Google Map က ဖုန်းနဲ့ချိတ်ဆက်ပြီး မြေပုံသွားလမ်းညွှန်လုပ်ဆောင်ချက်အသစ် ဖန်တီး

Google Map ဟာလမ်းကြောင်းရှာဖွေတဲ့သူတွေပိုမိုလွယ်ကူအဆင်ပြေစေဖို့အတွက် ၃၆၀ ဒီဂရီမြင်နေရတဲ့မြေပုံမှာ  လမ်းကြောင်းနေရာတွေကို 3D နဲ့ညွှန်ပြပေးမယ့် လုပ်ဆောင်ချက်အသစ်ကိုထပ်မံဖြည့်သွင်းထားပါတယ်။ လူသွားလမ်းညွှန်တွေ၊ ကိုယ်စိတ်ဝင်စားမှုအလိုက်သွားချင်တဲ့တည်နေရာညွှန်ပြပေးမယ့်လုပ်ဆောင်ချက်တွေ၊ လမ်းပျောက်တဲ့အခါညွှန်ပြပေးနိုင်မယ့် ပိုကီမွန်ဂိုးထဲကလိုလမ်းညွှန်တိရစ္ဆာန်လေးတွေနဲ့ လုပ်ဆောင်ချက်မျိုးကို ဖန်တီးထားမှာဖြစ်ပါတယ်။

စမတ်ဖုန်းထဲမှာရှိတဲ့ကင်မရာမြင်ကွင်းကို Google ရဲ့လမ်းပြမြင်ကွင်း၊ GPS ရရှိနိုင်တဲ့မြေပုံ app တွေနဲ့ချိတ်ဆက်ထားပါတယ်။ ဒါကြောင့်မို့လမ်းရှာချင်တယ်ဆိုရင်စမတ်ဖုန်းကကင်မရာကိုဖွင့်ပြီး ကင်မရာထဲမှာပေါ်လာတဲ့ 3D လမ်းညွှန်ချက်တွေနောက်လိုက်ပြီးသွားရုံပါပဲ။

အရင်တုန်းကတော့ နေရာအသစ်တစ်ခုရှာမယ်ဆိုရင် လမ်းညွှန်ချက်တွေရပြီးကိုယ်ကလည်းလမ်းပြမြေပုံအတိုင်းလိုက်သွားပါတယ်။ ကိုယ်ရောက်ချင်တဲ့နေရာနားလည်းရောက်နေပြီ၊ မြေပုံထဲမှာလမ်းပြအပြာရောင်တည်နေရာ အမှတ်အသားလေးနဲ့လည်းနီးလာပြီ။ ဒါပေမယ့်ရောက်ချင်တဲ့နေရာကိုချက်ချင်းမတွေ့နိုင်ပဲ တ၀ဲလည်လည်ဖြစ်နေတာမျိုးတွေရှိပါတယ်။

ဒါပေမယ့်အခုအခါမှာတော့ Google ရဲ့ 3D လမ်းပြသင်္ကေတမြားတွေ၊ အမှတ်အသားတွေနဲ့ ကိုယ်သွားချင်တဲ့နေရာကိုမဆိုင်းမတွပဲရောက်ရှိစေမှာဖြစ်ပါတယ်။ Google map ထဲမှာအားဖြည့်ထားတဲ့ 3D လုပ်ဆောင်ချက်အသစ်က လက်ရှိမှာတော့ ဘယ်ဖုန်းအမျိုးအစားတွေမှာရနိုင်မလဲ၊ update ဘယ်တော့လောက်ရမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

READ
အမျိုးသမီးတွေ မညံ့ကြောင်း သက်သေပြနေတဲ့ စွမ်းအင်ဝန်ကြီး Yeo Bee Yin

ဒါ့အပြင် Google map ထဲမှာ ကိုယ်နှစ်သက်ရာစားသောက်ဆိုင်၊ မကြာခဏသွားလေ့ရှိတဲ့နေရာတွေကိုစုစည်းပေးထားတဲ့ “For You” လုပ်ဆောင်ချက်လည်းပါဝယ့်အပြင် သွားမယ့်နေရာတွေကိုမျှဝေနိုင်မယ့် သူငယ်ချင်းတွေနဲ့ လုပ်ဆောင်ချက်အသစ်တွေလည်းပါဝင်လာမယ်လို့သိရပါတယ်။

လင်းလင်း (ShweMom)

Ref: TheSun

SHARE