ကလေးတွေအတွက် Godzilla အရုပ်တွေကို Awaji Island ရဲ့ ရိုးရာတစ်ခုဖြစ်တဲ့ Fukimodoshi အသွင်ပြောင်းလဲနိုင်မယ့် နေရာလေး တစ်ခုလဲ ပါရှိမယ်လို့ သိရပါတယ်။

READ
သရဲခြောက်တဲ့အိမ်ကြီးကို Tourist တွေ စိတ်ဝင်စားလာအောင် ကြိုးပမ်းနေတဲ့ပိုင်ရှင်များ
nijigennomori.com

ပြတိုက်ဝင်ကြေးကတော့ လူကြီးတွေအတွက် ၁၀၀၀ယမ် (US$ 9.38) ဖြစ်ပြီးတော့ ကလေးတွေအတွက်ကတော့ ၈၀၀ယမ် ပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့လက်မှတ်မှာတော့ Fukimodoshi Workshop ကြေးပါ ပါဝင်မှာ ဖြစ်ပါတယ်။ သြဂုတ်လ(၁)ရက်နေ့ကနေ (၃၁)ရက်နေ့အထိ ကျင်းပမယ့် အကြိုဖွင့်ပွဲမှာတော့ ပြတိုက်တွေ ဆိုင်တွေ အကုန်ဖွင့်ထားပေမယ့် စက်တင်ဘာလ(၁)ရက်နေ့မှာ ခဏပြန်ပိတ်ပြီးရင် အသေးစား မွန်းမံပြင်ဆင်မှုတွေ ထပ်မံပြုလုပ်သွားမှာပါ။(၂၀၂၀) ခုနှစ် မကုန်ခင်မှာ Godzill ပြတိုက်ကို ပြန်လည် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

TPS

SHARE