အချစ်ဦးနဲ့ တွေ့မှ အချေခံလိုက်ရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး Gong Yoo

Image:IG/Gong Yoofan & KBS / 'Love on the Air

Gong Yoo က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။တစ်ကိုယ်တည်း လူပျိုကြီးဘ၀နဲ့ အရိုးထုတ်နေပြီး အရွယ်တင် စတိုင်ကျ ချော မောသူမို့ အာရှတစ်လွှားမှာရှိတဲ့ မိန်း ကလေး ပရိသတ်တွေရဲ့  တစ်ဦး ဦးနဲ့ သဲသဲလှုပ်ဝန်းရံမှုကို ရ ထားသူပါ။July 10, 1979 မှာ မွေးခဲ့ပြီး လက်ရှိသူ့ရဲ့ အသက် ကတော့ (၄၀)ပါ။Coffee Prince ၊Guardian: The Lonely and Great God ဆိုတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲ တွေက ပရိသတ်တွေ ကြားမှာ နာမည်ကြီးပါတယ်။ရုပ်ရှင်ကား အနေနဲ့ ဆိုရင်တော့  Silenced (2011), Train to Busan (2016) ၊ Age of Shadows (2016) ဇာတ်ကားတို့က နာမည်ကြီးပါတယ်။

 

 

View this post on Instagram

 

让我们做饭!

A post shared by GONG YOO / 공유 (@officialgongyoo) on

တောင်ကိုရီးယားရဲ့ ၀င်ငွေ အ ကောင်းဆုံး မင်းသား တွေ ထဲက တစ်ယောက် ဖြစ်ပြီး မိန်းက လေးတိုင်းရဲ့ သဲသဲ လှု ပ်အားပေးမှုကို ရ နေ ပေမယ့်လည်း အထက် တန်း ကျောင်း သား ဘ၀က အချစ်ဦးနဲ့ ပြန်ဆုံတဲ့ အချိန်မှာတော့ Gong Yoo တစ်ယောက် အ ချေ ခံလိုက်ရပါတယ်။ဒီ အကြောင်းကိုတော့  kstarlive ရဲ့ သတင်းတစ်ပုဒ် မှာ ဖော် ပြထား တာပါ။

READ
ဇရာကို အံတုဖို့ ပလတ်စတစ်ဆာဂျရီ မလုပ်တဲ့ အမျိုးသမီးဆယ်လီများ
Image Source: KBS / ‘Love on the Air

KBS ရဲ့ ‘Love on the Air’ဆိုတဲ့ (၂၀၀၂)တုန်းက အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။အဲ့ဒီ Show  ကတော့ ပါ ၀င်တဲ့ ဧည့်သည်တွေနဲ့ သူတို့ တစ်ချိန်က သိပ်ချစ်ခဲ့ရတဲ့ အချစ်ဦး တို့ကို ပြန်ဆုံ စေတဲ့ အစီအစဉ် ပါ။’Love on the Air’ ဆိုတဲ့ အစီအစဉ် ကတော့ (၁၉၉၄-၂၀၁၀)အထိ ထုတ်လွှင့်ပြသခဲ့ပါတယ်။အဲ့ဒီမှာ Gong Yoo က ပါဝင် ခဲ့ပြီး သူ အထက် တန်းကျောင်းတုန်းက ချစ်ခဲ့ရတဲ့ ချစ်သူနဲ့ပြန်တွေ့ ခွင့်ရခဲ့ပါတယ်။အထက်တန်းတုန်းက သူအရမ်းချစ်ခဲ့ရတဲ့ အချစ်ဦးပါ။

Image Source: KBS / ‘Love on the Air

ပြန်ဆုံချိန်မှာလည်း “ကျ တော် အထက် တန်းကျောင်းတုန်းက အရမ်းချစ်ခဲ့ရတဲ့ မိန်း ကလေး တစ်ယောက်ရှိခဲ့ ဖူး တယ်။ကျ တော့်ခံစားချက်တွေကို ထုတ်ပြောဖို့ သတ္တိမရှိခဲ့ဘူး အဲ့ဒီတုန်းက။ဒီနေ့ တော့ ကျ တော် လက်လွှတ်မခံ တော့ဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။ဒါ ပေမယ့်လည်း Gong Yoo ရဲ့ အချစ်တွေ က ထပ်ပြီး အ ချေ ခံလိုက်ရ ပါတယ်။သူ့ရဲ့ အချစ်ဦးက သူမမှာ ချစ်သူရှိတယ်ဆိုပြီး Gong Yoo ကို ပြန် ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Good night! #LouisVuitton @louisvuitton

A post shared by GONG YOO / 공유 (@officialgongyoo) on

SHARE