တာယာအဟောင်းတွေကို စိတ်ကူးကောင်းကောင်းနဲ့ ပြန်လည်အသုံးချနေတဲ့ လူငယ်

စိတ်နှလုံးသားရဲ့ အလှတရားကို တခြား ဘယ်အရာကမှ လိုက်တုပလို မမှီနိုင်ပါဘူး။ စိတ်ထားကောင်းလို့ကတော့ ကံကောင်းမြဲရှိမှာပါပဲ။

Amarido Silva လို့ ခေါ်တဲ့ ဘရာဇီးနိုင်ငံက လက်မှုပညာကျွမ်းကျင်သူ လူငယ်တစ်ယောက်ဟာ တိရိစ္ဆာန်လေးတွေကို ဇိမ်ကျကျနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိစေဖို့ အချိန် (၁) နှစ်နဲ့ (၆) ရင်းခဲ့ပြီး လုပ်ငန်းတစ်ခုကို လုပ်ကိုင်ခဲ့ပါတယ်။ သူက တာယာ အဟောင်းတွေကို ပြန်အသုံးချပြီး လှလှပပနဲ့ ဇိမ်ကျကျရှိစေမယ့် တိရိစ္ဆာန် အိပ်ယာလေးတွေအဖြစ် ပြောင်းလဲဖန်တီးပေးနေပါတယ်။

Amarildo Silva

Amarildo က အပိုဝင်ငွေ ရဖို့ လူတွေ မသုံးတော့ဘဲ လမ်းဘေးမှာ ပစ်ထားတဲ့ တာယာ အဟောင်းတွေကို လိုက်စုခဲ့တယ်။ အခုလို စခဲ့တာ (၂) နှစ်ရှိခဲ့ပါပြီ။ သူက မသုံးတဲ့ ပစ္စည်းတွေနဲ့ လက်မှုပစ္စည်းလုပ်ရတာကို အင်မတန်မှ သဘောကျနှစ်သက်တဲ့ သူတစ်ယောက်လည်းဖြစ်တယ်။

READ
ဖုန်း ခဏခဏ လွတ်ကျတတ်တဲ့ လူတွေအတွက် သတင်းကောင်း
Amarildo Silva

ဒီလို အဟောင်းတွေကနေ အသစ်တွေပြန်ဖန်တီးတာပြီး ပတ်ဝန်ကျင် အကျိုးပြုနေတဲ့သူဖြစ်သလို၊ Amarildo က အဲ့ဒီ့ကနေပဲ အပိုဝင်ငွေကို ပြန်ရှာဖွေနေပါတယ်။ Amarildo က အဲ့ဒီ တာယာဟောင်းတွေဟာ လမ်းထဲမှာ ရှိတဲ့ ခွေးတွေအတွက် အိပ်နိုင် နေနိုင်မယ့် အရာတစ်ခုအဖြစ် အသုံးချလို့ရတယ်ဆိုတာကို အရင်ဆုံး မြင်တယ်။

အဲ့ဒီ့ကမှတစ်ဆင့် အကြံထပ်ပေါက်ပြီး အိမ်မွေးတိရစ္ဆာန်တွေအတွက် ပိုပြီး ဇိမ်ကျမယ့် အိပ်ယာ လုပ်ဖို့ ဖြစ်လာတယ်။ ဒီလူငယ် လက်မှု ပညာရှင် လမ်းမတွေပေါ်က တာယာတွေကို လိုက်ကောက်တယ်။ ပြီးရင် အိမ်ရဲ့ နောက်ဖက်မှာ ထားတယ်။ သူ့ အိမ်မှာရှိတဲ့ အခန်းတွေထဲက တစ်ခန်းကိုလည်း တာယာတွေကို ထားဖို့ စီစဉ်တယ်။

Amarildo Silva
Amarildo Silva

အဲ့ဒီ့တာယာ အဟောင်းတွေထဲက ပြန်ရွေးပြီး Amarildo က ဖြတ်တယ်၊ သန့်စင်တယ်၊ ဆေးခြယ်တယ်။ သူက တာယာတစ်ခုစီတိုင်းအတွက် ဒီဇိုင်အမိုက်တွေ ရေးခြယ်ရတာကို ခုံမင်နှစ်ခြိုက်တယ်။ နာမည်ထိုးပေးစေချင်ရင် ကိုယ့်အကောင်လေးတွေရဲ့ နာမည်ကိုပါ ထိုးပေးပါသေးတယ်။ ဘယ်လောက်များ အထာကျလိုက်တဲ့ စိတ်ကူးလဲ…။

READ
ဘွဲ့နှင်းသဘင်လာပရိသတ်တွေအားလုံးကိုအပျော်တွေကူးစက်စေခဲ့တဲ့ ဒေါင်းဝေဒနာရှင်လေး
Amarildo Silva
Amarildo Silva
Amarildo Silva

Amarildo ဘ၀မှာ အနှစ်သက်ဆုံး အလုပ်နှစ်ခုက တိရိစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ရတာနဲ့ လက်မှုပညာလုပ်ရတာလို့သိရပါတယ်။ သူက လတ်တလော လုပ်နေတဲ့ လုပ်ငန်းကိုလည်း ရေရှည်လုပ်ကိုင်နိုင်ပြီး ကမ္ဘာကြီး အဓွန့်ရှည်တည့်တံ့နိုင်ဖို့အတွက် လူမှု ပတ်ဝန်ကျင်း အကျိုးပြု တီထွင်မှုတွေ ပြုလုပ်ဖို့ စိတ်ကူးအကြံဉာဏ်တွေကို ဖလှယ်ရန်လည်း အသင့်ရှိနေပါတယ်။ သူ လုပ်ထားတဲ့ အိပ်ယာလေးတွေကိုလည်း ကြည့်ကြည့်ပါဦး…။

Amarildo Silva
Amarildo Silva
Amarildo Silva
Amarildo Silva
Amarildo Silva
Amarildo Silva
Amarildo Silva
Amarildo Silva

ဒီလိုမှ မဟုတ်ရင် ပန်းအိုးပါ လုပ်ချင် လုပ်လို့ရပါသေးတယ်။ သိပ်ကောင်းတဲ့ စိတ်ကူးပါ။

Amarildo Silva

Ref: Bored Panda

Matthew 
SHARE