ဂေါက်သီးအပေါ်ထားတဲ့ သံယောဇဉ်ကြောင့် ကိုယ်တစ်ပိုင်းလောက် နွံနစ်ခဲ့ရတဲ့အမျိုးသား

Instagram- @gototheloop

ကျွန်တော်တို့ငယ်ငယ်တုန်းက golf ကစားနည်း တစ်ခေတ်ထသွားတဲ့အချိန် ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ Tiger Wood တို့ခေတ်ပေါ့။ Golf နဲ့ ပတ်သက်ပြီးတော့ ဒဏ္ဍာရီပုံပြင်တွေလည်း အများကြီး ကြားခဲ့ဖူးကြပါတယ်။ အဲဒီအထဲကမှ မှတ်မှတ်ရရကတော့ ကန်ထဲက မိချောင်းတွေနဲ့ ရွှံ့နွံတွေအကြောင်းဖြစ်မှာပါပဲ။

အခုလည်း ရွှံ့နွံကိစ္စကြောင့် ဂေါက်ရိုက်သူအမျိုးသားတစ်ယောက်ကို ကယ်ဆယ်ရေးတွေဝိုင်းကယ်ခဲ့ရတဲ့အကြောင်းလေးပါ။ ငိုအားထက် ရယ်အားက ခပ်သန်သန်ရယ်။

Go To The Loop ဆိုတဲ့ Instagram မှာ ဗီဒီယိုတစ်ခုတင်ထားခဲ့တာပါ။ ဗီဒီယိုထဲမှာ အမျိုးသားတစ်ယောက် နွံထဲကို ကိုယ်တစ်ဝက်လောက်နစ်နေခဲ့တာဖြစ်ပြီးတော့ ပြန်တက်လာလို့မရတော့ပါဘူးတဲ့။ ဒါကြောင့် မီးသတ်ကိုဖုန်းဆက်ကာ လာရောက်ကယ်ဆယ်ပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။

Instagram- @gototheloop
Instagram- @gototheloop

မီးသတ်ရောက်လာတဲ့အချိန်မှာတော့ ရွှံ့နွံထဲက အမျိုးသားကိုကယ်ဖို့ ခါးမှာ ကြိုးကွင်းစွတ်ကာ အပေါ်ကို ဆွဲတင်ခဲ့ရပါတယ်။ ဘာလို့ အခုလို ဖြစ်သွားရသလဲဆိုတာကိုတော့ အခုလိုပဲပြောပြခဲ့ပါတယ်တဲ့။ အမျိုးသားဟာ ဂေါက်ရိုက်ပြီးတော့ သူ့ရဲ့ဂေါက်သီးဟာ ဟိုးအဝေးကြီးကို ရောက်သွားခဲ့ပါတယ်။ ဂေါက်သီးကျတဲ့နေရာကို လိုက်ရှာရင်း တွေ့သွားတဲ့အချိန်မှာ အမျိုးသားဟာ အပျော်လွန်ပြီး သွားကောက်လိုက်ခဲ့ပါတယ်တဲ့။

READ
အစာကို ကျွေးမလိုလုပ်ပြီး မကျွေးလို့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ မျောက်ကြီး           
Instagram- @gototheloop

ဒါပေမဲ့ ဖြစ်ချင်တော့ ဂေါက်သီးရှိနေတဲ့နေရာဟာ မိုးအရမ်းရွာလို့ မြေပျော့ပြီးတော့ ရွှံ့နွံလိုမျိုးဖြစ်နေတာပါ။ ဒါကို အမျိုးသားက သတိမထားမိဘဲနဲ့ နင်းလိုက်တဲ့အခါမှာတော့ ကျွံပြီးတော့ အခုလိုအခြေအနေမျိုးဖြစ်သွားခဲ့တာပါတဲ့။ ဂေါက်သီးတစ်လုံး ဘာမလို့လဲလို့တော့ မမေးနဲ့ သူ့ရဲ့ဂေါက်သီးဟာ Pro V1 ဆိုတဲ့ ဂေါက်သီးအကောင်းစားမလို့ပါတဲ့။

 

 

View this post on Instagram

 

A post shared by The Loop (@gototheloop) on

penny

SHARE