အဖြူရောင်ဟာ ဖုန်းဘက်ထရီကို အားကုန်မြန်စေကြောင်း ၀န်ခံလိုက်တဲ့ Google

စမတ်ဖုန်းတွေမှာ screen ကို အမည်းရောင် ပြောင်းထားတဲ့ dark mode (သို့) night mode ထားရင် ဘက်ထရီအားကို ပိုတာရှည်ခံစေတယ်ဆိုတာ တော်တော်များများ နားလည်ထားကြမှာပါ။ ဒါဟာ Android တွေမှာရော iPhone တွေမှာပါ ဖြစ်ပါတယ်။ night mode က ဘာကြောင့် အားကုန်သက်သာလဲဆိုရင် screen ကို အမည်းရောင် ထားထားတာဟာ screen ပေါ်မှာ ပုံရိပ်တွေကို ဖြစ်ပေါ်စေတဲ့ pixel တစ်ခုချင်းစီက အမည်းရောင် ဖြစ်နေတဲ့ နေရာတွေမှာ အလုပ်လုပ်စရာ မလိုတာကြောင့် ဖြစ်ပါတယ်။

theverge

ဒီအကြောင်းကိုတော့ Google က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ Android Dev Summit ပွဲမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဖုန်းရဲ့ screen တွေမှာ ဘယ်အရောင်ကို ဖွင့်သုံးထားရင် အားအကုန်ဆုံးဖြစ်မလဲဆိုတာကို အောက်ပါပုံမှာ မြင်ရတဲ့အတိုင်း ယှဉ်ပြသွားခဲ့ပါတယ်။

theverge

ပုံမှာ ပြထားတဲ့အတိုင်း အဖြူရောင်က power အစားဆုံး ဖြစ်နေပါတယ်။ ထိုအချက်ကြောင့် လူသုံးများတဲ့ app ကြီးတွေဖြစ်တဲ့ Youtube, Twitter စတဲ့ app တွေမှာဆို night mode တွေ ပြောင်းလဲအသုံးပြုလို့ရအောင် ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးကနေ အခုထက်ထိ Google apps တွေမှာ တွေ့ရတာကတော့ အဖြူရောင် နောက်ခံတွေပါ။ Google Search Engine, Google Translate, Google Maps အပါအဝင် Google ရဲ့ app များစွာမှာ အသုံးပြုထားတဲ့ အဓိကအရောင်က အဖြူရောင် ဖြစ်နေတာပါ။

READ
ATMs တွေကို ခြိမ်းခြောက်လာတဲ့ Malware အန္တရာယ်
theverge

ဒါပေမယ့် အခုဆိုရင်တော့ Google ကုမ္ပဏီကိုယ်တိုင်က သူတို့ ရွေးချယ်မှုမှားနေခဲ့ပြီး ဘယ်အရောင်က ဖုန်းအသုံးပြုမှုတွေအတွက်နဲ့ ဘက်ထရီအားတာရှည်ခံမှုအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ သဘောပေါက်သွားခဲ့ပါပြီ။ Google ရဲ့ update version တွေမှာ night mode ကို အသုံးပြုနိုင်ဖို့ စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် Google app တွေကို night mode နဲ့ သုံးလို့ရဖို့ မျှော်လင့်ထားလို့ ရနေပါပြီ။

Ref: The Verge

SHARE