၂၀၁၉ ခုနှစ်ထဲမှာ လူပြောအများဆုံးဖြစ်ခဲ့တဲ့ သတင်း(၁၀) ခုကို Google korea ဖေါ်ပြ

allkpop/soompi/twitter

Google korea ကတော့ ၂၀၁၉ ခုနှစ်မကုန်ခင်မှာ ယခုနှစ်ထဲ  အင်တာနက်ပေါ်မှာ ရှာဖွေမှုအများဆုံးနဲ့ လူပြောအများဆုံးဖြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အကြောင်းအရာ ၁၀ ခုကို ဖေါ်ပြပေးလိုက်ပြီဖြစ်ပါတယ်။ ဘယ်ကိစ္စတွေက လူတွေကြားမှာ စိတ်ဝင်စားမှုအများဆုံး ဖြစ်ခဲ့လဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Hangeul Day

Hangeul Day ကိုတော့ ဇန်နဝါရီလ ၁၅ ရက်နေ့တိုင်းမှာ ကျင်းပကြပြီး ယနေ့ အသုံးပြုနေတဲ့ ကိုရီးယားစာကို Sejongမင်းကြီးက  အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့တဲ့အကြောင်း ကြေငြာခဲ့တဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

youtube

AFC Asian Cup

2019 AFC Asian Cup ကိုတော့ United Arab Emirates မှာကျင်းပခဲ့ပြီး Qatar national football team ကရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကလည်း ဒီပြိုင်ပွဲအတွက် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြသခဲ့ပါတယ်။

Burning Sun

အဆိုတော် Seungri ပါဝင်ပတ်သတ်နေတယ်ဆိုပြီး နာမည်ကြီးလာခဲ့တဲ့ ဒီအမှုကိစ္စကနေ ပြည့်တန်ဆာ၊လောင်းကစား၊ တရားမဝင်ဆေးသုံးမှုတွေပါ ထွက်ပေါ်လာခဲ့ပြီး ဟိုလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ဒီအမှုကတော့ ယနေ့အထိလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

READ
ပရိသတ်တွေ မြန်မြန်ပြန်လာစေချင်တဲ့ စစ်သား အိုပါးစာရင်း..
koreaboo

Sulli’s passing

နာမည်ကျော် အဆိုတော်မလေး Sulli ကိုယ့်ကိုကိုယ် သေဆုံးသွားတဲ့အမှုကတော့ ကေပေါ့ အနုပညာလောကကို အတော်လေးရိုက်ခတ်ခဲ့ပါတယ်။

Typhoon Lingling

တိုက်ဖွန်း lingling ကတော့ စက်တင်ဘာ၇ ရက်နဲ့ ၈ ရက်တွေမှာ တောင်ကိုရီးယားကိုသာမက မြောက်ကိုရီးယားနိုင်ငံကိုပါ ဝင်ရောက်ခဲ့ပြီး လူသေဆုံးမှုတွေနဲ့ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။

Song Joong Ki and Song Hye Kyo

တောင်ကိုရီးယား အနုပညာလောကရဲ့ ကမ္ဘာကျော် သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ ကွာရှင်းပြတ်စဲမှုကတော့ ကောလဟာလတွေလည်း မျိုးစုံထွက်ခဲ့ပြီး ပရိသတ် စိတ်ဝင်စားခြင်းကို ရရှိခဲ့ပါတာ်။

Soompi

2019 FIFA Women’s World Cup

ဒီဘောလုံးပွဲကိုတော့ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး United States women’s national soccer team က ချန်ပီယံဖြစ်ခဲ့ပါတယ်။

Survey on school violence

တောင်ကိုရီးယားမှာတော့ ကျောင်းတွင်း အကြမ်းဖက်ခံရမှုနှုန်းက ၂၀၁၉ ခုနှစ်ထဲမှာ အတော်လေး မြင့်တတ်လာခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်ခံရမှု အများစုကိုတော အခြေခံပညာကျောင်းတွေမှာ တွေ့ရပါတယ်။

READ
အတူအိပ်ဖူးတယ်ဆိုတဲ့ Harvey ရဲ့ အပြောကို Jennifer Lawrence တုံ့ပြန်

Hwaseong serial killings

၁၉၈၆ ကနေ ၁၉၉၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ အဓ္ဓမပြုကျင့်တဲ့ အမှုပေါင်း ၃၀ ကျော်ကို ကျူးလွန်ခဲ့တဲ့အပြင် လူ၁၄ ယောက်ကို သတ်ခဲ့တဲ့ ကွင်းဆက် လူသတ်သမား Lee Choon-jae ကတော့ ၂၀၁၉ ခုနှစ်မှာ သူရဲ့ ပြစ်မှုတွေကို ဝန်ခံလာပါတယ်။ Lee Choon-jae ကတော့ အမှုတွေလည်းပိတ်သွားပြီဖြစ်ပြီး ပြစ်ဒဏ်ပေးရမယ့် ကာလလည်း ကျော်လွန်သွားပြီဖြစ်တာကြောင့် အခုလို ဖွင့်ပြောလာပုံပါပဲ။ ဒါပေမဲ့ DNA သက်သေတွေကြောင့် Lee Choon-jae ကတော့ တစ်သက်တစ်ကျွန်းထောင်ဒဏ် ကျသွားခဲ့ပါတယ်။

The Korea Herald

General Security of Military Information Agreement (GSOMIA)

ဒါကတော့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ စစ်ရေး သဘောတူညီချက်တစ်ခုဖြစ်ပါတယ်။

Source: Soompi

SHARE