ထိုင်ဝမ်ရဲ့ ထိပ်တန်းလျှို့ဝှက်စခန်းကို အမှတ်မထင် ဖော်ပြမိလိုက်တဲ့ Google Map

Google map ဟာ တစ်ကမ္ဘာလုံးရဲ့ လမ်းကြိုလမ်းကြားတိုင်းကို ဖော်ပြပေးတဲ့ မြေပုံပြ application တစ်ခုဖြစ်ပါတယ်။ မြေပုံသာမက အပေါ်စီးမှကြည့်လျှင် အပြင်မှာတကယ်မြင်တွေ့ရတဲ့ 3D ပုံစံမျိုးနဲ့ ဖော်ပြပေးနိုင်ပါတယ်။

ဒါကြောင့်မို့လို့လည်း နိုင်ငံကတာမှ စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေ၊ စစ်ခန်းတွေနဲ့ လျှို့ဝှက်စခန်းတွေကို Google map ရဲ့အကူအညီနဲ့မြေပုံပေါ်မှာ မပေါ်အောင် ဖျောက်ထားကြတာပဲဖြစ်ပါတယ်။

Google Map

သို့ပေမယ့် ၂၀၁၉ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာတော့ Google map ရဲ့ navigational application မှ ထိုင်ဝမ်မှာရှိတဲ့ လျှို့ဝှက်စစ်စခန်းတစ်ခုရဲ့ အပေါ်စီးမှ 3D ပုံရိပ်များကို အရှိကိုအရှိအတိုင်း မြေပုံပေါ်မှာ ပေါ်စေခဲ့ပါတယ်။

Google Map

ဒီလိုမျိုးကိစ္စတွေအပါအဝင် အခြားသော လူသိပ်မသိသေးတဲ့ အံ့သြပြီးထူးဆန်းတဲ့နေရာတွေကို မြေပုံမှာပေါ်စေနိုင်ခဲ့တာကြောင့် ထိုင်ဝမ်တို့ တရုတ်နိုင်ငံတို့မှာ googleနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ application တွေတော်တော်များများကို အသုံးပြုခွင့်ပိတ်ပင်ထားကြတာပါ။

READ
မိနစ် 20 သာ ကြာမြင့်တော့မယ့် လန်ဒန်နဲ့နယူးယော့ခ် လေလိုင်းခရီးစဉ်
Google Map

မြေပုံပေါ်မှာပေါ်လာတဲ့ 3D ပုံရိပ်တွေအရ လျှို့ဝှက်စစ်စခန်းဟာ လက်နှက်ကြီး ဒုံးကျဉ်တွေထားထားတဲ့ missile base ဖြစ်ကြောင်း သိုရပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက Google map မှ ချပြလိုက်တဲ့ ပုံတွေထဲ ထိုင်ဝမ်မှ ထိုင်ပေမြို့၊ New Taipei မြို့၊ Taoyuan နဲ့ Tichung မြို့တို့ရဲ့ ပုံရိပ်တွေပါနေပါတယ်။ အဲဒီအထဲကမှ ထိုင်ဝမ်ရဲ့ ဒုံးကျည်လျှို့ဝှက်တပ်စခန်းနေရာပါ ညှပ်ပါသွားတာပဲဖြစ်ပါတယ်။

Google Map

ထိုင်ဝမ်ဟာ တရုတ်ပြည်မှ ခွဲထွက်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံလေးဖြစ်ပေမယ့် ဘေကျင်းရဲ့ဖိနှိပ်မှုတွေကို ခံနေရတဲ့အတွက် သူတို့ရဲ့လက်နှက်အင်အားကို လျှို့ဝှက်ထားချင်ဟန်ပေါ်ပါတယ်။ ဒါကြောင့်လည်း ဒီလိုမျိုး လျှို့ဝှက်စခန်းကြီးတစ်ခုလုံး ပေါ်ပေါက်သွားတဲ့အခါ ထိုင်ဝမ်ဖက်မှ အရမ်းကိုတုန်လှုပ်ခြောက်ခြားခဲ့တာပါ။

Google Map

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်ဝမ်မှ Google Map ကို တရားဆွဲဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

READ
တစ်ခြားယောက်ျားနဲ့ ဖောက်ပြန်တဲ့ချစ်သူကို အမှိုက်ပုံးထဲပစ်ထည့်ခဲ့သူ

 

Source: Lad Bible, Insider

Penny

 

SHARE