ကိုယ်အလေးချိန် ၁၀၁ ပေါင် ရတဲ့အထိ အဆီချပစ်ခဲ့တဲ့ Goo Hye Sun

IG/kookoo900

Goo Hye Sun တစ်ယောက်ကတော့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းတဲ့အခြေအနေကြောင့် အခက်အခဲတွေကို အများကြီး ရင်ဆိုင်ခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ကွာရှင်းမှုက အခုထိ မပြီးပြတ်သေးပေမယ့် သူမကတော့ ဒီလို ကြုံခဲ့ရတဲ့ အခြေအနေတွေကနေ အကောင်းဆုံး ရုန်းကန်ပြီး ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိဖို့ ကြိုးစားနေခဲ့ရပါတယ်။

အခုလည်း သူမကတော့ သူမရဲ့ ဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝ ပုံရိပ်အချို့ကို မကြာခဏ သူမရဲ့ လူမှုကွန်ယက်မှာ တင်ထားလေ့ ရှိပါတယ်။ အခုအခါမှာတော့ သူမ ကိုယ်အလေးချိန် တော်တော်များများ ကျသွားပြီဆိုတဲ့ အကြောင်းကို allkpop ကနေ ရေးသားထားခဲ့ပါတယ်။

View this post on Instagram

46진입하였어요!

A post shared by 쿠 (@kookoo900) on

ဇွန်လ ၂၃ ရက်နေ့မှာတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ၄၆ ကီလိုဂရမ်ပဲ ကိုယ်အလေးချိန် ရှိတော့ကြောင်း တင်ထားခဲ့ပါတယ်။ ၁၀၁ ပေါင်လောက်အထိ ရောက်ရှိသွားလို့ သူမအနေနဲ့ ဝမ်းသာနေပုံပါပဲ။ မကြာသေးခင်က သူမ ပြုလုပ်တဲ့ ပန်းချီပြပွဲမှာလည်း သူမရဲ့ ကိုယ်အလေးချိန်က ၁၈ ပေါင်ခန့် ကျသွားခဲ့ပြီး ဖြစ်ပါတယ်။

READ
ပင်လယ်ကြီးရဲ့ အလှတရားတွေကို ချစ်တယ်ဆိုတဲ့ နွယ်နွယ်ထွန်း

သူမနဲ့ ခင်ပွန်းဟောင်း ဖြစ်သူတို့ကတော့ လက်ရှိမှာ ကွာရှင်းမှုကို အပြီးသတ်ဖို့ ပြုလုပ်နေကြရပါတယ်။

Kham

SHARE