ဟောလိဝုဒ်ရဲ့ တကယ့် သက်တမ်းရင့်ကြီးတွေဖြစ်ကြတဲ့ အနုပညာရှင် Goldie Hawn နဲ့ Kurt Russell တို့ကိုတော့ ရုပ်ရှင်ဝါသနာအိုးတွေ ရင်းနှီးနေကြမှာပါ။ နှစ်ယောက်သား ဟိုးလူရွယ်ဘဝကတည်းက ပွဲတိုင်းလည်း အတူတူတွဲတက်၊ အပြင်မှာလည်း အတူတူတွဲပြီး မြင်ရနေကြတာ အခုထက်ထိပါပဲ။
View this post on Instagram
ဆယ်စုနှစ် ၄ စုနီးပါး အတူတူရှိနေခဲ့တဲ့ သူတို့နှစ်ယောက်၊ အချစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အခုလိုပဲထုတ်ဖော်ပြောပြလာခဲ့ပါတယ်။ Boredpanda မှ ကိုးကားဖော်ပြလိုက်ပါတယ်။
View this post on Instagram
သရုပ်ဆောင် Goldie Hawn နဲ့ Kurt Russell တို့နှစ်ယောက်ဟာ ဒိတ်လုပ်ပြီး relationship ထဲ ဝင်နေခဲ့ကြတာ ၃၇ နှစ်တောင်ရှိလို့နေပါပြီ။ ဆယ်စုနှစ်တွေအများကြီးကြာတဲ့အထိ တစ်ယောက်ကိုတစ်ယောက် ရိုးခြင်း၊ အီခြင်း အလျဉ်းမရှိခဲ့ကြပါဘူးတဲ့။ နောက်ပြီးတော့ အတူတူနေလာတာ ကြာလာတဲ့အမျှလည်း အချစ်တွေဟာ လျော့မသွာကြပါဘူးတဲ့လေ။
View this post on Instagram
အသိမိတ်ဆွေတွေထဲ လက်ထပ်ဖို့ ပြောနေခဲ့ကြပေမယ့်လည်း နှစ်ယောက်သား စိတ်တူကိုယ်တူနဲ့ပဲ အခုလို ဘဝမျိုးလေးကို ပိုပြီး သဘောကျနေကြတဲ့အတွက် ဒီတိုင်းလေးပဲ နေရင်း အေးအေးချမ်းချမ်းပဲ ရှိနေခဲ့ကြတာပါ။ နောက် လက်ထပ်တယ်ဆိုတာ စာချုပ်မှာ လက်မှတ်ထိုးတာကလွဲရင် ဘာမှ မကွာပါဘူးတဲ့လေ။
View this post on Instagram
တကယ်တော့ အချစ်ဆိုတာ ချစ်နေရင်ပြီးရော၊ လက်ထပ်ဖို့ မထပ်ဖို့က အရေးပါတဲ့အရာမဟုတ်ပါဘူးဆိုပြီး Goldie က People မဂ္ဂဇင်းကိုပြောပြလာခဲ့ပါတယ်။ အခုဆိုရင်နှစ်ယောက်သား မြေးတွေတောင်ရနေခဲ့တာဖြစ်ပြီးတော့ ပျော်ရွှင်အေးချမ်းလွတ်လပ်စွာနဲ့ ဘဝကြီးကို ဖြတ်သန်းနေခဲ့ကြတာပါ။
View this post on Instagram
View this post on Instagram
penny