စေတနာရှေ့ထားပြီး ကူညီပေးပါမှ လိင်ပိုင်ဆိုင်စွပ်စွဲမှုတွေနဲ့ အကြီးအကျယ် ဒုက္ခရောက်ခဲ့သူ

ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်တဲ့ သူတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ မှားယွင်စွာနဲ့ လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုကို ခံရပြီးနောက် အဲ့ဒီ့အတွက် အမျိုးသမီးကို လျော်ကြေး ဒေါ်လာ ၁ သန်း ပေးဖို့ တရားစွဲဆိုထားပါတယ်။

အသက် ၂၀ အရွယ် Caitlyn Gray ဆိုတဲ့ အမျိုးသမီးက သူမဟာ ဆစ်ဒနီမြို့ Bankstown မြို့နယ် Kenan Basic ဆိုတဲ့သူရဲ့ နောက်ယောင်ခံလိုက်တာခံရတယ်၊ အနှောက်အယှက်ပေးတာခံရတယ်၊ စော်ကားတာတောင်ခံရပါတယ်ဆိုပြီး ရဲတွေကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ တိုင်ကြားခဲ့ပါတယ်။

seven

အိမ်ထောင်ရှိ ကလေးတစ်ယောက် ဖခင်ဖြစ်သူ စွပ်စွဲမှုကို မဟုတ်ကြောင်း အပြင်းအထန် ငြင်းခဲ့ပေမယ့် ဆစ်ဒနီမြို့ အနောက်ပိုင်းက Silverwater အကျဉ်းထောင်မှာ နှစ်ပတ်လောက် အကျဉ်းကျခံရတယ်။ Gray ရဲ့ စွပ်စွဲမှုကြောင့် အသက် ၃၆ နှစ်အရွယ် မစ္စတာ Basic ဟာ အလုပ်လက်မဲ့ဘ၀ကို ရောက်ခဲ့ပြီး အိမ်ထောင်ရေး ပြိုကွဲမှာ အခြေအနေနဲ့ လက်ရှိမှာလည်း ရက်ဆိုင်နေရပါတယ်။

nine news

နောက်လမှာ သူအနေနဲ့ တရားခွင် ရင်ဆိုင်ရဖို့ရှိပြီး ပေးဆောင်ရမယ့် အာမခံကြေး ဒေါ်လာ ၁၅,၀၀၀ အတွက်လည်း စုဆောင်းနေခဲ့ရပါတယ်။ ဒီလို မဟုတ်မမှန်ဘဲ ဒုက္ခများစွာရောက်ခဲ့ရတဲ့အတွက် Gray ကိုလည်း ဒေါ်လာ ၁ သန်း လျော်ကြေးပေးဖို့ တရားစွဲဆိုသွားမှာဖြစ်ကြောင်း 7 News ကို ပြောပြသွားခဲ့ပါတယ်။

READ
အဝတ်ဗလာအမျိုးသမီးနှစ်ဦးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ရဲအရာရှိသုံးဦး တာဝန်မှဆိုင်းငံ့ခံရ

Gray က သူမကား အက်ဆီဒင့်ဖြစ်ပြီးတဲ့နောက် သူမဟာ Basic ဆီမှာ ကားသွားပြင်ခဲ့တယ်၊ အဲ့ဒီ့နောက် မစ္စတာ Basic က သူမရဲ့ ရင်သား၊ ယောနိတို့ကို ထိပါးခဲ့ပြီး အဲ့ဒါ့ကို ငြင်းဆန်ချိန်မှာ ကာမဆက်ဆံဖို့အတွက် အခွင့်အရေးတွေ ဖန်တီးလာခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့တာဖြစ်ပါတယ်။

မစ္စတာ Basic ကလည်း သူအနေနဲ့ ဘ၀တစ်လျှောက်လုံး လူတွေကို ကူညီလာခဲ့တာဖြစ်ပြီး အခုက ပထမဆုံး မြွေကိုက်တာဖြစ်ကြောင့် ဒီ အပတ်အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

အခု အသက် ၂၀ အရွယ် Gray ဟာလည်း ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ပြစ်မှုလိမ်လည်မှုနဲ့ ပတ်သက်ပြီး Bankstown ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Gray ရဲ့ ရှေ့နေက သူမရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ ဆေးစာကို ရတဲ့အထိ အမှုကို ဆိုင်းထားဖို့ တောင်းဆိုခဲ့ပြီး သူမအမေလည့်း ဘေးနားမှာ ရပ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနလာင်္နေ့က ပြစ်မှုတွေ ကင်းစင်သွားပြီး လွတ်မြောက်သွားခဲ့တဲ့ မစ္စတာ Basic ကတော့ ၄င်းအနေနဲ့ နောက်ဆို သူစိမ်းတွေကို ကူညီဖို့ တော်တော်လေး လန့်သွားပြီဖြစ်ကြောင်းပြောပါတယ်။

အသေးစား ယာဉ်မတော်တဆမှု ဖြစ်ပြီးတဲ့နောက် Gray ဟာ BP ကား ဆားဗစ်ဆိုင်ကို သွားရောက်ခဲ့ပြီး အဲ့ဒီ့မှာ Basic နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။  အဲ့ဒီ့နောက် Basic က အချိန် ၂ နာရီလောက်ပေးပြီး ပြင်ပေးခဲ့တယ်။ Gray က သူမ မောင်းထွက်တဲ့နောက် Basic က လိုက်လာခဲ့ကြောင်း ရဲတွေကို ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ CCTV မှတ်တမ်းတွေကိုလည်း ပြန်လည် ကြည့်ရှု စစ်ဆေးခဲ့တယ်။

READ
သဘောကျတဲ့ကာတွန်းမင်းသမီးနဲ့တူဖို့ နံရိုး(၆)ချောင်းဖယ်ထုတ်ခဲ့သူ

အနောက်ကလိုက်ခဲ့ကြောင်းကို Basic က ၀န်ခံခဲ့ပြီး ဒါဟာ သူမရဲ့ ကား အဆင်ပြေမပြေ သေချာချင်လို့ ဆိုပြီ ထွက်ဆိုခဲ့ပါတယ်။ အဲ့ဒီအချိန် အသက် ၁၉ နှစ်အရွယ်ပဲရှိသေးတဲ့ Gary က သူမကို Basic က ကားပြင်ပေးတာအတွက် ကာမဆက်ဆံပေးဖို့ကို ပြောင်းပြောင်းတင်းတင်း တောင်းဆိုခဲ့ကြောင်း၊ အဲ့ဒီ့နောက် ခွန်အားသုံးခဲ့ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။

အခုလိုမျိုး စေတနာထားကူညီရင်း ပြင်းထန်းတဲ့ စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်စီရင်ခံရလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မိမှာ မဟုတ်ကြောင်း မစ္စတာ Basic ရှေ့နေ Mona El Baba က ပြောပါတယ်။

မဟုတ်မမှန် စွပ်စွဲခဲ့တဲ့ Gray ကတော့ မတရားသဖြင့် စွပ်စွဲမှုနဲ့ ဇွန်လ ၂၅ ရက်နေ့မှာ အမှုရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Ref: Daily Mail

Matthew (ShweMOM)
SHARE