ကလေးတွေကို ငယ်ငယ်ထဲက  အလေ့အကျင့်ပြုပေးသင့်တဲ့ ကျန်းမာရေးအမူအကျင့်များ

Shutterstock/ Monkey Business Images

ကျွန်တော်တို့ရဲ့ နေ့စဉ်အပြုအမူတွေနဲ့ အလေ့အကျင့်တွေဟာ ကလေးဘ၀ထဲက ပါလာခဲ့တာပါ။ မိဘတွေကလည်း ကလေးတွေအတွက် သင့်တော်ကောင်းမွန်ပြီး အကျိုးရှိစေမယ့်အရာတွေကို လူမှန်းသိစကတည်းက လက်ဆင့်ကမ်းပေးကြပါတယ်။ အောက်မှာ ဖော်ပြပေးထားတာကတော့ Brightside မှာ တွေ့မြင်ရတဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးသင့်တဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။

နောက်ကျောမတ်မတ်ထိုင်ခိုင်းခြင်း

မိခင်အများစုက ကလေးတွေကို ပြောလေ့ရှိပါတယ်။ ကျောကို မတ်မတ်ထားထိုင်ဆိုပြီးတော့ပါ။ ဒါပေမယ့်လည်း ထိုင်ခုံပေါ်မှာ တစ်ချိန်လုံး မတ်မတ်ကြီးထိုင်ခိုင်းတာဟာ ကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ လူတွေအတွက် သက်တောင့်သက်သာအရှိဆုံး ကိုယ်ဟန်အနေအထားဟာ ထိုင်ခုံပေါ်မှာ နောက်မှီပြီး နည်းနည်းလေးလျောထိုင်တဲ့ အနေအထားဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အချိန်အကြာကြီး ခါးမတ်မတ်ထိုင်တဲ့အခါ ကျောရိုးနဲ့ ကြွက်သားတွေအပေါ်မှာ ဒဏ်ပိနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကလေးတွေကို သက်တောင့်သက်သာ အနေအထားနဲ့သာ ထိုင်ခိုင်းစေသင့်ပြီး သူတို့ကျောအောက်ဘက် ခါးနေရာလောက်မှာ တစ်ခုခု ခုပေးထားတာသာ အကောင်းဆုံးဖြစ်ပါတယ်။

Shutterstock/Monkey Business Images

ကျောပိုးအိတ်အသုံးပြုခြင်း

ပုခုံးတစ်ဖက်တည်းမှာ လွယ်အိတ်လွယ်တာထက်စာရင် ကျောပိုးအိတ်လွယ်တာက ပိုကောင်းတယ်လို့ အများစုက သတ်မှတ်ပါတယ်။ ဒါပေမယ့် ကျောပိုးအိတ်တွေ လွယ်ရင်လည်း ကလေးတွေကို မနိုင်ဝန်မထမ်းခိုင်းစေသင့်တာတော့ အမှန်ပါ။ ကျောပိုးအိတ်ဟာ ခါးအထက် နှစ်လက်မလောက် မြင့်ရပါမယ်။ နို့မဟုတ်ရင်တော့ ခါးကိုက်ခါးနာတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကျောပိုးအိတ်ထဲကို  အပိုဝိတ်အလေးတွေ မထည့်ဖို့နဲ့ ကျောပိုးအိတ်ဟာ ကျောပေါ်မှာ မှန်ကန်တဲ့အနေအထား ရှိဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

READ
ဝက်ခြံပြဿနာကိုအပြီးသတ်ဖြေရှင်းဖို့ ပြောင်းလဲသင့်တဲ့နေထိုင်မှုပုံစံများ

အစားစားပြီးတိုင်း သွားတိုက်ခြင်းနဲ့ ခံတွင်းသန့်ဆေးရည်သုံးခြင်း

အစားစားပြီးတိုင်း သွားတိုက်တဲ့အလေ့အထဟာ ထင်သလောက် အဆင်မပြေပါဘူး။ သွားတိုက်ဆေးကို မကြာခဏသုံးတဲ့အခါ ခံတွင်းထဲက မျှတတဲ့အက်ဆစ်အချိန်အဆဟာ ပျက်စီးသွားပြီး သွားကြွေလွှာတွေကို ထိခိုက်စေပါတယ်။ ခံတွင်းထဲက သွားရည်ကတော့ ခံတွင်းသန့်ရှင်းစေဖို့ရယ် အက်ဆစ်ဓာတ်မျှတအောင် လုပ်ဖို့အတွက် တာဝန်ရှိတာပါ။ ဒါပေမယ့် ခံတွင်းသန့်ဆေးရည်တွေ အသုံးများသွားတဲ့အခါ ခံတွင်းထဲက အကျိအချွဲနဲ့ သွားရည်တွေအပေါ်မှာ ဆိုးကျိုးဖြစ်စေပါတယ်။

Shutterstock/ Elizaveta Galitckaia

လက်သန့်ဆေးရည်တွေကို မကြာခဏအသုံးပြုခြင်း

ပိုးသတ်ဆေးဂျဲလ်တွေဟာ အမှန်တကယ်တော့ ကိုယ်ခံအားစနစ်ကို အားလျော့အောင် ပြုလုပ်နေတာပါ။ လက်သန့်ဆေးရည်အများစုမှာ Triclosan လို့ခေါ်တဲ့ အရာပါဝင်ပါတယ်။ ၄င်းဟာ ဘက်တီးရီးယားတွေကို ပဋိဇီဝဆေးတွေကို ခုခံနိုင်တဲ့ စွမ်းအားမြင့်ဘက်တီးရီးယားတွေအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် ၄င်းဂျဲလ်တွေဟာ ဘက်တီးရီးယားပိုးဆိုးတွေကို သုတ်သင်ရုံတင်မကပဲ လက်မှာရှိတဲ့ သာမန်ဘက်တီးရီးယားတွေကိုလည်း အကုန်သတ်ပစ်တဲ့အတွက် ကလေးရဲ့ကိုယ်ခံအားစနစ်ဟာ အားနည်းလာနိုင်ပါတယ်။ ဒါကြောင့် လက်သန့်ဆေးရည်တွေကို အားကိုးမယ့်အစား ရေနဲ့ ဆပ်ပြာကိုသာ အသုံးပြုသင့်ပါတယ်။

READ
ကမ္ဘာကျော်Trainer တွေပြောပြတဲ့ လေ့ကျင့်ခန်းလုပ်ရင် ထားသင့်တဲ့သဘောထားများ

လက်သည်းတိုတို ညှပ်ခိုင်းခြင်း

လက်သည်းတိုတိုညှပ်တဲ့အခါ သန့်ရှင်းတယ်ဆိုပြီး လူအများစုက ယုံကြည်ကြပါတယ်။ ဒါပေမယ့်လည်း အရေပြားပညာရှင်တွေကတော့ လက်သည်းတိုလွန်းတဲ့အခါ လက်သည်းထဲကို ပိုးဝင်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ လက်သည်းက တိုလွန်းတဲ့အတွက် လက်သည်းထိပ်တွေဟာ ကျယ်ပြန့်လာပြီး အရေပြားတွင်းထဲမှာပဲ လက်သည်းဟာ ရှိပါတော့တယ်။ ဒါကြောင့် ကလေးတွေကို လက်သည်းညှပ်ပေးတဲ့အခါ အဖြူရောင်လက်သည်းအစွန်းပမာဏ အနည်းငယ်လောက်တော့ ချန်ထားသင့်ပါတယ်။ ဒီလို လိုင်းကလေးကို သတ်မှတ်ပေးပြီး အဲ့ဒီထက် ပိုရှည်ထွက်လာရင်တော့ လက်သည်းညှပ်ပစ်ဖို့ ကလေးကို သင်ပေးထားသင့်ပါတယ်။

လင်းလင်း (ShweMom)

SHARE