မိသားစုဝင်တွေ အတူတူ ခရီးထွက်ခြင်းဖြင့် ပိုမိုနွေးထွေးတဲ့ ရင်းနှီးမှုရရှိစေနိုင်ဟု သိရ

Instgram/JasonMomoa

လူတွေဟာ နေ့ဓဒူဝ အလုပ်တွေနဲ့လုံးလည်ချာလည်ပတ်နေကြရပြီး၊ စိတ်အပန်းဖြေဖို့အတွက် အချိန်ပေးကြဖို့ကို အတော်လေး စဉ်းစားတတ်ကြပါတယ်။ စီးပွားရေးနဲ့လုံးပန်းနေရတဲ့ မိဘတွေဆိုရင် သားသမီးတွေအတွက် အချိန်ပေးနိုင်ဖို့ အင်မတန်ခက်ခဲကြပါတယ်။ ဒီတော့ သားသမီးနဲ့မိဘကြား ဆက်ဆံရေးဟာ သူစိမ်းဆန်လာတတ်ကြပါတယ်။ တကယ်တော့ မိဘတွေဟာ သားသမီးတွေကို အချိန်ပေးပြီး မိသားစုလိုက်အပျော်ခရီးအတူထွက်ခြင်းဟာ အမှန်တကယ် အကျိုးရှိစေတဲ့ အရာတစ်ခုဖြစ်တယ်လို့ အကြံပေးပါရစေ။

ပျော်ရွင်စရာခရီးစဉ်တစ်ခုဟာ မိသားစုဝင်တွေကြား နွေးထွေးရင်းနှီးမှုနဲ့ အမှတ်တရကောင်းတွေကို အကောင်းဆုံး ဖန်တီးပေးနိုင်ပါတယ်။ မိသားစုဝင်တွေတစ်ဦးနဲ့တစ်ဦး နွေးထွေးချစ်ခင်မှုရှိခြင်းဟာ အခက်အခဲတွေ ဖြစ်လာရင်တောင် အကောင်းဆုံးကျော်ဖြတ်နိုင်တဲ့ စိတ်ခွန်အားကိုပေးစွမ်းနိုင်ပါတယ်။

Twitter/ChrisHemsworth

တစ်ခါတရံကျတော့လည်း ခရီးတစ်ခုရဲ့ ကုန်ကျစရိတ်တွေကို တွက်ချက်ချိန်ဆရတာမျိုးတွေရှိပါတယ်။ဒါကလည်း ထည့်တွေးရမယ့်အရာတစ်ခုလေ။ လေယာဉ်လက်မှတ်ဖိုး၊ ကားလက်မှတ်ဖိုး ၊ တည်းခိုစရိတ်တွေ၊ အသုံးစရိတ်တွေစသဖြင့် ကုန်ကျစရိတ်တွေကို တွက်ချက်လိုက်တဲ့အခါ ခရီးထွက်ခြင်းက မိသားစုဝင်ငွေရဲ့ငွေယိုပေါက်ဆိုတဲ့အတွေးနဲ့ပဲ ပျက်စီးသွားတတ်ကြပါတယ်။ ဒါပေမယ့် မိသားစုလိုက်ခရီးထွက် တာဟာ ငွေကြေးတွေကုန်ကျတယ်ဆိုပေမယ့်၊ ပြန်ရတဲ့အတွေ့အကြုံတန်ဖိုးတွေကတော့ အင်မတန်ကြီးမားပါတယ်လို့ သုတေသီတွေကဆိုပါတယ်။

Toronto တက္ကသိုလ်မှ ပြုလုပ်တဲ့လေ့လာချက်မှာ သားသမီးတွေအတွက် မိသားစုလိုက် အပျော်ခရီးထွက်ပေးတဲ့ လက်ဆောင်ဟာ  အရုပ်အသစ်ဝယ်ပေးတာထက် ပိုပြီးတန်ဖိုးရှိပါတယ်။ ကလေးတွေအတွက် မိဘတွေဆီကရတဲ့ စိတ်လုံခြုံမှုဆိုတာဟာ မိသားစုရဲ့နွေးထွေးမှု ၊ ရင်းနှီးမှု၊ ပျော်ရွှင်မှုတွေကနေ ဖြစ်ပေါ်လာတာပါ။ မိဘအချစ်ခံရတဲ့ကလေးတွေဟာ အမြဲရွှင်လန်းတက်ကြွ ယုံကြည်ချက်ရှိနေပြီးတော့၊ မိဘအချစ်မခံရတဲ့ ကလေးတွေဟာ အမြဲတမ်း အားငယ်နေတတ်ကြပါတယ်။

Twitter/WillSmith

တကယ်လို့သင်ဟာ တစ်စုံတစ်ယောက်နဲ့ပိုပြီးရင်းနှီးချင်ရင် သူ့ကို ပျော်စရာကောင်းတဲ့အတွေ့အကြုံတွေကို ဖန်တီးပေးပါ။ ခရီးထွက်ခြင်းဟာ ပျော်ရွှင်စရာကောင်းဆက်ဆံရေးနဲ့ ကောင်းမွန်တဲ့အတွေ့အကြုံတွေကို ရယူနိုင်တယ်လို့ အကြံပေးလိုက်ပါတယ်။

Khaing Sandar

SHARE