အိန္ဒိယနိုင်ငံမှာ အမေရိကန်ဒေါ်လာ(၁၀)ဘီလီယံကျော် ရင်းနှီးမြှုပ်နှံတော့မယ့် Google

Pixabay-Simon

ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ Google ကုမ္ပဏီကတော့ လာမယ့် လေးငါးနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံတော့မှာဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒီလိုလာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုတာကလည်း အိန္ဒိယနိုင်ငံမှာရှိတဲ့ အင်တာနက် အသုံးပြုသူဦးရေ ဘီလီယံပေါင်းများစွာအတွက် ပိုကောင်းပြီး ပိုမိကောင်းမွန်တဲ့ ကွန်ယက်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ပါပဲ။

Pixabay-Simon

အိန္ဒိယနိုင်ငံဟာ အချိန်အနည်းငယ်အတွင်း ကမ္ဘာ့ဖွံ့ဖြိုးမှု အမြန်ဆုံးအင်တာနက် ဈေးကွက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလိုအချိန်တိုအတွင်းမှာ Amazon, Facebook, Netflix, Twitter, Google အစရှိတဲ့ ကုမ္ပဏီကြီးတွေက လာရောက်ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတာက နိုင်ငံရဲ့ စီးပွားရေးဖက်ကပဲဖြစ်ဖြစ်၊ ပြည်သူတွေရဲ့ အကျိုးဖက်က ကြည့်ရင်ပဲဖြစ်ဖြစ် ကြည့်မယ်ဆိုရင် အင်မတန်ကောင်းတဲ့ ကိစ္စပါပဲ။ အခုလို Google က လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ ကိစ္စမှာလည်း သူတို့ အကျိုးစီးပွားရေးကိစ္စတစ်ခုတည်းသာမက ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေပါ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အရေးတွေကိုလည်း ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

READ
PUBG ကစားကောင်းပြီး ရေအမှတ်နဲ့သောက်လိုက်တဲ့အရာကြောင့် သေဆုံးသွားခဲ့သူ
Pixabay-Devanath

“အိန္ဒိယနိုင်ငံရဲ့ အင်တာနက်ပန်းတိုင်က တော်တော်အလှမ်းဝေးပါသေးတယ်။ ဒါ့ကြောင့် ပန်းတိုင်ကို အမြန်ဆုံးရောက်အောင် ကျွန်တော်တို့ Google ဖက်ကနေပြီးတော့ အစစအရာရာ ကူညီပေးသွားမှာပါ။ မကြာသေးခင်အချိန်ကလည်း အိန္ဒိယဝန်ကြီးချုပ် Modi နဲ့ ဆွေးနွေးစရာကိစ္စတွေ တော်တော်များများ ဆွေးနွေးခဲ့ပြီးပါပြီ။ အစိုးရကိုယ်တိုင်ကလည်း ကျွန်တော်တို့ Google ဖက်ကနေပြီးတော့ အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဝင်ရောက်လာတာ ဝမ်းပန်းတသာ ကြိုဆိုပါတယ်”လို့ Google ရဲ့ CEO ဖြစ်သူ အိန္ဒိယနိုင်ငံသား Sundar Pichai က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE