သြစီမှာ စတင်လိုက်ပြီဖြစ်တဲ့ Google ရဲ့ drone တွေနဲ့ delivery လိုက်ပို့တဲ့စနစ်

Google ကုမ္ပဏီက သူ့ရဲ့ drone delivery service ကို သြစတေးလျနိုင်ငံမှာ ရနိုင်တော့မှာ ဖြစ်ကြောင်း ဧပြီလ ၉ ရက်နေ့က ကြေညာလိုက်ပါတယ်။

Google ရဲ့ ပင်မကုမ္ပဏီ Alphabet Inc က ပိုင်တဲ့ နည်းပညာကုမ္ပဏီ Wing ကနေ ယခုလို drone တွေနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို အဓိကတာဝန်ယူ လုပ်ဆောင်မှာဖြစ်ပြီး သြစတေးလျမြို့တော် ကန်ဘာရာရဲ့ မြို့နယ်တွေမှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

The Verge

ကန်ဘာရာမြို့တော်ထဲက ဖရန်ကလင်၊ ကရေ့စ်နဲ့ ပါမာစတန်မြို့နယ်တွေမှာ ဒေသခံတွေ အော်ဒါမှာတဲ့ အစားအစာ၊ ပစ္စည်းတွေကို drone နဲ့ delivery စပို့မှာဖြစ်ပြီး နောက်လအနည်းငယ်အတွင်းမှာ မြို့နယ် ၂ ခုကို ထပ်ဖြည့်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

READ
ဆယ်စုနှစ်အတွင်းမှာ အားလပ်ရက်အတွက် လကမ္ဘာခရီးစဉ် ပျံသန်းပြေးဆွဲမည်ဟုသိရ

Drone နဲ့ delivery လိုက်ပို့တဲ့ ဒီဝန်ဆောင်မှုကတော့ ကနဦးမှာ အိမ်ခြေပေါင်း ၁၀၀ ကိုသာ ပို့ဖို့ စီစဉ်ထားပြီး ဝန်ဆောင်မှု စတင်တဲ့ ပထမဆုံး ၃ လမှာ ပို့ဆောင်ခ အခမဲ့ဖြစ်ပါတယ်။ Drone တွေဟာ လူတွေနဲ့ တိရိစ္ဆာန်တွေအပေါ် ပျက်ကျတတ်တာကြောင့် အန္တရာယ်များနိုင်ချေရှိတဲ့ ဝန်ဆောင်မှုဖြစ်လာမလားဆိုတဲ့ မေးခွန်းတွေကိုတော့ ပို့တဲ့ ပစ္စည်းတွေကို drone တွေက မြေပြင်ပေါ် ဆင်းပြီး ချမှာမဟုတ်ဘဲ ကြိုးနဲ့လှမ်းချမှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိကြောင်း Google က ဖြေဆိုထားပါတယ်။

Domino’s

Drone နဲ့ delivery ပို့တဲ့ ဝန်ဆောင်မှုကိုတော့ ၂၀၁၃ ခုနှစ်မှာ Amazon က စတင်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတဝန်း ထိုဝန်ဆောင်မှုကို ရရှိနေပြီး အောင်မြင်တဲ့ လုပ်ငန်းအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။

အကြီးမားဆုံး drone delivery လုပ်ငန်းကတော့ အမေရိကန်နည်းပညာမြို့တော် Sillicon Valley အခြေစိုက် Zipline ကုမ္ပဏီရဲ့ drone delivery ဝန်ဆောင်မှုဖြစ်ပါတယ်။ ထိုလုပ်ငန်းက ဆေးပစ္စည်းတွေကို drone နဲ့ လိုက်ပို့ပေးတာပါ။ ၂၀၁၆ ခုနှစ်ကနေ ယခုထိ ပို့ဆောင်မှုပေါင်း ၁၂,၀၀၀ ကိုတောင် လုပ်ပြီးပြီလို့လည်း သိရပါတယ်။

READ
ဖုန်းကပေးတဲ့ လူမှုရေးဆိုးကျိုးများ

Ref: Dailymail, The Verge, BBC

 

SHARE