ဘန်ကောက်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ထူးထူးခြားခြားရှိနေတဲ့ဒေးဗစ်ဘက်ခမ်ရုပ်တု

CGTN/YouTube

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲက Wat Pariwat ဆိုတဲ့ ဘုန်းကြီးကျောင်းဟာ ဒေးဗစ်ဘက်ခမ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ကို ငှားရမ်းမိခဲ့တာကြောင့် ကျောင်းထဲက နတ်ရုပ်တုတွေကြားမှာ ဒေးဗစ်ဘက်ခမ်ရဲ့ ရုပ်တုတစ်ခုက ရှားရှားပါးပါး ပါဝင်လာခဲ့ပါတယ်။

(၁၉၉၈)ခုနှစ်၊ ဘုန်းကြီးကျောင်းကို ပြန်လည်ပြင်ဆင်တဲ့အချိန်အတွင်းမှာ ကျောင်းရဲ့တာဝန်ရှိသူတွေဟာ ဗိသုကာပညာရှင်တစ်ဦး ဦးဆောင်တဲ့အဖွဲ့တစ်ခုကို ငှားရမ်းခဲ့ပြီး ဘုရားဆင်းတုတွေရဲ့ အောက်ခြေမှာ နတ်ရုပ်တွေကို ထုလုပ်ဖို့ စီစဉ်ခဲ့တာပါ။

CGTN/YouTube

ကျောင်းဝန်းထဲမှာရှိတဲ့ ဘုရားဆင်းတုကြီးတစ်ဆူရဲ့ အောက်ခြေက အရုပ်တွေထဲမှာ (၁၉၉၇)ခုနှစ်တုန်းက မန်ယူဂျာစီကို ၀တ်ဆင်ထားတဲ့ ဒေးဗစ်ဘက်ခမ်ရဲ့ ပုံကို ကမ္ဘာလှည့်ခရီးသည်တွေက တွေ့ရှိရာကနေ ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်နာမည်ကြီးလာခဲ့တာပါ။

ခရီးသွားတွေက ဒီဘုန်းကြီးကျောင်းကို ဒေးဗစ်ဘက်ခမ်ဘုန်းကြီးကျောင်း လို့တောင် ဟာသလုပ်ကာ နာမည်ပေးနေကြပြီး ဒီရုပ်တုနဲ့ ဓာတ်ပုံရိုက်ချင်တာကြောင့် ဘုန်းကြီးကျောင်းဆီ တကူးတက လာရောက်သူတွေလည်း ရှိလာခဲ့ကြပါတယ်။

READ
မွေးဖွားစဉ်က (1) ပေါင် မပြည့်တဲ့ ကလေးငယ်၊ ဆေးရုံမှ အောင်မြင်စွာ ဆင်းနိုင်ခဲ့
CGTN / YouTube

ဘုန်းကြီးကျောင်းရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဘုန်းကြီးကျောင်းကို ဒီဇိုင်းရေးဆွဲခဲ့တဲ့ ဗိသုကာ ပညာရှင်ဟာ ဒေးဗစ်ဘက်ခမ်ရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး သူကြိုက်နှစ်သက်ခဲ့တဲ့ ကစားသမားကို လူတွေအရိုအသေပေးနိုင်ဖို့အတွက် ဘုရားစင်အောက်ခြေမှာ ရုပ်တုအဖြစ် ထားရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းဝန်းရဲ့တချို့နေရာတွေမှာ ဒေးဗစ်ဘက်ခမ်အပြင် အမေရိကန်သမ္မတဟောင်း အိုဘားမား ၊ စူပါမန်း၊ ပီကာခြူး စတဲ့ ရုပ်တုတွေကိုလည်း ထူးထူးခြားခြား ထားရှိတာကြောင့် Wat Pariwat ဘုန်းကြီးကျောင်းဟာ ကမ္ဘာလှည့်ခရီးသည်တွေအကြားမှာ ရေပန်းစားနေတာတော့ အမှန်ပါပဲ။

Linn

Source :asiaone.com

SHARE