(၁၀)နှစ် တွဲခဲ့တဲ့ Ex ရဲ့ မင်္ဂလာ သတင်းကြောင့် အပြောခံ နေရတဲ့ Gong Hyo Jin

Image:IG/Gong Hyo Jin & Ryu Seung Bumfan

Gong Hyo Jin ရဲ့ ချစ်သူဟောင်း မင်းသား Ryu Seung Bum က တော့ သူ့ရဲ့ မင်္ဂလာ သတင်းကို မကြာသေးခင် က မှ ကြေညာလိုက်ပါတယ်။ဒီ အ ကြောင်းကိုတော့ Allkpop နဲ့ Soompi မှာဖော်ပြထားတာပါ။ Ryu Seung Bum ကတော့ အသက် (၄၁)နှစ်ရှိနေပါပြီ။ဒီလထဲမှာ ပဲ ရင်သွေး လေး ရေ တာ့မှာပါ။ဇွန်လ (၁၁)ရက်နေ့တုန်းက Ryu Seung Bum ရဲ့ အေဂျင်စီ Sam Company က နေ ဒီ အ ကြောင်းကို တရားဝင် ထုတ် ပြောလိုက်တာပါ။Ryu Seung Bum တစ်ယောက် ဒီလထဲမှာပဲ အ ဖေ ဖြစ် တော့မှာ ဖြစ်  ကြောင်း၊ချစ်သူ ကောင် မလေး ကတော့ ဆယ် လီ မဟုတ်တဲ့ ဆလိုဗေးကီးရီး က နိုင်ငံခြားသူ ဖြစ်ပြီး မင်းသားထက် (၁၀)နှစ်လောက် ငယ်တယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

#RyuSeungBum#konghyojin#공효진 #류승범#gonghyojin#孔孝真#柳承范@rovvxhyo

A post shared by @ abccba363 on

လက်ထပ်တာ က တော့ မကြာခင်မှာ လက်ထပ် မယ်လို့ လည်း အေဂျင်စီက ဆိုပါတယ်။ လက်ရှိမှာတော့ Ryu Seu ng Bum က သူ့ရဲ့ သတို့ သမီး လောင်းနဲ့ အတူတူ ပြင်သစ်မှာ နေ နေ  ပြီး မင်္ဂလာ ပွဲကို တော့  (၂၀၂၀)နှစ်စ လောက် က ကျင်းပဖို့ စီစဉ် ခဲ့ ပေမယ့် ကိုဗစ် ကြောင့် နှောင့်နှေး ခဲ့ရတာပါ။က လေး မွေး ပြီးလို့ ကိုဗစ် အ ခြေ အ နေ ကောင်းရင် တော့ မင်္ဂလာ ပွဲ ကျင်း ပမယ်လို့ အေဂျင်စီက ကြေညာခဲ့ပါတယ်။Ryu Seung Bum က တော့ မင်းသမီး Gong Hyo Jin ရဲ့ ချစ်သူ ဟောင်းပါ။ချစ်သူမှာမှ နှစ် အကြာကြီး တွဲ လာတာပါ။ (၁၀)နှစ် လောက် တွဲလာခဲ့ပြီး (၂၀၁၂)ကမှ လမ်းခွဲ ခဲ့တာပါ။

READ
ဗယ်လင်တိုင်းနေ့မှာ ဓားထောက်ပြီး အလုခံလိုက်ရတဲ့ Harry Styles
Image:IG/ Ryu Seung Bum fan page

SBS ရဲ့ ဒရမ်မာဇာတ်ကား ‘Wonderful Days'(2001 )မှာ အတူ တွဲ သရုပ်ဆောင် ခဲ့ပြီးနောက် Public ကိုချပြီး တရားဝင် တွဲ ခဲ့ကြတာပါ။(၁၀)နှစ်လောက်ကြီး တွဲ လာတာမို့ ယူ ဖြစ်မယ်လို့ အားလုံး ထင် ခဲ့ပေမယ့်လည်း လမ်းခွဲ ခဲ့တာ ပါ။ Ryu Seung Bum ရဲ့ သတင်း ကြောင့် Gong Hyo Jin ရဲ့ IG အောက်မှာ တကယ်စိတ်ရင်းနဲ့ အားေ ပးတဲ့ စကားတွေ ရော ထိုးနှက်တဲ့ စကားတွေ ပါ စုပုံ နေပါတယ် Gong Hyo Jin ကိုလည်း မြန်မြန် လက်ထ ပ်ပါ ဆို ပြီး တိုက် တွန်း ထား သလို “Ryu Seung Bum က လက်ထပ်တော့မယ်  ပြောတယ်။ရှင်တို့ နှစ် ယောက်က အေ ဂျင်စီတစ်ခု တည်းဆိုတာ ယုံတောင် မယုံနိုင်ဘူး..” ဆိုပြီး Comment တွေ လည်း ၀င်ရေးထားပါတယ်။ တစ်ယော က်က တော့ ငါ သာ Gong Hyo Jin ဆိုရင် အောက်က Comment တွေကို ss ရိုက်ပြီး ရဲ တိုင်တယ်.. ဆိုပြီး ၀င် ရေးထားတဲ့ Comment ကိုလည်းတွေ့ရ ပါတယ်။ပြီးခဲ့တဲ့ (၁၀)နှစ် ကြာ ချစ်ဇာတ်လမ်း ဘာကြောင့် အဆုံးသ တ်ခဲ့ လဲ ဆိုတာကိုတော့ လွန် ခဲ့တဲ့ (၂၀၁၂)နှစ်လောက်က အင် တာဗျူး တစ်ခုမှာတော့ အခုလို ဖြေခဲ့ဖူးပါတယ်။

READ
မွေးနေ့ အမှတ်တရ အစီအစဉ်လေးတစ်ခု လုပ်မယ့် စိုးပြည့်သဇင်
Image:IG/Gong Hyo Jin

“ကျ မ တို့ relationship မှာ ကြီးကြီးမားမား ပြဿနာ မရှိပါဘူး။ကျမတို့ စိုးရိမ် စိတ်ပူလောက်ရမယ့်အရာလဲ များ များ စားစား မရှိပါဘူး။ Seung Bum ရဲ့ မွေး နေ့ က ဆိုလဲ ကျမ မွေးနေ့ ဆုတောင်း ပေးတာပဲ။ပတ်ဝန်းကျင်က လူတွေ အတွက် တော့ ကျ မတို့ က ထူးဆန်း ကောင်းထူးဆန်း နေလိမ့်မယ်။စုံတွဲ တစ်တွဲ ၁၀ နှစ် လောက် တွဲပြီးမှ လမ်းခွဲ ရင် ဘာလို့ လမ်းခွဲရလဲဆိုတာ သူတို့ သိတယ်။အ ကြောင်း အရင်းကို နည်းနည်း လေး ရှင်းရှင်းလင်းလင်း ပြောရရင်. ကျမ တို့ လမ်းခွဲချင် နေပြီဆိုတာ ကျမတို့ သိလာရလို့ပဲ။ဒီလို ဖြစ်တယ်ဆိုတာ ရန်ဖြစ် နေလို့လဲ မဟုတ် ဘူး။နှစ် ယောက်မှာ တစ်ယောက်က ငါတို့ လမ်းခွဲရ အောင် ဆိုပြီး ပြောတာ မျိုး လဲ မဟုတ်ဘူး။သူ့ဟာသူကို လမ်းခွဲ ဖြစ်သွားတာ..” ဆိုပြီး  ပြောခဲ့ဖူးပါတယ်။

 

View this post on Instagram

 

😍 이컷 젤 맘에 듬 @piaget 📸-목정욱/H-이일중/M-이준성/S-이보람,정윤기

A post shared by Hjk (@rovvxhyo) on

#SHWEMOM

SHARE