နှစ်ခြိုက်စွာအိပ်ပျော်စေမယ့်နည်းလမ်းကောင်းများ

ငယ်စဉ်ကလေးဘဝကဆို သင့်အမေကအိပ်ရာဝင်ဖို့ပြောချိန်မှာ သင်က ကစားမက်နေတာကြောင့် အိပ်ရာဝင်ဖို့ကိုငြင်းဆိုဖူးတယ်မဟုတ်လား။ ခုချိန်မှာတော့အရွယ်ရောက်လာပြီးသူတစ်ယောက်အနေနဲ့ တစ်နေ့တာရဲ့ ကျောင်းစာတွေအလုပ်တာဝန်တွေကြားမှာနစ်မွန်းနေရပြီး သင်ကိုယ်တိုင် လိုလိုလားလားနဲ့အိပ်စက်အနားယူချင်လာချိန်မှာ သင့်အတွက်အိပ်ချိန်တွေကနည်းလာပြီ။ ညဘက်အိပ်ဖို့ကြိုးစားလိုက်ချိန်မှာလည်းအိပ်ပျော်ဖို့ခက်ခဲတာတွေကြုံလာရပြီး နှစ်ခြိုက်စွာအိပ်မပျော်တဲ့ညတွေ များလာပြီ။ ဒီလိုအိပ်ပျက်ညတွေများလာပြီဆိုရင်တော့ ကိုယ်ခန္ဓာရော စိတ်အတွက်ရော ဆိုးကျိုးတွေဖြစ်လာစေတော့တာပါပဲ။ သွင်ပြင်အရဆိုမျက်ကွင်းတွေညိုလာမယ် အသားအရေမွဲခြောက်လာပြီး အစက်အပြောက်နဲ့ဝက်ခြံတွေလည်းပိုထွက်လာနိုင်တယ်။ အိပ်ရေးပျက်ခြင်းကြောင့်ဆာလောင်မှုကို ပိုဖြစ်လာစေပြီး အဝလွန်ခြင်းကိုလည်းဦးတည်လာနိုင်တယ်တဲ့။ ဒါအပြင့် စိတ်တိုတာ စိတ်အလိုမကျတာတွေဖြစ်လာနိုင်တော့ နေ့စဉ်ပေါင်းသင်းဆက်ဆံရေးတွေမှာလည်းအဆင်မပြေမှုတွေ ဖြစ်လာနိုင်တာပေါ့။ ဒီလိုမဖြစ်ရအောင်အိပ်စက်ခြင်းကို ယခုထက်ပိုပြီးအလေးထားကြရအောင်နော်။

(၂) အိပ်ရာဝင်ခါနီးမှာစူးရှတဲ့အလင်းရောင်တွေ အရောင်တောက်တောက်ပပတွေကိုရှောင်ပါ။

ဥပမာအိပ်ရာဝင်ခါနီးအခန်းထဲမှာမီးရောင်တွေလင်းထိန်နေအောင်ထွန်းထားတာမျိုးပေါ့။ ပြီးတော့ တီဗီ၊ ကွန်ပြူတာကအလင်းရောင်တွေ။ ဒါတွေကြောင့် သင်အိပ်ပျော်ဖို့ ခက်ခဲစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ လည်း အနှောင့်အယှက်ဖြစ်စေပါတငယ်စဉ်ကလေးဘဝကဆို သင့်အမေကအိပ်ရာဝင်ဖို့ပြောချိန်မှာ သင်က ကစားမက်နေတာကြောင့် အိပ်ရာဝင်ဖို့ကိုငြင်းဆိုဖူးတယ်မဟုတ်လား။ ခုချိန်မှာတော့အရွယ်ရောက်လာပြီး သူတစ်ယောက်အနေနဲ့ တစ်နေ့တာရဲ့ ကျောင်းစာတွေအလုပ်တာဝန်တွေကြားမှာနစ်မွန်းနေရပြီး သင်ကိုယ်တိုင် လိုလိုလားလားနဲ့အိပ်စက်အနားယူချင်လာချိန်မှာ သင့်အတွက်အိပ်ချိန်တွေကနည်းလာပြီ။ ညဘက်အိပ်ဖို့ကြိုးစားလိုက်ချိန်မှာလည်း အိပ်ပျော်ဖို့ခက်ခဲတာတွေကြုံလာရပြီး နှစ်ခြိုက်စွာအိပ်မပျော်တဲ့ညတွေ များလာပြီ။ ဒီလိုအိပ်ပျက်ညတွေများလာပြီဆိုရင်တော့ ကိုယ်ခန္ဓာရော စိတ်အတွက်ရော ဆိုးကျိုးတွေဖြစ်လာစေတော့တာပါပဲ။ သွင်ပြင်အရဆိုမျက်ကွင်းတွေညိုလာမယ် အသားအရေမွဲခြောက်လာပြီး အစက်အပြောက်နဲ့ဝက်ခြံတွေလည်းပိုထွက်လာနိုင်တယ်။ အိပ်ရေးပျက်ခြင်းကြောင့်ဆာလောင်မှုကို ပိုဖြစ်လာစေပြီး အဝလွန်ခြင်းကိုလည်းဦးတည်လာနိုင်တယ်တဲ့။ ဒါအပြင့် စိတ်တိုတာ စိတ်အလိုမကျတာတွေဖြစ်လာနိုင်တော့ နေ့စဉ်ပေါင်းသင်းဆက်ဆံရေးတွေမှာလည်းအဆင်မပြေမှုတွေ ဖြစ်လာနိုင်တာပေါ့။ ဒီလိုမဖြစ်ရအောင်အိပ်စက်ခြင်းကိုယခုထက်ပိုပြီးအလေးထားကြရအောင်နော်အိပ်တော့မယ်ဆို အနားမှာ ကွန်ပြူတာတို့ တီဗီတို့ မဖွင့်ထားသင့်ပါဘူးနော်။

READ
သွားကြားထိုးတံကိုက်ပြီး အိပ်ပျော်ခဲ့ရာမှ ပန်ကရိယပြည်တည်နာဖြစ်ခဲ့တဲ့ အမျိုးသား

(၃) နေ့ လည်နေ့ ခင်းတရေးတမောအိပ်တာတွေရှောင်ပါ။

ခဏတစ်ဖြုတ်အိပ်စက်အနားယူခြင်းက အားအင်ဖြစ်စေတယ်လို့ ဆိုတက်ကြပေမယ့် သင်ကညဖက်တွေမှာ အိပ်ပျော်ဖို့ ခက်ခဲသူဆို နေ့ လည်နေ့ ခင်း တရေးအိပ်ခြင်းကိုမလုပ်သင့်ပါဘူး။ အထူးသဖြင့် နေ့ လည်၃နာရီနောက်ပိုင်းဆို ပိုပြီးမအိပ်သင့်ပါဘူး။

(၄) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။

နေ့စဉ်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ကိုယ်ခန္ဓာကြံ့ခိုင်စေတဲ့ မြန်မြန်သွက်သွက်ကစားရတဲ့  လေ့ကျင့်ခန်းတွေကပိုကောင်းပါတယ်။ ဒါပေမယ့် ယောဂလို ဖြေးဖြေးကစားရတဲ့လေ့ကျင့်ခန်းမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။ တစ်ခုသတိထားရမှာက အိပ်ရာဝင်ကာနီး နာရီအနည်းအတွင်းမှာတော့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေမပြုလုပ်သင့်ပါဘူး။

(၅) သင့်အိပ်ခန်းအနေအထားကို စီစစ်ပါ။

ကောင်းစွာအိပ်ပျော်စေဖို့အိပ်စက်တဲ့နေရာ အိပ်ခန်းအနေအထားကလည်း ကောင်းမွန်မှန်ကန်ရပါမယ်။ အိပ်ခန်းအပူချိန်ဟာ ၆၀ ကနေ ၆၇ ဒီဂရီဖာရင်ဟိုက် ကြားမှာရှိနေရင်အကောင်းဆုံးပါ။ ပြင်ပက အနှောင့်အယှက်တွေ အလင်းရောင်တွေ ဆူညံသံတွေ ကြားနေရတာမျိုးမဖြစ်စေရပါဘူး။ တကယ်လို့ သင့်အခန်းဖော်ရဲ့ဟောက်သံတွေ ကြားနေရမယ်ဆိုရင်လည်း ကောင်းစွာအိပ်ပျော်စေမှာမဟုတ်ပါဘူး။ ဒီတော့ လိုအပ်မယ်ဆို အလင်းရောင်မဝင်နိုင်တဲ့ လိုက်ကာတွေ၊ မျက်လုံးကာတဲ့ပစ္စည်းတွေ၊ ဖော့စို့ နားကြပ်တွေကိုအသုံးပြုပါ။

(၆) သက်တောင့်သက်သာရှိတဲ့ အိပ်ရာမျိုးနဲ့ အိပ်ပါ။

အိပ်ရာခင်းတွေ ခေါင်းအုံးတွေ စောင်တွေက သန့်ရှင်းသပ်ရပ်ဖို့ အပြင် သင့်အတွက် သက်တောင့်သက်သာလည်း ရှိရပါမယ်။ ကိုယ့်နဲ့ အဆင်အပြေဆုံး အနေအထား အမျိုးအစားကို ရွေးချယ်အသုံးပြုပါ။ သက်တမ်းလွန်နေတာတွေ၊ အရမ်းကိုနိမ့်လွန်းမြင့်လွန်း၊ ပျော့လွန်းမာလွန်းတဲ့ ခေါင်းအုံးတွေ၊ မွေ့ ရာတွေက အိပ်စက်မှုကိုနှောင့်ယှက်နိုင်တဲ့ အပြင် သင့်ကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်။

READ
ခြေသလုံးကြွက်သားကို နည်းမှန်လမ်းမှန် နှိပ်နယ်ပေးရုံဖြင့် အိပ်ပျော်နိုင်သည့်နည်းလမ်း

(၇) ညနေဘက်နဲ့  အိပ်ရာဝင်ကာနီးအချိန်တွေမှာ အရက်၊ ဆေးလိပ်သောက်ခြင်းတွေကိုရှောင်ပါ။

ဒါ့အပြင် ကဖင်းဓာတ်ပါတဲ့ အရည်များသောက်ခြင်း၊ အစားအလွန်အကျွံ့ စားခြင်းတို့ ကိုလည်းမပြုလုပ်သင့်ပါဘူး။ ဒါတွေက ကောင်းစွာအိပ်စက်ခြင်းကို အဟန့် အတားဖြစ်စေပါတယ်။

(၈) အိပ်ရာကို အိပ်စက်အနားယူရန်အတွက်သာအသုံးပြုပါ။

အိပ်ရာအနီးတဝိုက်မှာ အလုပ်ပစ္စည်းတွေ၊ ကွန်ပြူတာတွေ၊ တီဗီတွေမထားပါနဲ့ ။ အိပ်ရာပေါ်မှာ အစားစားတာ၊ အလုပ်လုပ်တာတွေ မပြုလုပ်သင့်ပါဘူး။ သင်အိပ်မပျော်သေးဘူးဆိုရင် တစ်ခြားတစ်ခန်းမှာဖြစ်ဖြစ် အိပ်ရာပြင်ပမှာဖြစ်ဖြစ် စာဖတ်တာ သို့ မဟုတ် စိတ်တည်ငြိမ်စေတဲ့ အရာတစ်ခုခုကိုပြုလုပ်ပါ။ အိပ်ချင်လာပြီ သင်တကယ်အိပ်တော့မယ်ဆိုမှ အိပ်ရာကိုအသုံးပြုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ကိုလွယ်လွယ်ကူကူနဲ့  နှစ်ခြိုက်စွာအိပ်ပျော်စေပါလိမ့်မယ်။

အားလုံးပဲ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ကြပါစေ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE