အသက် (၇၀)အရွယ် ချစ်သူနဲ့ လက်ထပ်လိုက်တဲ့ Gong Li

တရုတ်မှာမွေးတဲ့ စင်ကာပူမင်းသမီးချော Gong Li ကတော့ တိတ်တိတ်လေးလက်ထပ်လိုက်ပြီလို့ သိရပါတယ်။ ဒီ အကြောင်းကိုတော့ သူမနဲ့ နီးစပ်တဲ့ အတွင်းလူတွေက အတည်ပြုပေးလိုက်တာပါ။ Gong Li တစ်ယောက် လက်တွဲ ဖော် အဖြစ် ရွေးချယ်လိုက်တဲ့ အမျိုးသားကတော့ အသက် (၇၀) အရွယ် ပြင်သစ် တေးရေးဆရာ Jean-Michel Jarre ပါ။

Jean Michel Jarre Czech Fanclub
Jean Michel Jarre Czech Fanclub

Gong Li က တော့ အသက် (၅၃)နှစ်ဖြစ်ပြီး သူမလက်ထပ် လိုက်တဲ့ အမျိုးသားကတော့ (၇၀)ြ ဖစ်တာကြောင့် အသ က်ကတော့ (၁၇)နှစ်လောက် ကွာပါတယ်။ Beijing News ရဲ့ ဖော်ပြ ချက် အရ စူပါစတား တစ်ယောက် ဖြစ်တဲ့ Gong Li ဟာ မေလ(၁၄)ရက်နေ့တုန်းက ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ လေဆိပ်ကို ဆင်းခဲ့ပါတယ်။ အဲ့ဒီတုန်းက သူမရဲ့ ခင်ပွန်းနဲ့ အတူ လက်ချင်း တွဲပြီး အတူ ဆင်းလာခဲ့တာလို့ သိရပါတယ်။

READ
ထုတ်လုပ်စရိတ်များလွန်းလို့ SBS လက်လျှော့လိုက်တဲ့ လီဗြောင်ဟွန်းရဲ့ Mr. Sunshine
Jean Michel Jarre Czech Fanclub
Jean Michel Jarre Czech Fanclub

နှစ်ယောက်သား အရမ်းကို ပျော်ရွှင်နေပုံ ရပါတယ်။ Gong Li  ကတော့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Women in Motion ဆု ရခဲ့ပါတယ်။ သူမဟာ ကိန်းစ်မှာ အဲ့ဒီလို ဆုကို ရတဲ့ ပထမဆုံး တရုတ်မင်းသမီးပါ။ တေးရေးဆရာ Jean-Michel Jarre ကတော့ သူ့ရဲ့ electronic ၊ , ambient နဲ့ new-age music တို့နဲ့ နာမည်ကြီးပါတယ်။ ဥက္ကဌဖြစ်သူ Pierre Lescure က ဖိတ်ခေါ်ခဲ့တာပါ။ Gong Li  ရဲ့ Saturday Fiction ဇာတ်ကား ရိုက်ကွင်းရေးအတွက် ရောက်နေစဉ် shopping mall  တစ်ခုမှာ သူတို့စုံတွဲ ဒိတ်လုပ်နေတဲ့ ပုံတွေလည်း အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ Gong Li   ကိုတော့ လာမယ့်နှစ်ကျရင် Disney’s live-action Mulan ဇာတ်ကားထဲမှာ မြင်တွေ့ရအုံးမှာပါ။

READ
Baeksang Art Awards ပွဲမှာ အကြည့်တွေ မခွာနိုင်ဖြစ်နေတဲ့ BoYoo စုံတွဲ

Gong Li  ဟာ သူမရဲ့ စင်ကာပူခင်ပွန်းဖြစ်သူ Ooi Hoe Seong နဲ့ (၂၀၁၀) မှာ ကွာရှင်းခဲ့ပါတယ်။ အိမ်ထောင်သက် (၁၃)နှစ်ကြာမြင့်ခဲ့ပြီး နောက် ကွာရှင်းခဲ့ကြတာပါ။ သုံးကြိမ် လက်ထပ်ခဲ့ ဖူးတဲ့ Jarre ကလည်း အရင်အိမ်ထောင်နဲ့ (၂၀၁၀) မှာ ကွာရှင်းခဲ့တာပါ။ သူနဲ့ လက်ထပ်ခဲ့ဖူးတဲ့ သူတွေထဲ မှာ Charlotte Rampling ဆိုတဲ့ အော်စကာ ဆန်ခါ တင်မင်းသမီး လည်း ပါဝင်ပါတယ်။

pinterest

Source asiaone

SHARE